Friday, May 3, 2019

အင်အားပြင်းထန်သည့် ဆိုင်ကလုန်းမုန်တိုင်းဖန်နီ အိန္ဒိယသို့ ဦးတည်မုန်တိုင်းဝင်ရောက်မည့်လမ်းကြောင်းဒေသမှ လူအမြောက်အမြားကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့
Image may contain: 1 person, sky and outdoor

နယူးဒေလီ မေ ၂
လေတိုက်နှုန်းတစ်နာရီလျှင် ကီလိုမီတာ ၂၀ဝ (၁၂၅ မိုင်) အထက်ရှိပြီး မိုးသည်းထန်စွာ ရွာသွန်းစေနိုင်သည့် အင်အားပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်းဖန်နီသည် အိန္ဒိယနိုင်ငံသို့ ဦးတည်ရွေ့လျားနေခြင်းကြောင့် မုန်တိုင်း ဝင်ရောက်လာမည့် လမ်းကြောင်းတစ်လျှောက်တွင် ကျရောက်သည့် အိန္ဒိယနိုင်ငံအရှေ့ပိုင်းဒေသတွင် လူဦးရေ ၈၀ဝ၀ဝ၀ နီးပါးကို ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်း ထားခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက မေ ၂ ရက်တွင် ပြောကြားသည်။
အင်အားအလွန်ပြင်းထန်သည့် ဆိုင်ကလုန်းမုန်တိုင်း ဖန်နီကြောင့် သြရိဿပြည်နယ်တွင် မေ ၃ ရက် မွန်းလွဲ ပိုင်းတွင် မြေပြိုမှုများဖြစ်ပေါ်နိုင်မည်ဟု မျှော်လင့်ထား ကြောင်း၊ ယင်းမုန်တိုင်းသည် အလွန်လျင်မြန်သောနှုန်းဖြင့် အရှေ့မြောက်ဘက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဦးတည် ရွေ့လျားသွားမည်ဖြစ်ကာ ယင်းဦးတည်ရွေ့လျားရာ လမ်းကြောင်းတစ်လျှောက်တွင် လူဦးရေသန်း ၁၀ဝ ကျော် နေထိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနက ပြောကြားသည်။
အင်အားပြင်းထန်သည့် မုန်တိုင်းတိုက်ခတ်ခြင်းနှင့် အတူ မိုးသည်းထန်စွာရွာသွန်းခြင်းများ အဆိုပါဒေသများ ၌ ဖြစ်ပေါ်မည်ဖြစ်ပြီး သြရိဿပြည်နယ်၏ မြေနိမ့်ပိုင်းဒေသ များ၌ ရေလွှမ်းမိုးမှုများ ၁ ဒသမ ၅ မီတာ(ငါးပေ)ခန့်အထိ ဖြစ်ပေါ်နိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနက ပြောကြား သည်။
သြရိဿပြည်နယ်တွင်းရှိ မုန်တိုင်းအ္တရာယ်ခံစား ရဖွယ်ရှိသည့် ခရိုင်ပေါင်း ၁၃ ခုထက်မနည်းမှ ပြည်သူ ၇၈၀ဝ၀ဝ ခန့်ကို မေ ၁ ရက် တစ်ညလုံးတွင် လုံခြုံစိတ်ချရ သည့်နေရာများသို့ ရွှေ့ပြောင်းထားပြီးဖြစ်ကြောင်းနှင့် ပြည်နယ်အတွင်း နေထိုင်သူဦးရေ ၄၆ သန်းမှာ မုန်တိုင်း အ္တရာယ်ကို ရင်ဆိုင်ကြုံတွေ့ရမည်ဟု ပြည်နယ်ကယ်ဆယ် ရေးဌာန တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီသို့ ပြောကြား သည်။
လာမည့် ၁၂ နာရီအတွင်း အ္တရာယ်ရှိသော ဇုန်အတွင်းမှ လူပေါင်းတစ်သန်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်မည်ဟု မျှော်လင့်ထားကြောင်း သြရိဿ ပြည်နယ် အထူးကယ်ဆယ်ရေး မင်းကြီးဘစ်ရှ်မုပါဒါ ဆတ်ဟီက အေအက်ဖ်ပီသို့ ပြောကြားသည်။
ပြည်နယ်အတွင်းရှိ စာသင်ကျောင်းများနှင့် အစိုးရ အဆောက်အအုံများ၌ ယာယီခိုလှုံရေးစခန်းပေါင်း ၃၀ဝ၀ ကို ဖွင့်လှစ်ထားပြီး ယင်းစခန်းများ၌ လူပေါင်း တစ်သန်း ကျော် ဝင်ဆံ့သည်ဟု ဆိုသည်။ ယာယီခိုလှုံရေးစခန်းများ ၌ ခိုလှုံသူများအား ထောက်ပံ့ရန် ရိက္ခာခြောက်အထုပ်ပေါင်း ၁၀ဝ၀ဝ၀ကျော်ကို အဆင်သင့်ထားရှိကြောင်း သိရသည်။
ဆိုင်ကလုန်းမုန်တိုင်းဖန်နီသည် ဆယ်စုနှစ် နှစ်ခုနီးပါး အတွင်း အိန္ဒိယနိုင်ငံအရှေ့ပိုင်းသို့ တိုက်ခတ်ခဲ့သည့် အကြီး မားဆုံး ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပြီး ၎င်းမုန်တိုင်းသည် ဘင်္ဂလားပင်လယ်အော်အတွင်း အရှိန်ယူအစပျိုးကာ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းကမ်းခြေဆီသို့ မှန်မှန်ဦးတည်လာ နေကြောင်း မေ ၂ ရက် သတင်းများ၌ ဖော်ပြသည်။
ယင်းမုန်တိုင်း၏ ပြင်းအားကို အဆင့် ၃ သို့မဟုတ် ၄ အဖြစ် သတ်မှတ်ထားသည်။ မုန်တိုင်းဗဟိုချက်၏လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၈၀ မှ ၁၉၀ ကီလိုမီတာ ရှိပြီး တစ်နာရီလျှင် ကီလိုမီတာ ၂၀ဝ အထက်လည်း တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းထားသည်။ အေအက်ဖ်ပီ

No comments:

Post a Comment