Friday, May 3, 2019

အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖန်တီးပေးနိုင်သည့် SME နှင့် MSME လုပ်ငန်းများ အောင်မြင်ဖွံ့ဖြိုးတိုးတက်ရန် အထူးလိုအပ်
Image may contain: 2 people, people sitting and indoor
နေပြည်တော် မေ ၂
အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖန်တီးပေးနိုင်သော ပြည်တွင်းစက်မှုလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်း ကျော်ရှိသည့် SME နှင့် MSME လုပ်ငန်းများ အောင်မြင်ဖွံ့ဖြိုး တိုးတက်ရေးသည် အလွန်အရေးကြီးကြောင်း အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချိုက ပြောကြားလိုက်သည်။
စိန်ခေါ်မှုတစ်ရပ်ဖြစ်နေ
ထို့အပြင် စီးပွားရေးလုပ်ငန်းတစ်ခုတိုးတက်စေရန် ကုန်ထုတ်အင်အားစုများဖြစ်သည့် မြေယာ၊ လုပ်အား၊ အရင်းအနှီးများ လိုအပ်လျက်ရှိရာ နိုင်ငံအတွင်း မြေယာ များ ဈေးကြီးနေခြင်း၊ ကျွမ်းကျင်လုပ်သားများ ရှားပါးနေ ခြင်းနှင့် လုပ်ငန်းတိုးချဲ့လိုလျှင်လည်း ကိုယ်ပိုင်အရင်းအနှီး ဖြင့် မလုံလောက်ခြင်းတို့ကလည်း စိန်ခေါ်မှု တစ်ရပ်ဖြစ်နေ ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး တွင် ပြည်တွင်းစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရန်အတွက် ရင်းနှီးမြှုပ်နှံမှုမူဝါဒများကို ပြန်လည် သုံးသပ်ပြီး Global Supply Chain တွင် ပြည်တွင်းထုတ်လုပ်မှုများ အချိုးအစားတစ်ခုအဖြစ် ပါဝင်နိုင်စေရေးနှင့် လိုအပ်သော ငွေကြေး၊ နည်းပညာ အထောက်အပံ့များရရှိစေရေး ကူညီဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရသို့ တိုက်တွန်း ကြောင်း အဆိုတင်သွင်းရာတွင် ဒေါ်ချိုချိုက အထက်ပါ အတိုင်း ဆွေးနွေးပြောကြားလိုက်ခြင်းဖြစ်သည်။
အဆိုကို တင်သွင်းခြင်းဖြစ်
ရပ်တန့်သလိုဖြစ်နေသည့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများအတွက် လိုအပ်သော ငွေကြေး၊ နည်းပညာ အထောက်အပံ့များကို ချောမွေ့လွယ်ကူစွာပေးနိုင်ရေး၊ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံလိုသူများ ကြုံတွေ့နေရ သည့် အခက်အခဲများ၊ အချိန်ကြန့်ကြာပြီး လုပ်ငန်း အကောင်အထည်ဖော်နိုင်မှု နှောင့်နှေးစေသည့် တင်းကျပ် သည့် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ၊ ရှုပ်ထွေးလှ သည့် Process များကို ဖြေလျှော့ပေးနိုင်ရေး၊ နိုင်ငံတော် ၏ မူဝါဒဖြစ်သည့် တိုင်းပြည်စီးပွားရေးတိုးတက်စေရန် အတွက် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ဆက်လက် ရှင်သန်ရပ်တည်နိုင်ရန် နိုင်ငံတော်အနေဖြင့် ဝင်ရောက် ကူညီခြင်းဖြင့် အခြေအနေကောင်းမွန်လာပြီး