Friday, May 3, 2019

ဒုတိယသမ္မတ ဦးမြင့်ဆွေ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏နဝမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြား
Image may contain: 2 people, people sitting
နေပြည်တော် မေ ၂
ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ နဝမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာ စကားပြောကြား သည်။
အစည်းအဝေးသို့ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာအောင်သူ၊ ဦးဝင်းခိုင်၊ ဦးအုန်းမောင်၊ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်ဝင်း၊ ဦးအောင်ထူး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း၊ လုပ်ငန်း ကော်မတီ(၅)ရပ်မှ ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများ၊ Ease of Doing Business Ranking တိုးတက်ရေးလုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများ၊ အမြဲတမ်းအတွင်းဝန်များ၊ òန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
လုပ်ငန်းကော်မတီ (၅)ခုကို ဖွဲ့စည်း
အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတက ယနေ့ ကျင်းပသည့် အစည်းအဝေးမှာ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ နဝမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမူဘောင်ပါ ကိစ္စရပ်များအား ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်စေရန်အတွက် နိုင်ငံတော်သမ္မတရုံးက ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်တွင် အမိန့်ကြော်ငြာစာအမှတ်၊ ၇၉/၂၀၁၆ ဖြင့် လုပ်ငန်းတာဝန် (၅)ရပ် ချမှတ်ကာ အဖွဲ့ဝင် (၂၀)ဖြင့် ဖွဲ့စည်းခဲ့ပြီး ယခုအခါ သက်တမ်းအားဖြင့် နှစ်နှစ်ခွဲရှိပြီဖြစ်ပါကြောင်း၊ ကော်မတီ၏ လုပ်ငန်းတာဝန် (၅)ရပ်ကို အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းကော်မတီ (၅)ခုကို ဖွဲ့စည်းပြီး လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။
အကြောင်းပြန်ကြားပေးခဲ့ပြီးဖြစ်
ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အစည်းအဝေးကို ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်း လေးကြိမ်၊ ၂၀၁၈ ခုနှစ်အတွင်း သုံးကြိမ်နှင့် ယခုအကြိမ်သည် ၂၀၁၉ ခုနှစ်အတွင်းတွင် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပါကြောင်း၊ ပထမအကြိမ်မှ အဋ္ဌမအကြိမ်အထိ အစည်းအဝေးဆုံးဖြတ်ချက် စုစုပေါင်း (၆၉)ချက်တွင် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအချက် (၆၄)ချက်နှင့် ဆောင်ရွက်ဆဲ (၅)ချက် ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ဆောင်ရွက်ဆဲ (၅)ချက်ကိုလည်း အမြန်ပြီးပြတ်အောင် အချိန်ကာလသတ်မှတ်ပြီး ဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။
နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် ကုန်သွယ်မှုကဏ္ဍသည် အရေးကြီးသော အခန်းကဏ္ဍတွင်တည်ရှိပြီး အဆိုပါ ကုန်သွယ်မှုကဏ္ဍတွင် ပုဂ္ဂလိကကဏ္ဍသည် ၈၀ ရာခိုင်နှုန်းနှင့် ၉၀ ရာခိုင်နှုန်း အကြား ပါဝင်နေသည်ကို ကိန်းဂဏန်းများအရ တွေ့ရပါကြောင်း၊ ထို့အပြင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရန်အတွက် စီးပွားရေးလုပ် ငန်းရှင်များနှင့် လစဉ်ပုံမှန် တွေ့ဆုံပြီး လုပ်ငန်းရှင်များ၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေး လျက်ရှိရာ ၂၀၁၉ ခုနှစ် ဧပြီလအထိ (၂၆)ကြိမ် တွေ့ဆုံခဲ့ပြီး (၂၅)ကြိမ်အထိ စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲအကြံပြုတင်ပြချက် စုစုပေါင်း (၃၃၉)ချက် အားလုံးကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှတစ်ဆင့် သက်ဆိုင်ရာစီးပွားရေး လုပ်ငန်းရှင် များထံသို့ အကြောင်းပြန်ကြားပေးခဲ့ပြီးဖြစ်ကြောင်း။
လုပ်ငန်းစီမံချက်များကို စနစ်တကျရေးဆွဲ
အဆိုပါပြန်ကြားချက်များအားလုံးတွင် အချို့အချက်များသည် အချိန်ယူ၍ ဆက်လက်ဆောင်ရွက်ပေးရမည့် လုပ်ငန်းများဖြစ်ပါကြောင်း၊ အဆိုပါ ဆက်လက်ဖြေရှင်းဆောင်ရွက်ပေးရမည့် လုပ်ငန်းများကိုလည်း လုပ်ငန်းကော်မတီ(၅)ရပ်မှ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်သည့် ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကစီး ပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ဆွေးနွေးပွဲများပြုလုပ်၍ ပြီးပြတ်သည်အထိ အဆင့်ဆင့် ဖြေရှင်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင် သည့် ကဏ္ဍအလိုက် အကောင်အထည်ဖော်ရာတွင် အချို့အချက်များသည် တိုးတက်မှုနှေးကွေးသည်ကို တွေ့ရှိရသည့်အတွက် သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် မိမိတို့ ဆောင်ရွက်မည့်လုပ်ငန်းများ တိုးတက်မှုမြန်ဆန်လာအောင် အလေးထား ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ထို့ပြင် လုပ်ငန်း ကော်မတီ (၅)ရပ်အနေဖြင့်လည်း မိမိတို့၏ လုပ်ငန်းတာဝန်များအလိုက် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစီမံချက်များကို စနစ်တကျရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်ကြရန် ပြောကြားလိုပါကြောင်း။
နယ်စပ်ဒေသများမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်လာမှုကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာနိုင်သဖြင့် တရားမဝင်ကုန်ပစ္စည်းများကို တားဆီးထိန်းချုပ်နိုင်ရန် အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုးခုတွင် တရားမဝင်ကုန်ပစ္စည်းများကို တားဆီးထိန်းချုပ်နိုင်ရေးအတွက် အထူးအဖွဲ့များ ဖွဲ့စည်းပြီး ဖမ်းဆီးအရေးယူခဲ့ရာ ၂၀၁၉ ခုနှစ် မတ်လအထိ ဖမ်းဆီးအရေးယူမှု (၄၃၆)ကြိမ်၊ ခန့်မှန်းတန်ဖိုးငွေ$ ကျပ် ၅ ဒသမ ၁၄၅ ဘီလီယံ ဖမ်းဆီးနိုင်ခဲ့ပါကြောင်း။
ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတကာတွင် ဆောင်ရွက်သကဲ့သို့ အဆင်ပြေချောမွေ့ စေရန်၊ မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ဆောင်နိုင်မှုအဆင့်များ တိုးတက်လာစေ ရန်နှင့် ဝန်ကြီးဌာနများအချင်းချင်း ပေါင်းစပ်ညှိနှိုင်းပြီး လိုအပ်သည်များ အချိန်နှင့်တစ်ပြေးညီ ချိတ်ဆက်ဆောင်ရွက်နိုင်ရန်အတွက် Ease of Doing Business Ranking တိုးတက်ရေးလုပ်ငန်းအဖွဲ့ကို လုပ်ငန်းတာဝန် (၁၂)ချက် ချမှတ်ကာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆောင်၍ ၁၃ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများ ကြိုးပမ်းဆောင် ရွက်လျက်ရှိပါကြောင်း၊ အဆိုပါလုပ်ငန်းအဖွဲ့ အောက်တွင် ညွှန်းကိန်းတစ်ခုချင်း အလိုက် အထောက်အကူပြုအဖွဲ့ ၁၀ ဖွဲ့ကို ထပ်မံဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို အားလုံးအသိပင်ဖြစ်ပါ ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ထုတ်ပြန်မည့် Ease of Doing Business Ranking တွက်ချက်ရေးအတွက် က္ဘာ့ဘဏ်က မေးလာသည့်မေးခွန်းများကို ၂၀၁၉ ခုနှစ် ဧပြီလကုန်တွင် အပြီးသတ်ဖြေကြားခဲ့သည့်အပြင် ၂၀၁၉ ခုနှစ် ဧပြီ ၃ ရက်၊ ၄ ရက်များတွင်လည်း သက်ဆိုင်ရာ òန်းကိန်းအလိုက် အဖွဲ့များနှင့် က္ဘာ့ဘဏ်ရုံးချုပ်မှ တာဝန်ရှိသူများ Ease of Doing Business Ranking ပြုလုပ်ခဲ့ကြ သည်ဟု သိရပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဆောင်သည့် အဖွဲ့ကလည်း Action Plan to April ကို ချမှတ်ကာအòန်းကိန်းအလိုက် အထောက်အကူပြုအဖွဲ့များတွင် ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ် (၂၇)ခု ချမှတ်ပြီး ဆောင်ရွက်ခဲ့သည်ကို တွေ့ရပါကြောင်း။
ကုန်ကျစရိတ်အနည်းဆုံးဖြင့် ဆောင်ရွက်နိုင်မည်
ယခုကဲ့သို့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို အလေးထား ဆောင်ရွက်နေရခြင်းမှာ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့ဘဏ်က ထုတ်ပြန်မည့် Doing Business အစီရင်ခံစာအတွက် ဖြစ်သလို Ease of Doing Business လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် တိုးတက်လာစေရန်အတွက် လည်း ဖြစ်ပါကြောင်း၊ ယခုလို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနအသီးသီးအနေဖြင့် သက်ဆိုင်ရာအညွှန်းကိန်းများအလိုက် ပြုပြင်ပြောင်းလဲမှုများကို ကာလတို၊ ကာလရှည်သတ်မှတ်ပြီး အောင်မြင် အောင်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း။
သို့မှသာ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုမ္ပဏီမှတ်ပုံတင်ရေး၊ သိုလှောင်ရုံဆောက်လုပ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ချေးငွေရရှိရေး၊ အခွန်ပေး ဆောင်ရေး စသည့်ကိစ္စရပ်များကို အချိန်တိုအတွင်း ကုန်ကျစရိတ်အနည်းဆုံးဖြင့် လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် Ease of Doing Business Ranking တိုးတက်ရေးအတွက် ဆက်စပ်သည့်ဌာန များ အားလုံးအနေဖြင့် ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ မူဝါဒများကို ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲရန်၊ လုပ်ငန်းများ လျင်မြန်ချောမွေ့ စေရေးအတွက် နည်းပညာသစ်များကို အသုံးပြု၍ ပြုပြင်ပြောင်းလဲမှုများလုပ် ဆောင်သွားရန်၊ နိုင်ငံတော်အစိုးရမှ ဆုံးဖြတ်ချက်များချမှတ်ကာ ဆောင်ရွက် နေမှုများကို ဌာနဆိုင်ရာများနှင့် ပြည်သူများအားလုံး ကျယ်ပြန့်စွာ သိရှိနိုင်ရေးဆောင်ရွက်သွားရန်နှင့် အစည်းအဝေးဆုံးဖြတ်ချက်များကိုလည်း လျင်မြန် စွာ အကောင် အထည်ဖော်ဆောင်ရွက်ရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ထို့အပြင် လာမည့် ၂၀၂၁ ခုနှစ်တွင် ထုတ်ပြန်မည့်
Doing Business အစီရင်ခံစာအတွက် လိုအပ်သည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် (Reform Action Plan) များကိုလည်း သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်ဆောင် ရွက်ထားကြရန် ပြောကြားလိုပါကြောင်း။
လေ့လာအတုယူ
နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ၏ လူမှုစီးပွားတိုးတက် ရေးအတွက် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းသည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့အစည်းများအနေနှင့် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအတွက် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးရာတွင် ဒေသတွင်းနိုင်ငံများတွင် လုပ်ဆောင်နေသည့် အောင်မြင်သည့် နည်းစနစ်များ၊ စံနှုန်းများကို လေ့လာ အတုယူပြီး မိမိဝန်ကြီးဌာန အဖွဲ့အစည်းအတွင်းတွင်လည်း ပြုပြင်ပြောင်းလဲ သင့်သည့်ကိစ္စရပ်များကို ပြုပြင်ကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း၊ ပြုပြင်ပြောင်းလဲသည့်နေရာတွင်လည်း မိမိတို့ဝန်ကြီးဌာနစံနှုန်းဖြင့် တိုင်းတာ ခြင်းထက် နိုင်ငံတကာစံနှုန်းများနှင့်အညီ ပြောင်းလဲတိုးတက်အောင် ဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။
ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် Ease of Doing Business Ranking တိုးတက်စေရေးအတွက် ယနေ့အစည်းအဝေးသို့ တက်ရောက်လာ ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ လုပ်ငန်းကော်မတီ (၅)ရပ်မှ တာဝန်ရှိသူ များ၊ Ease of Doing Business Ranking တိုးတက်စေရေးလုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် လိုအပ်သည့်အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး ပေးကြစေလိုပါကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ကုန်သွယ်မှုဆိုင်ရာ အခွင့်အလမ်းများနှင့် အခက်အခဲ များ၊ နယ်စပ်ကုန်သွယ်မှုအခြေအနေနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက အဋ္ဌမအကြိမ် အစည်းအဝေးဆုံးဖြတ် ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင် ရွက်သွား မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အေးမြင့်က "အခြေခံလူသားအရင်းအမြစ် တည်ဆောက်ရေးလုပ်ငန်း ကော်မတီ"နှင့်စပ်လျဉ်း၍လည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက "ငွေကြေးရရှိစေနိုင်မှုဆိ်ုင်ရာများ ဆောင်ရွက်ရေးလုပ်ငန်းကော်မတီ"နှင့်စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်က "ဥပဒေနှင့် လုပ်ထုံးလုပ် နည်းဆိုင်ရာဝန်းကျင် တိုးတက်ကောင်းမွန်စေရေးလုပ်ငန်းကော်မတီ"နှင့် စပ်လျဉ်း၍လည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်ထူးက "ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေး မြှင့်တင်ရေးလုပ်ငန်းကော်မတီ"နှင့်စပ်လျဉ်း၍လည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က "စီးပွားရေးနှင့် ဝန်ဆောင်မှုလုပ် ငန်းများတွင် နိ်ုင်ငံ၏ အခန်း ကဏ္ဍအား ပြန်လည် ရေးဆွဲရေးလုပ်ငန်းကော်မတီ"နှင့်စပ်လျဉ်း၍လည်းကောင်း၊ သက်ဆိုင်ရာ လုပ်ငန်းကော်မတီများအလိုက် ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက် ဆောင်ရွက်သွား မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။
အကြံပြုဆွေးနွေး
ထို့နောက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင်များဖြစ်ကြ သည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော အခြေအနေများကိုလည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ဆောင်ရွက်နေမှုများနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးနေမှု အခြေအနေများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က က္ဘာလှည့်ခရီးသွားများ ပိုမိုဝင်ရောက် မှု အခြေအနေနှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့်သက်ဆိုင်သည့် ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းနိုင်ရေးအတွက် ဥပဒေပိုင်းဆိုင်ရာအကြံပြုချက်များကို ဆောင်ရွက်ပေးနေမှုအခြေအနေများ ကိုလည်းကောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေရရှိနိုင်ရေး ဆောင်ရွက်ပေးနေ မှု အခြေအနေနှင့် ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေ များနှင့် ချေးငွေရရှိရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း အကြံပြုဆွေးနွေး ကြသည်။
ထို့နောက် Ease of Doing Business Ranking တိုးတက်ရေး လုပ်ငန်းအဖွဲ့ အတွင်းရေးမှူး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက Doing Business Ranking နှစ်အလိုက် ရရှိမှုအခြေအနေနှင့် အဆင့်တိုးတက်ရေးအတွက် ရှေ့ဆက်ဆောင် ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် Doing Business အစီရင်ခံစာနှင့် ပတ်သက် ၍ òန်းကိန်းနယ် ပယ်အလိုက် ဆက်လက်ဆွေးနွေးတင်ပြရာတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ၊ òန်ကြားမှုဦးစီးဌာန ခေတ္တòန်ကြား ရေးမှူးချုပ် ဦးသန့်ဇင်လွင်၊ ပြည်တွင်းအခွန်များဦးစီးဌာန ဒုတိယ òန်ကြားရေးမှူးချုပ် ဦးဇေယျာကြည်ညွန့်၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်òန်ကြားရေးမှူး ဦးစောဝင်းမောင်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာန òန်ကြားရေး မှူးချုပ် ဦးသက်နိုင်ဦး၊ မြန်မာနိုင်ငံတော် ဗဟို ဘဏ် òန်ကြားရေးမှူးချုပ် ဒေါ်မေတိုးဝင်း၊ ကုန်သွယ်ရေးဦးစီးဌာန òန်ကြားရေးမှူးချုပ် ဦးမင်းမင်း၊ ပြည်ထောင်စုတရားစီရင်ရေး ကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုး တို့က ၎င်းတို့နှင့် သက်ဆိုင်သည့်ညွှန်းကိန်းနယ်ပယ်အလိုက် Ease of Doing Business Ranking တိုးတက်ရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြ သည်။
ထို့နောက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ရှင်းလင်းတင်ပြ ချက်များနှင့် စပ်လျဉ်း ၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်း အဝေးကို ရုပ်သိမ်းလိုက်သည်။ သတင်းစဉ်

No comments:

Post a Comment