Friday, May 24, 2019

မြန်မာနိုင်ငံအစိုးရမှ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် UNHCR မှ ကူညီပံ့ပိုးပေးနိုင်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေး


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးအား လက်ခံတွေ့ဆုံ


နေပြည်တော် မေ ၂၃

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီး Mr. Filippo Grandi ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံအစိုးရ၊ ကုလသမဂ္ဂ ဖွံ့ဖြိုး မှုအစီအစဉ် (UNDP)နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) တို့အကြား ၂၀၁၈ ခုနှစ် ဇွန် ၆ ရက်က လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာ သက်တမ်းတိုးမြှင့်ရေး၊ နားလည်မှုစာချွန်လွှာအရ အသိုက်အဝန်းအခြေပြု စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ ထိုင်း-မြန်မာ နယ်စပ်ရှိ ယာယီစခန်းများတွင် နေထိုင်လျက်ရှိသည့် မိမိဆန္ဒအလျောက် နေရပ် ပြန်လိုသူ မြန်မာနိုင်ငံသားများကိစ္စ၊ မြန်မာနိုင်ငံအစိုးရမှ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် UNHCR)
မှ ကူညီပံ့ပိုးပေးနိုင် မည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။


သတင်းစဉ်

No comments:

Post a Comment