Thursday, May 23, 2019

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ နည်းဥပဒေရေးဆွဲနိုင်ရန်အတွက် ပြင်ဆင်သုံးသပ်ရေးနှင့် နည်းဥပဒေရေးဆွဲရေးကော်မတီ၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ


Image may contain: 3 people, people sitting and indoor


နေပြည်တော် မေ ၂၂
ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဆိုင်ရာ နည်းဥပဒေရေးဆွဲနိုင်ရန်အတွက် ပြင်ဆင်သုံးသပ်ရေးနှင့် နည်းဥပဒေ ရေးဆွဲရေးကော်မတီ၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်သှူလွှတ်တော် ဥပဒေကြမ်းကော်မတီ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင် စုရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံ ရှေ့နေ များကွန်ရက်နှင့် မြန်မာနိုင်ငံ ရုပ်မြင် သံကြားနှင့် အသံထုတ်လွှင့်သူများ အသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


ကြိုးပမ်းဆောင်ရွက်
အစည်းအဝေးတွင် ပြင်ဆင်သုံးသပ် ရေးနှင့် နည်းဥပဒေရေးဆွဲရေးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ယနေ့အစည်းအဝေးသည် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဆိုင်ရာ နည်းဥပဒေရေးဆွဲနိုင်ရန်အတွက် တတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ဖြစ်ပါကြောင်း၊ ဥပဒေရေးဆွဲပြီး ဖြစ်သည့်အတွက် နည်းဥပဒေဆက်လက် ပေါ်ထွက်ရေးကို အချိန်တိုတိုနှင့် အကောင်းဆုံးဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။


အကြံပြုဆွေးနွေး
ထို့နောက် တက်ရောက်လာကြ သူများက ရုပ်မြင်သံကြားနှင့် အသံ ထုတ်လွှင့်ခြင်းဆိုင်ရာ နည်းဥပဒေကို တစ်ပိုဒ်ချင်း ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ ကြသည်။
သတင်းစဉ်

No comments:

Post a Comment