Friday, May 3, 2019

ဒီမိုကရေစီစနစ်အားကောင်းရန် မီဒီယာလွတ်လပ်ခွင့်သည်
မရှိမဖြစ်အရေးကြီးသည်ဟု အသိအမှတ်ပြု
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ
ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day)အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ
Image may contain: text
၂၀၁၉ ခုနှစ်၊ မေလ ၃ ရက်
(၁၃၈၁ ခုနှစ်၊ တန်ခူးလကွယ်နေ့)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရှိ စာနယ်ဇင်းသမားများအားလုံး ကောင်းမြတ်သည့် ကျက်သရေ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။ က္ဘာ့ လူ့အခွင့်အရေးကြေညာစာတမ်း၏ အပိုဒ်(၁၉)နှင့်အညီ ဒီမိုကရေစီနိုင်ငံများ၏ စံနှုန်းတစ်ခုဖြစ်သည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို မြှင့်တင်အားပေးနိုင်ရန်အတွက် ၁၉၉၃ ခုနှစ်မှစတင်ပြီး ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့် နေ့ကို နှစ်စဉ်ကျင်းပလျက်ရှိပါသည်။
၁၉၉၁ ခုနှစ်က နမီးဘီးယားနိုင်ငံ၊ ဝင်းဟုတ်မြို့တွင် အာဖရိကတိုက်သား စာနယ်ဇင်းသမားများက စာနယ်ဇင်း လွတ်လပ်ခွင့်ဆိုင်ရာ အခြေခံသဘော တရားများကို ဝင်းဟုတ်ကြေညာချက်အဖြစ် ထုတ်ပြန်ခဲ့သည့် မေလ ၃ ရက် နေ့အား ကမ္ဘာစာနယ်ဇင်းလွတ်လပ်ခွင့်နေ့အဖြစ် ၁၉၉၃ ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံကြီးက အတည်ပြုသတ်မှတ်ခဲ့ခြင်း ဖြစ်ပါ သည်။
နှစ်စဉ်ဦးတည်ချက်များချမှတ်
စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုင်ရာ အခြေခံသဘောတရားများကို အလေး အမြတ်ပြုရန်၊ ကမ္ဘာ့နိုင်ငံအသီးသီးရှိ စာနယ်ဇင်းလွတ်လပ်ခွင့် အခြေအနေ များကို သုံးသပ်အကဲဖြတ်ရန်၊ သတင်းမီဒီယာများ၏ လွတ်လပ်ခွင့်အပေါ် တိုက်ခိုက်မှုများမှ ကာကွယ်ရန်နှင့် သတင်းလုပ်ငန်းခွင်များတွင် အသက်မွေး ဝမ်းကျောင်းလုပ်ကိုင်ဆောင်ရွက်ရင်း အသက်ပေးခဲ့ရသည့် စာနယ်ဇင်းသမား များကို ချီးကျူးဂုဏ်ပြုရန်စသည့် ရည်ရွယ်ချက်များဖြင့် ကမ္ဘာစာနယ်ဇင်း လွတ်လပ်ခွင့်နေ့အား နှစ်စဉ်ဦးတည်ချက်များချမှတ်ပြီး ကျင်းပလေ့ရှိပါသည်။
ယခုနှစ်အတွက် ဦးတည်ချက်မှာ "ဒီမိုကရေစီအတွက် မီဒီယာ၊ သတင်းအမှားများ ကြားမှ စာနယ်ဇင်းနှင့် ရွေးကောက်ပွဲများ "(Media for Media for Democracy: Journalism and Elections in Times of Disin- emocracy: Journalism and Elections in Times of Disinformation) ormation)" ဟူ၍ ဖြစ်ပါသည်။ က္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အခမ်း အနားကို နိုင်ငံများတွင် လှည့်လည်ပြီး နှစ်စဉ်ကျင်းပလျက်ရှိရာ ယခုနှစ် အခမ်းအနားကို အီသီယိုးပီးယားဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ မြို့တော် အက်ဒစ်အက်ဘာဘာမြို့တွင် ကျင်းပသွားမည်ဖြစ်ပါသည်။ မိမိတို့ နိုင်ငံအနေဖြင့်လည်း ကမ္ဘာစာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် အခမ်းအနားကို ၂၀၁၂ ခုနှစ်မှ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုဆိုလျှင် ရှစ်နှစ် တိုင်ခဲ့ပြီဖြစ်ပါသည်။ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေဖြင့် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့်ပတ်သက်ပြီး ဦးဆောင်ဦးရွက်ပြုနေသည့် အဖွဲ့အစည်း တစ်ခုဖြစ်သည့်အားလျော်စွာ ယနေ့အခမ်းအနားကို ပထမဦးဆုံးအကြိမ် ခမ်းနားစွာ ကျင်းပနိုင် သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါသည်။
လွတ်လပ်စွာဖော်ထုတ်ခွင့်ရှိ
က္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ ၌ "လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နှင့် လွတ်လပ်စွာထုတ်ဖော်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများတွင် ထင်မြင်ယူဆချက်များကို အနှောင့် အယှက်ကင်းစွာဖြင့် လွတ်လပ်စွာစွဲကိုင်ခွင့်အပြင် သတင်းအချက်အလက်နှင့် အတွေးအခေါ်အယူ အဆများကို သတင်းမီဒီယာတစ်ရပ်ရပ်မှတစ်ဆင့် နယ်နိမိတ်အပိုင်းအခြား မရှိရှာဖွေဆည်းပူးခွင့်၊ လက်ခံခွင့်နှင့် ဖြန့်ချိခွင့်တို့လည်းပါဝင်သည်"ဟု ဖော်ပြ ထားပါသည်။ ထို့အတူ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀ဝ၈ ခုနှစ်) ပုဒ်မ ၃၅၄(က) တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့် တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်ရှိကြောင်း ပြဋ္ဌာန်းထားပါသည်။
သတိပြုရန်လို
ထို့ကြောင့် လွတ်လပ်မှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုတို့အကြား မျှတစွာ စဉ်းစားချင့်ချိန်ပြီး စာနယ်ဇင်း လွတ်လပ်မှုကို ရယူအသုံးချကြရန် လိုအပ်ပါ သည်။ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၂၉ (၂) ၌လည်း "မိမိ၏အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ကျင့်သုံးရာတွင် လူတိုင်းသည် အခြားသူများ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အသိအမှတ် ပြု၍ လေးစားရန်အလို့ငှာလည်းကောင်း၊ ဒီမိုကရေစီလူ့ အဖွဲ့အစည်းတွင် တရားမျှတသော လိုအပ်ချက်များဖြစ်သည့် ကိုယ်ကျင့်တရား၊ အများပြည်သူ အေးချမ်းသာ ယာရေးနှင့် အကျိုးစီးပွားဖြစ်ထွန်းရေးတို့ကို ဖြည့်ဆည်းရန် အလို့ငှာလည်းကောင်း၊ ဥပဒေအရ သတ်မှတ်ထား သည့် ကန့်သတ်ချက်များ အတိုင်းသာ ကျင့်သုံးပိုင်ခွင့်ရှိသည်"ဟု အတိအလင်း ဖော်ပြထားသည်ကို အထူးသတိပြုရန်လိုအပ်ပါသည်။
ဒီမိုကရေစီနိုင်ငံတစ်ခုတွင် အမြဲကြုံတွေ့နေရမည့် လုပ်ငန်းစဉ်တစ်ခု မှာ ရွေးကောက်ပွဲများဖြစ်ပါသည်။ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက် ပွဲများဖြစ်ရန်နှင့် နိုင်ငံအကျိုးသယ်ပိုးနိုင်မည့်သူများကို ရွေးချယ်နိုင်ရေး အတွက် မီဒီယာများသည် အရေးပါသောအခန်းကဏ္ဍတွင် ရှိပါသည်။ ပြည်သူ များ ရွေးကောက်ပွဲဆိုင်ရာ အသိပညာဗဟုသုတများ ပြည့်ဝစွာရရှိရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရေးလုပ်ငန်းများ အောင်မြင် ရေးတို့အတွက် ယခုနှစ် က္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့၏ ရည်ရွယ်ချက် များနှင့်အညီ စာနယ်ဇင်းများက ကြိုးပမ်းဆောင်ရွက်ပေးကြရန် လိုအပ်ပါ သည်။
မီဒီယာ၏အား မလွဲမသွေလိုအပ်
နိုင်ငံတကာရွေးကောက်ပွဲများတွင် သတင်းမှားများ၊ လုပ်ကြံသတင်း များကို အသုံးပြုပြီး မဲဆန္ဒရှင်ပြည်သူလူထု၏ သဘောထားအမြင်များကို ပဲ့ကိုင်ထိန်းကျောင်းရန် ကြိုးပမ်းခြင်း၊ တစ်ဖက်နှင့်တစ်ဖက် အခြေအမြစ် မရှိသည့် စွပ်စွဲချက်များနှင့် ထိုးနှက်တိုက်ခိုက်ခြင်းများကို တွေ့မြင်ကြားသိနေရ ပါသည်။ ထိုလုပ်ကြံသတင်းများသည် ထိန်းကျောင်းမှုအားနည်းသည့် လူမှု မီဒီယာလမ်းကြောင်းများမှတစ်ဆင့် အမြောက်အမြား ထွက်ပေါ်လာလေ့ ရှိပြီး လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်ဆိုသော မွန်မြတ်လှသည့် အခြေခံ လူ့အခွင့်အရေးကို အရုပ်ဆိုး အကျည်းတန်စွာ အလွဲသုံးစားပြုနေကြပါသည်။ ထိုအရာများကို လမ်းမှန်ရောက်စေရန် မှန်ကန်သည့် မီဒီယာကျင့်ဝတ်များဖြင့် တာဝန်သိသိ ထိန်းကျောင်းပဲ့ပြင်ပေးသွားရန်မှာ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်နားလည်သူ စာနယ်ဇင်းသမားများ၏ တာဝန်ဖြစ်ပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် လွတ်လပ်သောမီဒီယာနှင့် ဒီမိုကရေစီသည် အစဉ်အမြဲ ယှဉ်တွဲနေသည်ဟု ယုံကြည်ပါသည်။ ဒီမိုကရေစီအသွင်ကူးပြောင်း ရေးတွင် မီဒီယာ၏ "အား"မလွဲမသွေလိုအပ်သည်ဟုခံယူပါသည်။ ဒီမိုကရေစီ စနစ် အားကောင်းရန်အတွက် မီဒီယာလွတ်လပ်ခွင့်သည် မရှိမဖြစ်အရေးကြီး သည်ဟု အသိ အမှတ်ပြုပါသည်။
ထို့ကြောင့် နိုင်ငံတော်အစိုးရက ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဦးတည်ကြိုးပမ်းလျက်ရှိရာတွင် မီဒီယာ၏အခန်း ကဏ္ဍကို များစွာအရေးထားလျက်ရှိပါသည်။ နိုင်ငံတော်တည် ဆောက်ရေးလုပ်ငန်းစဉ်များ၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များအတွက် အနှောင့် အယှက်ဖြစ်စေမည့် ပဋိပက္ခအကဲဆတ်မှုများ၊ သတင်းမှားများ၊ အမုန်းစကားများ၊ မျှတမှုမရှိသည့် တစ်ဖက်သတ် သတင်းဖော်ပြမှုများကိုလည်း ကျင့်ဝတ်နှင့်အညီ စောင့်ထိန်းကျင့်သုံးပေးကြရန် လိုအပ်ပါသည်။
ယနေ့အချိန်အခါတွင် မီဒီယာ၏အခန်းကဏ္ဍမှာ သိသိသာသာ ပြောင်းလဲသွားပြီ ဖြစ်ပါသည်။ မီဒီယာသည် အစိုးရကို ဝေဖန်ထောက်ပြသူ၊ လူတစ်ဦးချင်း၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သူ၊ လူ့အဖွဲ့အစည်း အရေးကို ပိုမိုအာရုံစိုက်တတ်လာစေရန်အတွက် ပြည်သူလူထုကို အသိပညာ ပေးသူ၊ ပြည်သူလူထုနှင့် အစိုးရအကြား ပေါင်းကူးပေးသူ စသည့် တာဝန်များ ကိုလည်း ဆောင်ရွက်နေကြသည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။
ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်
ပြည်သူ့အစိုးရအနေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတွင် စိန်ခေါ်မှုများကြားက နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ လူ့အဖွဲ့ အစည်းအတွင်း တရားမျှတရေးနှင့် နိုင်ငံသားအခွင့်အရေးများ မဆုံးရှုံးစေရေး စသည့်အခြေခံကောင်းများ ရရှိတည်တံ့စေရန် ကြိုးပမ်းလျက်ရှိပါသည်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၏ "အား"ဖြစ်သော မီဒီယာများအနေဖြင့် လည်း သတင်းအချက်အလက် တိကျမှန်ကန်မှုရှိရေး၊ ပဋိပက္ခဖြစ်စေနိုင်သော လှုံ့ဆော်ရေးသားမှုနှင့် သတင်းရေးသားသူ၏ ထင်မြင်ယူဆချက်နှင့်အာဘော် လုံးဝမပါရှိစေရေးတို့ကို စိစစ်ရွေးချယ်ဖော်ပြခြင်းဖြင့် ပြည်သူလူထု လိုလား တောင့်တနေသော ဒီမိုကရေစီခရီးကို အထောက်အပံ့ပေးစေလိုပါသည်။
စာနယ်ဇင်းသမားများအနေဖြင့်လည်း မိမိတို့၏ မီဒီယာဆိုင်ရာ အရည် အသွေးများကို အစဉ်တစိုက် ကြိုး ပမ်းမြှင့်တင်ကြပြီး ဒီမိုကရေစီရေးကို ကာကွယ်သော စာနယ်ဇင်းသမားများဖြစ်အောင် ကြိုးစားကြပါ။ ပြည်သူ လူထုအကြား ဒီမိုကရေစီအသိပညာများပြန့်ပွားရန် ပံ့ပိုးကူညီကြ၍ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေးတွင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြပါဟု အလေးအနက်တိုက်တွန်းအပ်ပါသည်။
ဝင်းမြင့်
နိုင်ငံတော်သမ္မတ
ဒီမိုကရေစီစနစ်အားကောင်းရန် မီဒီယာလွတ်လပ်ခွင့်သည်
မရှိမဖြစ်အရေးကြီးသည်ဟု အသိအမှတ်ပြု
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ
ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day)
အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

No comments:

Post a Comment