Friday, May 3, 2019

e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Image may contain: 1 person, sitting, table and indoor
နေပြည်တော် မေ ၂
e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ တတိယ အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၂)တွင် ပြုလုပ်ရာ e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုအစိုး ရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့် ကော်မတီ ဒုတိယဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်တို့ တက်ရောက်အမှာစကားပြောကြား သည်။
ထိရောက်အောင်မြင်စွာအကောင်အထည်ဖော်
e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက အဖွင့်အမှာစကားပြောကြားရာတွင် e-Government စနစ် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်သွားနိုင် ရေးအတွက် နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၄/၂၀၁၈ ဖြင့် " e-Government ဦးဆောင် ကော်မတီ"ကို လုပ်ငန်းတာဝန် (၅)ရပ်ချမှတ်၍ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ဒုတိယသမ္မတတို့က ဦးဆောင်၍ ၄၆ ဦးဖြင့်လည်းကောင်း၊ " e-Government အကောင် အထည်ဖော်ရေးလုပ်ငန်းကော်မတီ" ကို လုပ်ငန်းတာဝန် (၅) ရပ်ချမှတ်၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဦးဆောင်၍ ၄၅ ဦးဖြင့်လည်းကောင်း ဖွဲ့စည်းခဲ့ပြီးဖြစ် ပါကြောင်း၊ e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ သည် ဦးဆောင်ကော်မတီက ချမှတ်လိုက်သည့် မူဝါဒ၊ လမ်းညွှန်ချက်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့်ပေါင်းစပ်ညှိနှိုင်းခြင်းများ၊ ကွပ်ကဲကြပ် မတ်ခြင်းများကို အဓိကထား လုပ်ဆောင်သွား ရမည်ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ် ဇွန် ၁၂ ရက်တွင် န-ွသလနမညာနညအ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီအနေဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ထိထိရောက်ရောက် သွက်လက်စွာဖြင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဆပ်ကော်မ တီရှစ်ခုကိုဖွဲ့စည်း ထားခဲ့ပြီးဖြစ်ပါကြောင်း။
ပူးပေါင်းဆောင်ရွက်
e-Government အကောင်အထည်ဖော်ရာ၌ ထည့်သွင်းစဉ်းစားရမည့် အချက် (၃)ချက်ရှိပါကြောင်း၊ ယင်းတို့မှာ S People၊ Process၊Technology တို့ဖြစ်ပါကြောင်း၊ ပထမအချက်အနေဖြင့် ဝန်ဆောင်မှု ပေးရမည့်ဝန်ထမ်းများ၊ မူဝါဒချမှတ်ပေးရမည့်ခေါင်းဆောင်ပိုင်း၊ စီမံခန့်ခွဲရမည့် ဌာနအကြီးအကဲများ၊ ဝန်ဆောင်မှုကို ရယူသုံးစွဲမည့်ပြည်သူများပါဝင်သည့် hfPeople ဖြစ်ပါကြောင်း၊ e-Government အောင်မြင်ရန်အတွက် ၎င်းအချက်မှာ ၄၀ ရာခိုင်နှုန်းပါဝင် သည်ဟု ပညာရှင်များက သတ်မှတ်ထားကြပါကြောင်း၊ သက်ဆိုင်ရာအစိုးရ ဌာနများ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်သကဲ့သို့ ခေါင်းဆောင်ပိုင်းဖြစ် သည့် ဌာနအကြီးအကဲများ၏ ဆောင်ရွက်လိုစိတ်ကလည်း အရေးကြီးပါကြောင်း၊ ဒုတိယအချက်အနေဖြင့် လုပ်ငန်းစဉ်တွင် သမားရိုးကျလုပ်ထုံးလုပ်နည်းများ ကိုဆန်းစစ်ပြီး ဖြေလျှော့သင့်သည်တို့ကို ဖြေလျှော့ခြင်း၊ ပြုပြင်ပြောင်းလဲခြင်း များကို ဆောင်ရွက်ရန်ဖြစ်သည့် Process ဖြစ်ပြီး e-Government အောင်မြင်ရန်အတွက် ယင်းအချက်မှာ ၄၀ ရာခိုင်နှုန်းခန့် အရေးပါကြောင်းကို လည်း ပညာရှင်များက သတ်မှတ်ထားကြပါကြောင်း၊ တတိယအချက်ဖြစ်သော နည်းပညာအနေဖြင့် e-Government အောင်မြင်ပြီး နိုင်ငံတကာ၏ အတွေ့အကြုံကောင်းများကို လေ့လာပြီး အစိုးရ၏လုပ်ငန်းစဉ်များမှ မည်သည့် လုပ်ငန်းစဉ်များအတွက် မည်သို့သော ခေတ်မီနည်းပညာများကိုအဆင်သင့် ရယူအသုံးချသွားနိုင်ရန်ဖြစ်သည့် Technology ဖြစ်ပြီး ၂၀ ရာခိုင်နှုန်းသာ ပါဝင်သည်ဟု သတ်မှတ်ထားကြသည်ကို တွေ့ရပါကြောင်း၊ e-Government အောင်မြင်ရန် နည်းပညာအတားအဆီးမဟုတ်ဘဲ တာဝန်ခံမှုရှိသည့် ခေါင်းဆောင်မှု၊ ဝန်ဆောင်မှုပေးလိုစိတ်၊ တာဝန်ယူလို စိတ်ရှိသည့် ဝန်ထမ်းများ နှင့် သုံးစွဲလိုစိတ်ရှိသော ပြည်သူများမှာ အဓိကဖြစ်ကြောင်း၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၏ ဆောင်ရွက်လိုစိတ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ပို၍အရေး ကြီးကြောင်း။
အမြန်ဆုံးအကောင်အထည်ဖော်
ထို့ပြင် မြန်မာနိုင်ငံတွင် အစိုးရဌာနများအပါအဝင် ကွန်ပျူတာသုံးစွဲသူ များ၏ ၉၀ ရာခိုင်နှုန်းခန့်မှာ တရားဝင်လိုင်စင်မရှိသေးသည့် Software များ၊ Windows Operating System နှင့် Office Application များကို အသုံးပြုနေကြသည်ကို တွေ့ရသည့်အတွက် Cyber Security နှင့် ပတ်သက်၍ အစိုးရဌာနများ၏ သတင်းအချက်အလက်များ လုံခြုံမှုရှိစေရေး တရားဝင် License များရယူ၍အသုံးပြုသွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့ကျင်းပသည့် အစည်းအဝေးတွင် သက်ဆိုင်ရာဆပ်ကော်မတီ/ ဌာနများမှ ဝယ်ယူဖြန့်ဖြူးပေးမည့် အစီအမံများကိုတင်ပြပြီး အမြန်ဆုံးအကောင် အထည်ဖော်ဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း၊ ဌာနအသီးသီးတွင် လည်း e-Government ကို အကောင်အထည် ဖော်ဆောင်သွားရန်အတွက် HR အခက်အခဲနှင့် တိုက်တွန်းအားပေးမှုများ လိုအပ်နေသေးသည်ကို သိရှိရပါ ကြောင်းနှင့် ဖြေရှင်းနိုင်ရန် ဝိုင်းဝန်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ကျယ်ကျယ်ပြန့်ပြန့်သိရှိ
ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က Single Window ဖြစ်သည့် Myanmar National Portal ကို လွှင့်တင် ထားပြီးဖြစ်ပါကြောင်း၊ ပြည်သူလူထုအနေဖြင့် မြန်မာနိုင်ငံရှိ အစိုးရအဖွဲ့အစည်းအသီးသီး၏ ဝန်ဆောင်မှုများ၊ online service များ၊ သတင်းအချက်အလက်များကို ရိုးရှင်းလွယ်ကူစွာ ရယူအသုံးပြုနိုင်ပြီဖြစ်ပါကြောင်း၊ Tender၊News၊ Jobs & Vacancies၊ Services နှင့် အစိုးရ၏ သတင်းအချက်အလက်များ အား ပိုမိုအသုံးပြုမှုများပြားသည်ကို တွေ့ရှိရပါကြောင်း၊ ပြည်သူလူထုက ပိုပြီးကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး အသုံးပြုလာနိုင်အောင် လိုအပ်သည့် Digital Marketing လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ အစိုးရဌာနများ၏ Server များကို Co-location ထားရှိနိုင်ရန်အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက နေပြည်တော်တွင် ီအေေ ဃနညအနမ တစ်ခုအား တည်ဆောက်ထားပေးပြီးဖြစ်ပါကြောင်း၊ ယခု Data k Center မှာ Facility များအဖြစ် pfBackup Power System, Precision Cooling System, CCTV NVR System, Fire Fighting System, Network Monitoring System, Firewall Security Service များကို 24/7 Service ဆောင်ရွက်ပေးထားသည့်အပြင် အစိုးရဌာနများ၏ e-Government လုပ်ငန်းများ ဖွံ့ဖြိုးလာစေရေး ရည်ရွယ်ပြီး ဈေးနှုန်းသက်သာစွာ အသုံးပြုနိုင်ရန် စီစဉ် ပေးထားသည့်အတွက် အစိုးရဌာနများအနေဖြင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ လက်ရှိ e-Government ဝန်ဆောင်မှုများကို ရယူအသုံးပြုသွား ကြရန် လိုအပ်ကြောင်း။
