Thursday, May 2, 2019

ပြည်ထောင်စုဝန်ကြီးများ အင်းလေးခေါင်တိုင်လူရည်ချွန်အပန်းဖြေစခန်းဖွင့်ပွဲ တက်ရောက်ဖွင့်လှစ်
Image may contain: 2 people, people smiling, people standing, people on stage, outdoor and text
ညောင်ရွှေ မေ ၁
၂၀၁၉ ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန်အပန်းဖြေစခန်း ဖွင့်ပွဲ အခမ်းအနားကို ခေါင်တိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ရှေ့၌ ယနေ့နံနက် ၈ နာရီတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ဖွင့်လှစ်ပေးကြသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
အခမ်းအနားတွင် ၂၀၁၉ ခုနှစ် အင်းလေးခေါင်တိုင်လူရည်ချွန်အပန်း ဖြေစခန်းကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံး ဆိုင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ အခြေခံပညာ ဦးစီးဌာန ဒုတိယòန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းနှင့် အင်းလေး ခေါင်တိုင်လူရည်ချွန်အပန်းဖြေစခန်း မှူး ဦးဝင်းမောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်၊ ဦးဟန်ဇော်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်တို့က အင်းလေး ခေါင်တိုင် လူရည်ချွန်စခန်းကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြ သည်။ (အပေါ်ပုံ)
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား ပြီး လူရည်ချွန်ကျောင်းသားများ ကိုယ်စား ကျောင်းသားတစ်ဦးအား ရင်ထိုးတံဆိပ် တပ်ဆင်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး များ၊ ဒုတိယဝန်ကြီးနှင့် ပြည်နယ် ဝန်ကြီးများက အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းရှိ လူရည်ချွန်လူငယ် မောင်မယ်များအား ရင်ထိုးတံဆိပ် များ တပ်ဆင်ပေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများအား လူရည်ချွန်စခန်းဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင် ပစ္စည်း များကို လူရည်ချွန်စခန်းမှူးနှင့် ၁၉၆၄- ၁၉၈၈ လူရည်ချွန်ကြီးများက ပေးအပ်ခဲ့ကြသည်။
ဖွင့်ပွဲအပြီးတွင် လူရည်ချွန် ကျောင်းသား ကျောင်းသူများသည် လူရည်ချွန်စခန်းဖွင့်ပွဲ အထိမ်းအမှတ် ပြသထားသော ဌာနဆိုင်ရာ ပြခန်း များအား ကြည့်ရှုလေ့လာကြသည်။
မွန်းလွဲပိုင်းတွင် လူရည်ချွန် ကျောင်း သား ကျောင်းသူများ အချင်းချင်း ဒေသ္တရဗဟုသုတများ ဆွေးနွေးဖလှယ် ခြင်းတို့ ဆောင်ရွက်ကြပြီး မေ ၂ ရက် နံနက်ပိုင်းတွင် အင်းလေးကန်အတွင်း လှည့်လည်လေ့လာကြမည်ဖြစ်ကြောင်း သိရသည်။ ဇင်ဦး(မြန်မာ့အလင်း)
ဓာတ်ပုံ - သီဟစည်သူ

No comments:

Post a Comment