Friday, May 3, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာအိုပြည်သှူတပ်မတော်၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲအား လက်ခံတွေ့ဆုံ
Image may contain: 2 people, indoor
နေပြည်တော် မေ ၂
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လာအိုပြည်သှူတပ်မတော်၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ Major General Pasith Thiengthamအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။ (ယာပုံ)
ထိုသို့တွေ့ဆုံစဉ် မြန်မာ-လာအို နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်နိုင်မှု၊ မြန်မာနိုင်ငံ၏ ပိုင်နက်နယ်မြေကို အခြေပြု၍ အိမ်နီးချင်းနိုင်ငံများ၏ အကျိုးစီးပွားနှင့် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်အောင်လုပ်ဆောင်မည့်အ¸အစည်း၊ လုပ်ရပ်မှန်သမျှကို လုံးဝခွင့်ပြုမည် မဟုတ်ဘဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်နှင့်အညီ ရပ်တည် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ တပ်မတော်အကြီးအကဲများ ချစ်ကြည်ရေးခရီး အပြန်အလှန်သွားရောက်နိုင်မှု၊ မဲခေါင်မြစ် လုံခြုံရေး အပါအဝင် နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေးနှင့် မူးယစ်ဆေးဝါး ကာကွယ် တားဆီးနှိမ်နင်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှု၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး အတွက် နှစ်ဖက်သတင်းဖလှယ်ရေးကိစ္စရပ်များ၊ ထေရဝါဒဗုဒ္ဓဘာသာ တည်တံ့ ပြန့်ပွားရေးအတွက် သံဃာတော်များ အပြန်အလှန် သာသနာတော်ထွန်းကား ပြန့်ပွားရေးခရီးစဉ်များဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံမှ စာချသံဃာတော်များ လာအိုနိုင်ငံသို့ ပင့်ဖိတ်နိုင်ရေး၊ သာသနာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်မည့်အခြေအနေ၊ တပ်မတော်ယဉ်ကျေးမှုအ¸၊ ဆေးအ¸၊ အားကစား အ¸များနှင့် အောက်ခြေအဆင့် ချစ်ကြည်ရေးကိုယ်စားလှယ်အ¸များ အပြန် အလှန် စေလွှတ်ရေးဆိုင်ရာကိစ္စရပ်များနှင့် ရေတပ်၊ လေတပ်ဆိုင်ရာ နည်းပညာရပ်များ အပြန်အလှန် ဖလှယ်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ သတင်းစဉ်

Like
CommentShare
Comments
Write a comment...

No comments:

Post a Comment