Friday, May 3, 2019

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
လာအိုပြည်သှူတပ်မတော်၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲအား ဂုဏ်ပြုတပ်¸ဖြင့် ကြိုဆို
Image may contain: one or more people, people standing and outdoor
နေပြည်တော် မေ ၂
ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်သို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော လာအိုပြည်သှူ တပ်မတော်၊ စစ်ဦးစီးဌာန ဒုတိယ အကြီးအကဲ Major General Pasith Thiengtham အား ဂုဏ်ပြု တပ်¸ဖြင့် ကြိုဆိုသည့်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပသည်။
ရှေးဦးစွာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းနှင့် လာအိုပြည်သှူ တပ်မတော်၊ စစ်ဦးစီးဌာန ဒုတိယ အကြီးအကဲ Major General Pasith Thiengtham တို့သည် ဂုဏ်ပြုတပ်¸၏ အလေးပြုခြင်းကို ခံယူကြပြီး ဂုဏ်ပြုတပ်¸ကို စစ်ဆေး သည်။ (ဝဲပုံ) ထို့နောက် ဂုဏ်ပြု တပ်¸က ချီတက်အလေးပြု ထွက်ခွာ သည်။
ဆက်လက်၍ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အ¸ဝင် များသည် လာအိုပြည်သှူတပ်မတော်၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ ဦးဆောင်သော ကိုယ်စားလှယ်အ¸ နှင့် ဇေယျာသီရိဗိမာန် ဧည့်ခန်းမ ဆောင်၌ တွေ့ဆုံဆွေးနွေးသည်။
ဆွေးနွေး
ထိုသို့တွေ့ဆုံစဉ် တပ်မတော်နှစ်ရပ် အကြား ရှိပြီးချစ်ကြည်ရင်းနှီးမှု တိုးမြှင့် ဆောင်ရွက်ရေး၊ သင်တန်းနှင့် လေ့ကျင့်ရေးဆိုင်ရာ အပြန်အလှန်တိုးမြှင့်ဆောင်ရွက်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် လုံခြုံရေးအပါအဝင် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အပြန် အလှန် သတင်းဖလှယ်ခြင်း၊ တားဆီး ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ သဘာဝ ဘေးအ္တရာယ်နှင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် များ အပြန်အလှန်စေလွှတ်၍ အသိ ပညာများမျှဝေခြင်းနှင့် လက်တွေ့ လေ့ကျင့်ရေး၊ မဲခေါင်မြစ်ကြောင်း လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးကိစ္စအပါအဝင် ယဉ်ကျေးမှုနှင့် အားကစားအ¸များ အပြန်အလှန် စေလွှတ်ရေးကိစ္စရပ်များအား ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။
တည်ခင်းဧည့်ခံ
ညပိုင်းတွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် လာအို ပြည်သှူတပ်မတော်၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အ¸အား နေပြည်တော်ရှိ Aureum Palace ဟိုတယ်၌ ဂုဏ်ပြုညစာဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်

No comments:

Post a Comment