ထို့အပြင် e-Government လုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရန် e-Government Integrated Data Center (eGIDC) စီမံကိန်းကို ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ (EDCF)ချေးငွေနှင့် တည်ဆောက်သွားနိုင်ရန်အတွက် ၂၀၁၉ ခုနှစ် ဧပြီလ တွင် Korea EXIM Bank Mission အဖွဲ့သည် မြန်မာနိုင်ငံသို့ လာရောက်၍ သက်ဆိုင်ရာတာဝန်ရှိသူများ နှင့်တွေ့ဆုံပြီး Korea EXIM Bank Mission ရေးထိုးနိုင်ရေးကိစ္စ များနှင့် eGIDC စီမံကိန်းအတွက် ဆောင်ရွက်ရမည့် Advanced Action Plan များ စတင်ဆောင်ရွက်ရန် ကိစ္စများကို ညှိနှိုင်းသဘောတူခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံတွင် Online နှင့် IT ဝန်ဆောင်မှုများ ရေရှည် အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန် Cyber Law နှင့် Policy များကို လိုအပ်လျက်ရှိပါကြောင်း၊ သို့ပါ၍ Cyber Law ( (မူကြမ်း)ကို ပြုစုလျက်ရှိရာ အဆိုပါ Cyber Law ( (မူကြမ်း)တွင် Cyber Security၊ e-Government၊ e-Commerce နယ်ပယ်တို့နှင့် သက်ဆိုင်သောဥပဒေ၊ မူဝါဒများထည့်သွင်းရေးဆွဲ သွားမည်ဖြစ်ပါသောကြောင့် ကောင်းမွန်ပြည့်စုံ၍ မြန်မာ နိုင်ငံနှင့် သင့်လျော်ကိုက်ညီမှုရှိစေမည့် Cyber Law တစ်ခုဖြစ်ပေါ်လာစေရေး သက်ဆိုင်သည့် ဌာန/ အဖွဲ့ အစည်းများက တက်တကြွ်ကြွက ဝိုင်းဝန်းပူးပေါင်း အကြံပြုပေးပါရန် တိုက်တွန်းပြောကြားသည်။
အဆိုပါအစည်းအဝေးသို့ e-ID စနစ်လုပ်ငန်း ကော်မတီဥက္ကဋ္ဌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် e-Government အကောင်အထည် ဖော်ရေးလုပ်ငန်းကော်မတီဝင်များ၊ အထူးဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြပြီး e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ ဒုတိယ အကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးဆုံးဖြတ်ချက်များ နှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ Microsoft Windows Operating System နှင့် Office Application System တို့ကို အစိုးရဌာန များက လိုင်စင်ဖြင့် အသုံးပြုရေး၊ e-Government Secure e-Mail System နှင့် PKI (Public fh Key Infrastructure) အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ကွန်ပျူတာသုံး မြန်မာစာစနစ်တွင် Non-Unicode စနစ်များမှ မြန်မာ Unicode စနစ်သို့ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက် နောက်ဆုံးထား၍ ပြောင်းလဲသုံးစွဲနိုင်စေရေး Migration ပြုလုပ်နိုင်ရန်အတွက် awareness ဆောင်ရွက်မည့် အစီအစဉ်များ၊ Data Policy and Data Classification ဆိုင်ရာမူဝါဒကို နှစ်လ အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအမံများ၊ Data Policy and Data Classification နှင့်ပတ်သက်၍ Common Database ပြုလုပ်ဆောင်ရွက်မည့် ကိစ္စရပ်များကို တင်ပြဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment