Friday, May 3, 2019

ထိုင်းဘုရင် မဟာဗာဂျီရာလောင်ကွန်း ကြင်ရာတော်အသစ်နှင့် နန်းတက်ပွဲဆင်နွှဲမည်
Image may contain: 2 people, people sitting and indoor
ဗန်ကောက် မေ ၂
ထိုင်းဘုရင် မဟာဗာဂျီရာလောင်ကွန်းက သူ၏နန်းတက်ပွဲမတိုင်မီ သက်တော်စောင့်အဖွဲ့ခေါင်းဆောင် အမျိုးသမီးတစ်ဦးနှင့် မေ ၁ ရက်တွင် လက်ထပ်ထိမ်းမြား ခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။ 
ထိုင်းဘုရင် မဟာဗာဂျီရာ လောင်ကွန်းသည် သူ၏သက်တော် စောင့်အဖွဲ့ခေါင်းဆောင် အမျိုးသမီး နှင့် လက်ထပ်ထိမ်းမြားလိုက်ပြီဖြစ် ကြောင်းနှင့် အဆိုပါကြင်ရာတော် အသစ်အား ဘုရင်မ သုသီဒါဘွဲ့ ပေးအပ်ခဲ့သည်ဟု ထိုင်းအစိုးရအဖွဲ့က တရားဝင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ကြေညာခဲ့သည်။
ယခု လက်ထပ်ထိမ်းမြား မင်္ဂလာသည် အသက် ၆၆ နှစ်အရွယ် ရှိပြီဖြစ်သော ထိုင်းဘုရင် မဟာဗာဂျီ ရာလောင်ကွန်း၏ လေးကြိမ်မြောက် လက်ထပ်မင်္ဂလာဖြစ်သည်။
မင်္ဂလာလက်ထပ်ပွဲ အခမ်း အနားကို ထိုင်းရုပ်သံလိုင်းများမှ ထုတ်လွှင့်ပြသခဲ့သည်။ ဘုရင် မဟာ ဗာဂျီရာလောင်ကွန်းက ဘုရင်မ သုသီဒါ၏ ဦးခေါင်းပေါ်သို့ ရေစင် တော်များ လောင်းချကာ မင်္ဂလာ ယူခဲ့ပြီး လက်ထပ်စာချုပ်ပေါ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည့် ဗီဒီယို မှတ်တမ်းများကို ရုပ်သံလိုင်းတွင် ပြသခဲ့ကြောင်း သိရသည်။
လက်ထပ်ပွဲ အခမ်းအနားသို့ ထိုင်းဝန်ကြီးချုပ် ပရာယုချန်အိုချာနှင့် ဘုရင်၏အကြံပေးအဖွဲ့ အကြီးအကဲ နှင့် အခြားအဆင့်မြင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ထိုင်းဘုရင် မဟာဗာဂျီရာ လောင်ကွန်းသည် ဘုရင်ကြီး ဘူမိဘော အဒူယာဒက်ဂျ် နတ်ရွာစံခဲ့သည့် ၂၀၁၆ ခုနှစ် အောက်တိုဘာလကစပြီး ထီးနန်းဆက်ခံလျက်ရှိသည်။
ထိုင်းဘုရင် မဟာဗာဂျီရာ လောင်ကွန်း၏ နန်းတက်ပွဲအခမ်း အနားကို မေ ၄ ရက်တွင် ကျင်းပမည် ဖြစ်သည်။
ဘုရင်မသုသီဒါအား ၁၉၇၈ ခုနှစ် ဇွန် ၃ ရက်တွင် မွေးဖွားခဲ့သည်။ ၂၀ဝ၀ ပြည့်နှစ်တွင် ထိုင်းနိုင်ငံ၏ ကိုယ်ပိုင်တက္ကသိုလ်တစ်ခုဖြစ်သော အဆမ်းရှင်းတက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရရှိ ခဲ့သည်။ ထို့နောက် ထိုင်းလေကြောင်း လိုင်းတွင် ဝင်ရောက်အလုပ်လုပ်ကိုင်ခဲ့ ပြီးနောက် ထိုင်းဘုရင် မဟာဗာဂျီရာ လောင်ကွန်း၏ သက်တော်စောင့်အဖွဲ့ သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင် ခဲ့သည်။
မေ ၄ ရက်တွင် ကျင်းပမည့် နန်းတက်ပွဲတွင် ဘုရင် မဟာဗာဂျီရာ လောင်ကွန်းက ဘုရင်မ သုသီဒါအား တော်ဝင်ဆုတံဆိပ်များ ပေးအပ်နိုင်ဖွယ် ရှိသည်။ ယင်းသို့ တော်ဝင်မိသားစု အနွယ်တော်ဝင်များအား ဆုတံဆိပ် များအပ်နှင်းခြင်းသည် နန်းတက်စ ဧကရာဇ်ဘုရင်တစ်ပါး၏ ရိုးရာဓလေ့ တစ်ခုပင်ဖြစ်သည်။ 
အင်န်အိတ်ချ်ကေ

No comments:

Post a Comment