တိုင်းပြည်၏ စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဤအဆိုကို တင်သွင်းခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဒေါ်ချိုချိုက တိုင်းပြည်၏ Supply Chain အခွင့်အလမ်းများ တိုးတက်လာမှုသည် FDI များ စုပြုံ ဝင်ရောက်လာမှု၏ လှုံ့ဆော်မှုကြောင့်ဖြစ်ပြီး တည်ငြိမ် သည့် စီးပွားရေးဝန်းကျင်ကောင်း၊ ငယ်ရွယ်သော လူ့စွမ်း အားအရင်းအမြစ်၊ ကဏ္ဍအလိုက် သက်သာသော ထုတ်လုပ်မှုကုန်ကျစရိတ်များသည် FDI များ ဝင်ရောက် လာစေရေးကို အထောက်အကူပြုကြောင်း။
FDI များ ဝင်ရောက်လာမှုကို အားနည်းစေ
FDI များသည် လုပ်အားအခြေပြု ကုန်ပစ္စည်းများ ထုတ်လုပ်မှုကဏ္ဍဖြစ်သည့် ွှှု ပစ္စည်းများ၊ အီလက်ထရွန် နစ်အသုံးအဆောင်များ ဝင်ရောက်လာနိုင်သည့်အတွက် တပ်ဆင်ထုတ်လုပ်မှုလုပ်ငန်းများ အလျင်အမြန် ကျယ်ပြန့် လာသော်လည်း အမျိုးမျိုးသော ကုန်ထုတ်လုပ်မှုသွင်းအား စုများ၊ ကုန်ကြမ်းများ ထုတ်လုပ်သည့် အထောက်အကူပြု စက်မှုလုပ်ငန်းများ အားနည်းနေဆဲဖြစ်သောကြောင့် စက်မှုလုပ်ငန်း သွင်းအားစု ထုတ်လုပ်သည့် ှကစစူငနမျ များသည် ကုန်ကျစရိတ်သက်သာသော ကုန်ပစ္စည်းများနှင့် ထောက်ပံ့ပို့ ဆောင်နိုင်သည့်နိုင်ငံများတွင် ရင်းနှီးမြှုပ်နှံရန် ပိုမိုစိတ်ဝင်စားပြီး စဉ်းစားရွေးချယ်လာကြကြောင်း၊ ယနေ့ အထိ အထောက်အပံ့ စက်မှုလုပ်ငန်းများမဖွံ့ဖြိုးခြင်း၊ ကျွမ်းကျင်လုပ်သားနှင့် နည်းပညာရှင်များ အားနည်းခြင်း၊ ကျယ်ပြန့်သည့် ထုတ်ကုန်အမျိုးမျိုးသည် ပြည်ပမှ တင်သွင်းမှုအပေါ် မှီခိုနေဆဲဖြစ်ခြင်း စသည့်အချက်များ ကြောင့် FDI များ ဝင်ရောက်လာမှုကို အားနည်းစေပါ ကြောင်း။ ထို့ကြောင့် နိုင်ငံတော်မှ သက်သာသောနှုန်းဖြင့် မြေများငှားရမ်းပေးခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနမှ အရည်အသွေးမြှင့်တင်သည့် သင်တန်းများ ဖွင့်လှစ် ပေးခြင်း၊ ပြည်ပမှ လာရောက်လုပ်ကိုင်သည့် ကျွမ်းကျင်လုပ်သားများနှင့်အတူ ပြည်တွင်းရှိ ကျွမ်းကျင်လုပ်သားများကိုလည်း အလုပ်ခွင်တွင် စိတ်ပါဝင်စားစွာ လုပ်ဆောင်နိုင်ရေးအတွက် ထိုက်သင့်သော လစာ၊ အကျိုးခံစားခွင့်များ၊ ရသင့်ရထိုက်သည့် အခွင့်အရေးများကို ပေးသင့်ကြောင်း နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများ၏ ရွေးချယ်မှု၊ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် နိုင်ငံတော် အစိုးရမှ ဖြည့်ဆည်း ပေးရမည့်အခြေအနေများကို ထည့်သွင်းဆွေးနွေးခဲ့သည်။
တင်းကျပ်သည့် စည်းကမ်း
