Tuesday, May 7, 2019

NRPC နှင့် KNPP ညှိနှိုင်းအစည်းအဝေး သဘောတူညီချက်များရရှိ KNPP နှင့်NCA လက်မှတ်ရေးထိုးနိုင်ရေး မေလကုန်တွင် နေပြည်တော်၌ ထပ်မံတွေ့ဆုံမည်

Image may contain: one or more people, people on stage and people sitting

လွိုင်ကော်  မေ  ၆

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၊ ကယားပြည်နယ် အစိုးရအဖွဲ့နှင့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)တို့၏   ညှိနှိုင်း အစည်းအဝေးတွင်  အချိန်ယူဆွေးနွေးနိုင်၍  သဘော တူညီချက်များရရှိခဲ့ကြောင်း ငြိမ်းချမ်းရေးကော်မရှင် အကြံပေး ဦးလှမောင်ရွှေထံမှ သိရသည်။

NRPC ကိုယ်စားလှယ်အဖွဲ့ ၊ ကယားပြည်နယ်အစိုးရ နှင့် KNPP တို့၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ပိုင်းက ကယားပြည်နယ် လွိုင်ကော်မြို့ရှိ Famous Hotel တွင် ကျင်းပခဲ့သည်။

သဘောတူ

သဘောတူညီချက်များအဖြစ်   ကယားပြည်နယ် အစိုးရ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့်  ပြည်နယ်အဆင့် လစဉ်ပုံမှန် အစည်းအဝေးကျင်းပခြင်း ဆိုင်ရာ လုပ်ငန်းလမ်းòန်ကိုအတည်ပြုခြင်း၊ KNPP အနေဖြင့် ဆောင်ရွက်လိုသည့်  စီးပွားရေးနှင့်  ဖွံ့ဖြိုး တိုးတက်ရေးကိစ္စများကို  ပြည်နယ်အစိုးရနှင့် ငြိမ်းချမ်းရေး ကော်မရှင်တို့မှတစ်ဆင့်   အဆိုပြုတင်ပြရန်၊  KNPP အနေဖြင့် ဒေသဖွံ့ဖြိုးရေးနှင့်စပ်လျဉ်း၍  ပူးပေါင်းဆောင်ရွက် လိုသည့်  ကိစ္စရပ်များအား  ငြိမ်းချမ်းရေးကော်မရှင်သို့ ဆက်သွယ်ဆောင်ရွက်ရန်၊ ပြည်နယ်မှဆောင်ရွက်မည့် ကျန်းမာရေးနှင့်စပ်လျဉ်းသည့်အရာများကို   အသေးစိတ် ဆွေးနွေးရန်နှင့်  Education  Seminar ကျင်းပ ပြုလုပ်ရေးအပါအဝင် ပညာရေးနှင့်စပ်လျဉ်း၍ ပြည်နယ် အဆင့်  ပုံမှန်အစည်းအဝေးများတွင်  ဆွေးနွေးရန်နှင့်      ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို   သဘော တူညီခဲ့ကြကြောင်း သိရသည်။

ယုံကြည်မှုတည်ဆောက်

"၂၀၁၉ မတ်လတုန်းက နေပြည်တော်မှာ  လုပ်ခဲ့တဲ့ အစည်းအဝေး နောက်ဆက်တွဲ အကြောင်းအရာတွေကို အဓိက ဆွေးနွေးဖြစ်တယ်။ သူတို့ KNPP ဘက်ကလည်း ၁၁ ယောက်လောက်လာပြီး  အချိန်ယူ  ဆွေးနွေးတော့  တော်တော်လေးကျေနပ်တယ်။  အားရတယ်။ NCA ကို ဘယ်တော့ထိုးနိုင်မှန်းမသိပေမယ့်      ယုံကြည်မှုကို တည်ဆောက်နိုင်ရင်  အမြန်ဆုံးထိုးနိုင်မှာပါ။   တပ်ပိုင်း ဆိုင်ရာကတော့ လွိုင်ကော်ဒေသကွပ်ကဲရေးမှူး တက်တယ်။    အဲဒါကတော့     သီးခြားဆွေးနွေးမှာ။ နေပြည်တော်မှာလည်း သူတို့လာဆွေးနွေးဦးမှာ။ ယုံကြည်မှု တည်ဆောက်တာက တော့ အဓိကပါပဲ" ဟု ငြိမ်းချမ်းရေးကော်မရှင် အကြံပေး ဦးလှမောင်ရွှေက ပြောသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(Nationwide   Ceasefire  Agreement-NCA) လက်မှတ်ရေးထိုးနိုင်ရေးအတွက်  အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့်  ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)တို့    သည် ယခု မေလ နောက်ဆုံးပတ်တွင် တွေ့ဆုံကြမည်ဖြစ် သည်။

ဦးလှမောင်ရွှေက " NCA စာချုပ် လက်မှတ်ရေးထိုး နိုင်ရေးအတွက်   ကျွန်တော်တို့  NRPC နဲ့ KNPP နေပြည်တော်မှာ တွေ့ဖို့ရှိပါတယ်။ ဒီလမကုန်ခင် တွေ့ဖို့ တော့ ကျွန်တော်တို့က ပြောထားပါတယ်"ဟု ဆိုသည်။

သီးခြားဆွေးနွေး

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ  (KNPP) ဒုတိယဥက္ကဋ္ဌ ခူဦးရယ်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်မရေးထိုးခင်အချိန် တွင် ပြည်နယ်အတွင်း တည်ရှိနေသည့် အခြေအနေအပေါ်  KNPP ဘက်မှ   ပူးပေါင်းဆောင်ရွက်နိုင်သည့်  လုပ်ငန်း အချို့တွင် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပြီး တပ်ပိုင်း ဆိုင်ရာကိစ္စကို တပ်ပိုင်းဆိုင်ရာအကြီးအကဲများနှင့်  သီးခြား ဆွေးနွေးသွားရန်   စဉ်းစားထားကြောင်း  အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

ယနေ့အစည်းအဝေးသို့ အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ကိုယ်စားလှယ် ခေါင်းဆောင်အဖြစ် ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း)နှင့်    အဖွဲ့ဝင်များ၊ ကယားပြည်နယ်ဝန်ကြီးချုပ်    ဦးအယ်လ်ဖောင်းရှိုနှင့် ပြည်နယ်ဝန်ကြီးများ၊   လွိုင်ကော်ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် မျိုးသန့်နိုင်နှင့် တာဝန်ရှိသူများတက်ရောက် ခဲ့ကြပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ခေါင်းဆောင်အဖြစ် KNPP ဒုတိယဥက္ကဋ္ဌ ခူဦးရယ်နှင့် အမြဲတမ်းဗဟိုကော်မတီဝင်များ၊ ဗဟိုကော်မတီဝင်များနှင့် အရန်ဗဟိုကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။ 

သတင်း-ရဲခေါင်ညွန့်၊ ဓာတ်ပုံ-HMS

No comments:

Post a Comment