Tuesday, May 7, 2019

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ပြန်လည်ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

Image may contain: 2 people, people sitting, crowd, table and indoor

နေပြည်တော်  မေ  ၆

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ  အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)  သုဝဏ္ဏ ပတ္တမြားခန်းမ၌    ကျင်းပသော  မြန်မာနိုင်ငံအိုလံပစ် ကော်မတီပြန်လည်ဖွဲ့စည်းရေး  ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

အကြံဉာဏ်များရယူဆောင်ရွက်

ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီ ဥက္ကဋ္ဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးကဏ္ဍတွင်  ကုသရေးဆိုင်ရာနှင့်  တိုင်းရင်းဆေးပညာဆိုင်ရာ၊ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အကြံပေးအဖွဲ့များ ဖွဲ့စည်းထားရှိ ကာ  အကြံဉာဏ်များ ရယူဆောင်ရွက်လျက်ရှိသကဲ့သို့ အားကစားကဏ္ဍတွင်လည်း   မြန်မာနိုင်ငံ    အိုလံပစ် ကော်မတီကိုဖွဲ့စည်းကာ မြန်မာနိုင်ငံအားကစားလောက ကြီးတစ်ခုလုံး ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံ ဉာဏ်များ ရယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

ကော်မတီဖွဲ့စည်းရာတွင် အားကစားနည်းအမျိုးမျိုးမှ အဖွဲ့ချုပ်များ၏ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ တာဝန်ရှိသူ များ ပါဝင်ဖွဲ့စည်းသွားမည်ဖြစ်ပြီး ကော်မတီဝင်များအနေ ဖြင့်  အားကစားလောက  ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို မိမိကိုယ်ပိုင်အရေးကိစ္စကဲ့သို့ သတ်မှတ် ကာ ထူးချွန်ထက်မြက်သော  မျိုးဆက်သစ်အားကစား သမားများ မွေးထုတ်နိုင်ရေး၊ အားကစားနည်းအမျိုးမျိုး အောင်နိုင်ရေး၊ ပြည်သူများ ကိုယ်လက်လှုပ်ရှားအားကစား ကို စိတ်ပါဝင်စားဆောင်ရွက်ကြရာမှ ကျန်းမာသန်စွမ်းရေး စသည့် ကိစ္စရပ်များအတွက် အကြံဉာဏ်များ ပေးအပ်သွား ကြရန်ဖြစ်ပါကြောင်း။

အားကစားနှင့်    ကာယပညာသိပ္ပံကျောင်းများမှ အားကစားသမားများအားလုံးတွင် မူးယစ်ဆေးဝါး၊ တားမြစ် ဆေးဝါး၊ အရက်၊ ကွမ်းယာ၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး ကင်းစင်ရေးကို အထူးအလေးထား ကြပ်မတ်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊  ဝန်ကြီးဌာနအနေဖြင့် အားကစား အောင်နိုင်ရေး၊ ကျန်းမာသန်စွမ်းရေးတို့အတွက် အရေး ကြီးသည့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ဦးစား ပေးသတ်မှတ်ဆောင်ရွက်လျက်ရှိပြီး ပညာရေးဝန်ကြီးဌာန နှင့်ပူးပေါင်း၍       ကျောင်းနေအရွယ်ကလေးငယ်များ အာဟာရဖွံ့ဖြိုးရေးအပါအဝင်     ကျောင်းကျန်းမာရေး လုပ်ငန်းများ ပိုမိုကောင်းမွန်တိုးတက်ရေး နှီးနှောဆွေးနွေး ဖလှယ်ပွဲကြီးတစ်ခု  ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါ      ကြောင်း၊ အားကစားအောင်နိုင်ရေးအတွက် ကိုယ်ကာယ ပိုင်းတွင်သာမက  စိတ်ပိုင်းဆိုင်ရာပါ အရေးကြီးသဖြင့် အားကစားဆိုင်ရာ စိတ်ပညာကိုလည်း အလေးထားဆောင် ရွက်ကြရမည်ဖြစ်ပါကြောင်း။

နိုင်ငံတကာအားကစားပြိုင်ပွဲများမှ     အောင်ပွဲရ အားကစားသမားများ၏ဘ၀  အနာဂတ်ခိုင်မာစေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေခြင်းနှင့်  ရာထူး တိုးမြှင့်ပေးခြင်း၊ ဆုကြေးငွေများတိုးမြှင့်ချီးမြှင့်ခြင်း စသည် တို့ကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အားကစား နည်းပြများ၏ အရည်အသွေးတိုးတက်မြင့်မားရေးကိစ္စရပ် များကိုလည်း မူဘောင်ချမှတ်ကာ မဟာဗျူဟာရေးဆွဲ၍ ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း။

တိုင်းဒေသကြီး/ပြည်နယ်အဆင့် ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲများကို  ကျင်းပရေးနှင့် နောက်အဆင့် အနေဖြင့် အမျိုးသားအဆင့် ကျောင်းပေါင်းစုံအားကစား ပြိုင်ပွဲများ  ကျင်းပနိုင်ရေးအတွက် အကြံပြုချက်များကို လည်း  ပေးအပ်စေလိုပါကြောင်း၊ မြန်မာနိုင်ငံအိုလံပစ် ကော်မတီကို ဖွဲ့စည်းပြီးနောက် ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းစုစည်းညီညာစွာဖြင့်  မြန်မာနိုင်ငံ အားကစား လောကကြီးတစ်ခုလုံး  ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်စေရေး အတွက် အကြံပြုချက်များပေးအပ်ခြင်းနှင့်  လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်သွားရန်ဖြစ်ပါကြောင်း ပြောကြားသည်။

ရှင်းလင်းပြောကြား

ဆက်လက်၍ မြန်မာနိုင်ငံအိုလံပစ်ကောင်စီ အတွင်း ရေးမှူး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး  ဒေါက်တာမြလေးစိန်က မြန်မာနိုင်ငံအိုလံပစ်  ကော်မတီပြန်လည်ဖွဲ့စည်းခြင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က (၃၀) ကြိမ်မြောက် အရှေ့တောင်အာရှ   အားကစားပြိုင်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အားကစားအဖွဲ့ချုပ် ၄၂ ဖွဲ့မှ ဥက္ကဋ္ဌများနှင့် ကိုယ်စား လှယ်များက မြန်မာနိုင်ငံ  အိုလံပစ်ကော်မတီပြန်လည် ဖွဲ့စည်းရေးနှင့် (၃၀) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်နိုင်ရေးတို့အတွက် အဖွဲ့ချုပ် တစ်ခုချင်းစီအလိုက် တင်ပြမှုနှင့် ဘက်စုံအကြံပြုဆွေးနွေး မှုများပြုလုပ်ခဲ့ရာ   ပြည်ထောင်စုဝန်ကြီးက ပြန်လည် ဆွေးနွေးသည်။

သတင်းစဉ်

No comments:

Post a Comment