Friday, May 3, 2019

မြန်မာ့ဒီမိုကရေစီအကူးအပြောင်းတွင် မသန်စွမ်းသူများ၏ အခွင့်အရေးနှင့်အကျုံးဝင်မှုမြှင့်တင်ခြင်းဆိုင်ရာ ကဏ္ဍစုံမှပါဝင်ပတ်သက်သူများ၏ ဆွေးနွေးပွဲကျင်းပ
Image may contain: one or more people and people standing
နေပြည်တော် မေ ၂
မြန်မာ့ဒီမိုကရေစီအကူးအပြောင်းတွင် မသန်စွမ်းသူများ၏အခွင့်အရေးနှင့် အကျုံးဝင်မှုမြှင့်တင်ခြင်းဆိုင်ရာ ကဏ္ဍစုံမှပါဝင်ပတ်သက်သူများ၏ ဆွေးနွေး ပွဲကို နေပြည်တော် Grand Amara ဟိုတယ်၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပ သည်။
အခမ်းအနားတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံအနေဖြင့် ၂၀၁၀ ပြည့်နှစ်မှစပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းခဲ့ရာ ယခုအစိုးရလက်ထက်တွင် ဒီမိုကရေစီအကူးအပြောင်း ပိုမိုပီပြင်စေရန်နှင့် အမြစ်တွယ်နိုင်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အခက်အခဲများ၊ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရသော်လည်း ပြည်သူ များ၏ ပူးပေါင်းပါဝင်မှုအင်အားဖြင့် ကျော်လွှားဆောင်ရွက်လျက်ရှိပါကြောင်း၊ လူတစ်ဦးချင်းစီ၏ အခွင့်အရေးများကို ဖော်ဆောင်ပေးနိုင်ရန် လိုအပ်သော ဥပဒေများကို လွှတ်တော်က ပြဋ္ဌာန်းပေးလျက်ရှိပြီး အစိုးရက ထိရောက်စွာ အကောင်အထည်ဖော်ပေးရပါကြောင်း၊ မသန်စွမ်းသူများအတွက် ဖွံ့ဖြိုးတိုး တက်ရေး၊ အခွင့်အရေးတန်းတူရရှိရေးနှင့် ကဏ္ဍအသီးသီးတွင် ပါဝင်စွမ်းဆောင် နိုင်ရေးတို့ကို အစိုးရက အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မသန် စွမ်းသူများအတွက် အမှန်တကယ် အပြောင်းအလဲများကို ဖော်ဆောင်နိုင်ရန် ဥပဒေ၊ နည်းဥပဒေ၊ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက် ရှိရာ စာရင်းဇယားများအရ ဦးရေ နှစ်သန်းခွဲခန့်ရှိသော မသန်စွမ်းသူများ၏ ပါဝင်စွမ်းဆောင်နိုင်မှုကို မြှင့်တင်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက် ပေးခြင်းဖြင့် မြန်မာ့ဒီမိုကရေစီအကူးအပြောင်းတွင် မသန်စွမ်းသူများသည် အင်အားစုတစ်ရပ်အဖြစ် အကျိုးပြုပါဝင်လာနိုင်မည်ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ယာယီဥက္ကဋ္ဌ ဦးသိန်းလွင်က မြန်မာ့ဒီမိုကရေစီအ ကူးအပြောင်းတွင် မသန်စွမ်းသူများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးခြင်းအတွက် ဂုဏ်ပြုဝမ်းမြောက်စကားပြော ကြားခဲ့ပြီး မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးနေလင်းစိုးက ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း တင်ပြသည်။
အဆိုပါဆွေးနွေးပွဲအားနှစ်ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး မသန်စွမ်း သူများ၏ အခွင့်အရေးနှင့် အကျုံးဝင်မှုအတွက် နိုင်ငံတော်အစိုးရ၏ လက်ရှိ ဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ၊ မသန်စွမ်းသူများ၏ လိုအပ်ချက် များနှင့် ပတ်သက်ပြီး Online မှ စစ်တမ်းကောက်ယူထားသည့် အချက် အလက်များတင်ပြခြင်း၊ ဒီမိုကရေစီအကူးအပြောင်းကာလတွင် နိုင်ငံတော် အစိုးရအနေဖြင့် မသန်စွမ်းလူထုအတွက် အဓိကဆောင်ရွက် ပေးသင့်သည့် နယ်ပယ်ကဏ္ဍများ၊ ၂၀၂၀ ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ် များအနေဖြင့် မသန်စွမ်းလူထုအတွက် ဦးတည်ပြင်ဆင် ဆောင်ရွက်သင့်သည့် အစီအမံများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ မူဝါဒချမှတ်မှုများနှင့် အကောင် အထည်ဖော် ဆောင်ရွက်မှုများတွင် မသန်စွမ်းအသင်းအဖွဲ့များ၏ အခန်းကဏ္ဍ၊ အရေးပါမှုနှင့် အကျုံးဝင်ပါဝင်မှုတို့ကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment