Thursday, May 2, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကမ္ဘေားဒီးယားနိုင်ငံ ခရီးစဉ်ဆိုင်ရာ သတင်းထုတ်ပြန်ကြေညာချက်
Image may contain: 2 people, wedding, suit and indoor
ပုဂံနှင့် အန်ကောဝပ် ခရီးစဉ်များ ချိတ်ဆက်စီစဉ်ဆောင်ရွက်ရေး ဆွေးနွေး
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် က္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက် အာခါမိုဟာ ဆီနာပါတိုင်းတဲ့ချိုဟွန်ဆင်၏ ဖိတ်ကြားချက်အရ ကမ္ဘေားဒီးယားနိုင်ငံသို့ ၂၉-၄-၂၀၁၉ ရက်နေ့မှ ၁-၅-၂၀၁၉ ရက်နေ့အထိ တရားဝင်ချစ်ကြည်ရေး ခရီးစဉ်သွားရောက်ခဲ့ပြီး ၁-၅-၂၀၁၉ ရက်နေ့တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့သည်။
၂။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၉-၄-၂၀၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်ပြည်သှူသမ္မတနိုင်ငံ ကူမင်းမြို့မှတစ်ဆင့်ကမ္ဘေားဒီးယားနိုင်ငံ ဖနောင်ပင်အပြည် ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ လေဆိပ်တွင် ကမ္ဘေားဒီးယားနိုင်ငံ အမျိုးသမီးရေးရာဝန်ကြီး Dr. Kantha Phavi မှ ကြိုဆိုနှုတ်ဆက် သည်။
နိုင်ငံတကာရေးရာကိစ္စရပ်များ ဆွေးနွေး
၃။ ယင်းနေ့ ညနေပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဖနောင်ပင်မြို့ မြန်မာသံရုံးသို့ သွားရောက်ခဲ့ပြီး ကမ္ဘေားဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်စိုး ဦးဆောင်သည့် မြန်မာသံရုံးနှင့် စစ်သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပြီး မြန်မာသံအမတ်ကြီးက တည်ခင်း ဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
၄။ ၃၀-၄-၂၀၁၉ ရက်နေ့ နံနက် (ဝ၈း၁၅)နာရီအချိန်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် ဖနောင်ပင်မြို့ရှိ လွတ်လပ်ရေးကျောက်တိုင်သို့ သွားရောက်၍ ပန်းခွေချ ဂုဏ်ပြုခဲ့သည်။ ဆက်လက်၍ နတ်ရွာစံဘုရင့်ဖခမည်းတော် ဏမနေ့ သြမသာ ျွအေညေေု ုကေိ့ အထိမ်းအမှတ် ဗိမာန်တွင် ဂုဏ်ပြုပန်းခွေချ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
၅။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဝန်ကြီးချုပ်ရုံး (ဏနခေန ဏေူခေန) သို့ ဆက်လက်ထွက်ခွာခဲ့ပြီး ကမ္ဘေားဒီးယားဝန်ကြီးချုပ်မှ ကျင်းပပြုလုပ်သော ဂုဏ်ပြုကြိုဆိုပွဲအခမ်း အနားသို့ တက်ရောက်ခဲ့သည်။ ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကမ္ဘေားဒီးယားဝန်ကြီးချုပ်တို့ ဦးဆောင်သော နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့များသည် နှစ်နိုင်ငံဆွေးနွေးပွဲပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ အထူးသဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး၊ အာဆီယံနှင့် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (အက်မက်စ်) တို့အပါအဝင် ဒေသတွင်းအဖွဲ့ အစည်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ကုလသမဂ္ဂ၊ ဘက်မလိုက်လှုပ်ရှားမှုအပါအဝင် နိုင်ငံတကာ မျက်နှာစာတွင် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ အခြေခံမူကြီးများ၊ ဘန်ဒေါင်းအခြေခံ မူကြီးများနှင့်အညီ ပူးပေါင်းဆောင်ရွက်မှု ဆက်လက် တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသတွင်း နှင့် နိုင်ငံတကာရေးရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြား
၆။ ထို့ပြင် ၂၀၂၀ ပြည့်နှစ်တွင် နှစ်နိုင်ငံ သံတမန် ဆက်သွယ်မှု (၆၅) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများ ပူးတွဲကျင်းပရေး၊ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အပြန်အလှန်အကာအကွယ်ပေးရေးစာချုပ်၊ အခွန်နှစ်ထပ်ကျသင့်မှု ရှောင်ရှားရေးသဘောတူစာချုပ် ချုပ်ဆိုရေးနှင့် ပညာရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအပါအဝင် လက်မှတ်ရေးထိုးပြီး သဘောတူညီချက်များနှင့် နားလည်မှုစာချွန်လွှာများအား ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရေး၊ ပညာသင်ဆုများ အပြန်အလှန် ဖလှယ်ပေးအပ်ရေး၊ ပုဂံနှင့် အန်ကောဝပ်အပါအဝင် ဗုဒ္ဓယဉ်ကျေးမှုအထင်ကရ နေရာများသို့ ခရီးစဉ်များ ချိတ်ဆက် စီစဉ်ဆောင်ရွက် ရေးတို့အတွက် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကမ္ဘေားဒီးယားနိုင်ငံအစိုးရမှ ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် အမေရိကန် ဒေါ်လာ ၉ သောင်း လှူဒါန်းမှုအတွက် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ကမ္ဘေားဒီးယားဝန်ကြီးချုပ်အား နှစ်ဦးနှစ်ဖက် အဆင်ပြေ သည့်အချိန်တွင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရန် ဖိတ်ကြားခဲ့သည်။
၇။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကမ္ဘေားဒီးယား အောက်လွှတ်တော်ဥက္ကဋ္ဌ Samdech Heng Samrin ၊ အထက်လွှတ်တော်ဥက္ကဋ္ဌ Samdech Say Chhum တို့အား သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံ လွှတ်တော်နှစ်ရပ်အကြား အတွေ့အကြုံဖလှယ်ရေး အစီအစဉ်များ၊ လွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ ကို ဆွေးနွေးခဲ့ကြသည်။
၈။ နေ့လယ်ပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဘုရင့်နန်း တော်သို့ သွားရောက်ခဲ့ပြီး က္ဘောဒီးယားဘုရင် နိုရိုဒွန် သီဟာမိုနီအား ဂါရဝပြုတွေ့ဆုံ၍ နှစ်နိုင်ငံအကြား ရင်းနှီးချစ် ကြည်မှု မြှင့်တင်ရေး၊ ယဉ်ကျေးမှုအပြန်အလှန်ဖလှယ်ရေး၊ ပြည်သူအချင်းချင်းကြား ထိတွေ့ဆက်ဆံမှု မြှင့်တင်ရေး ကိစ္စရပ်များ ကို ဆွေးနွေးခဲ့ကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကမ္ဘေားဒီးယား ဘုရင်မင်းမြတ်အား နှစ်ဦးနှစ်ဖက် အဆင်ပြေ သည့်အချိန်တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့သည်။ ထို့နောက် ဘုရင့်မယ်တော်စံအိမ်သို့ ဆက်လက်ထွက်ခွာ၍ ဘုရင်၏ မယ်တော် နိုရိုဒွန် မိုနီနစ်သီဟာနုအား တွေ့ဆုံနှုတ် ဆက်ခဲ့သည်။
၉။ ယင်းနေ့ ညနေပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် က္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာ ဟွန်ဆင်မှ Peace Palace တွင် တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
၁၀။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၁-၅-၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် ဖနောင်ပင်မှ ဆီရမ်ရိမြို့သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိခဲ့ပြီး ကမ္ဘေားဒီးယားနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ပရပ်ဆိုခွန်းနှင့်အတူ ဆီရမ်ရိမြို့ရှိ အန်ကောဝပ်ကျောင်းတော်၊ Bayon Temple များသို့ သွားရောက်လေ့လာကြည့်ရှုခဲ့ကြသည်။
၁၁။ ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကိုယ်စားလှယ်အဖွဲ့သည် ဆီရမ်ရိပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Tea Seiha rSAngkor Sokha Resort Hotel တွင် တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက် ခဲ့သည်။
၁၂။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယင်းနေ့ နေ့လယ်ပိုင်းတွင် ဆီရမ်ရိ လေဆိပ်မှ နေပြည်တော်သို့ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့ရာ (၁၆း၁၀) နာရီတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။
၁၃။ ယခုခရီးစဉ်သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ က္ဘောဒီးယားနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့ သည့် ခရီးစဉ်ဖြစ်ပြီး ယင်းခရီးစဉ်သို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ကြသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ မေလ ၁ ရက်။

No comments:

Post a Comment