Thursday, May 2, 2019


ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်နှင့်တွေ့ဆုံ
Image may contain: 3 people, people sitting and indoor
နေပြည်တော် မေ ၁
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ဂျပန်နိုင်ငံ အအိချိ ခရိုင် နာဂိုယာမြို့တွင် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထား သည့် မစ္စတာတိုရှိအ ိုနီရှိမူရကို ယမန် နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံ
သည်။
ကြိုးပမ်းဆောင်ရွက်
ထိုသို့တွေ့ဆုံစဉ် မစ္စတာ WES-VI (Management organization of drone) ကုမ္ပဏီအနေဖြင့် ဂျပန် နိုင်ငံ မြေယာ၊ အခြေခံအဆောက်အဦ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ မြန်မာ Drone Industry လာရောက်ဖွင့်လှစ်ကာ ပုဂံဒေသတွင် ရိုက်ကူးမှုများ ပြုလုပ်ရန်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ဖြစ်သည့်အတွက် မြန်မာ နိုင်ငံနှင့် အအိချိခရိုင်အကြား ခရီး သွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများနှင့် မြန်မာနိုင်ငံအတွက် အကျိုးရှိနိုင်မည့် လုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ဆွေးနွေးပြောကြားသည်။
ဗီဇာကင်းလွတ်ခွင့်ပေး
ယင်းနောက် ပြည်ထောင်စုဝန်ကြီး က ပုဂံဒေသသို့ လာရောက်ရိုက်ကူး ပါက လိုအပ်သည့်အကူအညီများကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ နှင့် ဂျပန်နိုင်ငံ နာဂိုယာမြို့အကြား နာဂိုယာ-ဂျပန်-မြန်မာ ချစ်ကြည်ရေး အဖွဲ့အစည်းတစ်ခုထားရှိပြီး ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ ဂျပန် နိုင်ငံအား ဗီဇာကင်းလွတ်ခွင့်ပေးထား သည့်အတွက် ဧည့်သည်များ ပိုမို လာရောက်ရေးအတွက် ကူညီပေးစေ လိုကြောင်းနှင့် မြန်မာနိုင်ငံမှ ဂျပန် နိုင်ငံသို့လာရောက်၍ ခရီးသွားပြပွဲ များ၊ Road Showများ လာရောက် ပြသရာတွင် လိုအပ်သည့် အကူအညီ များပေးစေလိုကြောင်း ပြောကြား ခဲ့ကြောင်း သိရသည်။ 

No comments:

Post a Comment