Sunday, May 5, 2019

ရွှေပေါက်ကံမြို့သစ် တောင်ငူလမ်းပြုပြင်ပေးရန်နှင့် ပြေးဆွဲနေသော YBS ယာဉ်များ ယာဉ်စီးရေပြည့် ပုံမှန်ပြေးဆွဲပေးစေလို



Image may contain: plant, outdoor, water and nature
ထင်သာမြင်သာပြုပြင်စရာ




ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ မြို့နယ် ရွှေပေါက်ကံမြို့သစ်ရှိ အမှတ် ၁၆ ၊ ၁၇ ၊ ၁၅ ၊ ၂၀ ရပ်ကွက်များမှ ပြည်သူ များ နေ့စဉ်သွားလာ အသုံးပြုနေသည့် တောင်ငူလမ်းမှာ နှစ်ပေါင်းများစွာကပင် အကြီးစား ပြုပြင်မှုမရှိဘဲ တစ်နှစ်ပတ် လုံး ဆိုးရွားစွာ ပျက်စီးနေသည်။
အဆိုပါလမ်းပေါ်၌ သွားလာနေရ သော ပြည်သူများ အခက်အခဲဖြစ်နေ သည့်အပြင့်YBS (16) (အနီ) ယာဉ် များမှာလည်း သွားလာရာတွင် ယာဉ် အောက်ပိုင်းပျက်စီးမှုများဖြစ်ပေါ်လာ ပြီး ယာဉ်များပြေးဆွဲမှု မရှိသလောက် နည်းလာသည့်အတွက် ရပ်ကွက်နေ ပြည်သူများ အခက်အခဲဖြစ်ပေါ်နေ ကြရသည်။
အဆိုပါ တောင်ငူလမ်းသည် လွန်ခဲ့သော ဆယ်စုနှစ်ကျော်ကတည်းက အမှတ်(၈၁) (ဒိုင်နာ)၊ အမှတ်(၁၀၃)၊ (၁၀၈) မီနီဘတ်စ်ယာဉ်များ ပြေးဆွဲခဲ့ သော်လည်း ယခုကဲ့သို့ လမ်းပျက်စီးမှု များ နှစ်စဉ်ဖြစ်ပေါ်ခဲ့မှုကြောင့် ယာဉ်များ တစ်စတစ်စ ပြေးဆွဲမှုလျော့နည်းလာ ကာ ယာဉ်လိုင်းပါပျောက်သွားသည့် ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ဖူးသည်။
ထိုကဲ့သို့သော ဖြစ်စဉ်မျိုး ယခုအခါ ထပ်မံမဖြစ်ပေါ်စေရန်အတွက် သက်ဆိုင် ရာ ဌာနအဖွဲ့အစည်းများက ပျက်စီး နေသော တောင်ငူလမ်းကို အမြန် ဆုံးပြုပြင်ပေးရန်နှင့် အဆိုပါ လမ်းပေါ်၌ ပြေးဆွဲနေသည့် YBS (16) (အနီ) ယာဉ်များ ပြေးဆွဲမှု လျော့နည်းမှု မရှိ စေရန်၊ ယာဉ်အစီးရေပြည့်နှင့် အချိန် ပြည့်ပြေးဆွဲနိုင်ရန်အတွက် စိစစ်ကြပ် မတ်ပေးပါရန် ဒေသခံများက လိုလား လျက်ရှိကြောင်း သိရသည်။
ရွှေပေါက်ကံသား

No comments:

Post a Comment