ယခုလက်ရှိအခြေအနေတွင် JICA ချေးငွေ two step lone, MEB တို့မှ ချေးငွေများ ထုတ်ချေးပေးလျက်ရှိသကဲ့သို့ ပုဂ္ဂလိကဘဏ်များကလည်း ချေးငွေများ ထုတ်ချေးပေးလျက်ရှိသော်လည်း တင်းကျပ်သည့် စည်းကမ်း များကြောင့် ပကတိမြေပြင်အခြေအနေတွင် ချေးငွေရရှိရေးတွင် စိတ်ပျက်မှု များဖြင့်သာ အဆုံးသတ်နေရကြောင်း SME လုပ်ငန်းရှင်များ၏ ပြောကြား ချက်အရ သိရကြောင်း။
ထို့ပြင် အတိုးနှုန်းအနေဖြင့်လည်း ပြင်ပမှ အတိုးနှုန်းနှင့်နှိုင်းယှဉ်လျှင် အနည်းငယ်သက်သာမှုရှိသော်လည်း လုပ်ငန်းရှင်များအတွက် လုပ်ငန်း လုပ်ဆောင်ရာတွင် ကြီးမားသည့် အတိုးနှုန်းဖြစ်နေကြောင်း၊ ထို့ကြောင့် SME ချေးငွေကို အားပေးသည့်အနေဖြင့် အခြားဘဏ်ချေးငွေများနည်းတူ အတိုးနှုန်းမယူဘဲ သက်သာသော အတိုးနှုန်းဖြင့် ချေးပေးသင့်သကဲ့သို့ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကိုလည်း တတ်နိုင်သလောက် လျှော့ပေါ့ ပေးရန် အထူးလိုအပ်ကြောင်း။
SME ချေးငွေများကို ထုတ်ချေးပေးနေသော်လည်း လက်တွေ့တွင် SME လုပ်ငန်းရှင်အများစုသည် မရရှိသူများ များပြားနေသည့်အတွက် ပေးကားပေး၏ မရဖြစ်နေရကြောင်း၊ SME လုပ်ငန်းအများစုသည် အရင်းအနှီး ကြီးကြီးမားမားမရှိသည့်အတွက် လုပ်ငန်းမတိုးချဲ့နိုင်ခြင်း၊ လုပ်ငန်းသည်လည်း မကြီးကျယ်သည့်အတွက် ချေးငွေရရန် အခွင့်အလမ်းနည်းပါးခြင်းဖြင့် မုန့်လုံး စက္ကူကပ်ကိန်း ဆိုက်နေရပါကြောင်း။
ထိုသို့သော အခြေအနေများတွင် ှနြယ SME လုပ်ငန်းများ အောင်မြင်ရန်အတွက် အခက်အခဲရှိနေပြီး မြန်မာနိုင်ငံ၏ စက်မှုလုပ်ငန်းများ တိုးတက်ရေးကိုလည်း အဟန့်အတားဖြစ်နေပါကြောင်း၊ SME , MSME လုပ်ငန်းများ တိုးတက်လာပြီး ၎င်းတို့ထုတ်လုပ်သော ကုန်ပစ္စည်းများသည် အရည်အသွေးအားဖြင့် မြင့်မားပြီး အရေအတွက်တိုးခြင်းဖြင့် ကမ္ဘာ့ဈေးကွက်တွင် တခြားနိုင်ငံမှထုတ်လုပ်သော ကုန်ပစ္စည်းများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး Global Supply Chain တွင် ပြည်တွင်းထုတ်လုပ်မှုလုပ်ငန်းများ အချိုး အစားတစ်ခုအဖြစ် ပါဝင်နိုင်စွမ်းရှိလာမည်ဖြစ်ပါကြောင်း SME လုပ်ငန်းများ တွေ့ကြုံနေရသည့် အခက်အခဲများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ခေတ်သစ်ဈေးကွက်တစ်ခု
Global Supply Chain တွင် ပြည်တွင်းထုတ်လုပ်မှုများ အချိုးအစား တစ်ခုအဖြစ် ပါဝင်နိုင်ရေးနှင့်စပ်လျဉ်း၍ ဒေါ်ချိုချိုက ဗီယက်နမ်သည် ကနဦး တွင် လုပ်အားအခြေပြု ကုန်ပစ္စည်းထုတ်လုပ်မှုတွင် ဆွဲဆောင်မှုရှိသော ဒေသအဖြစ် ရပ်တည်လာရာမှ (အဝတ်အထည်၊ ဖိနပ်)၊ ယခုအခါတွင် IT နှင့် အဆင့်မြင့်နည်းပညာသုံးပစ္စည်းထုတ်လုပ်မှုတွင် အာရှထိပ်တန်းနိုင်ငံများ တွင် ပါဝင်လာကာ ရလဒ်အဖြစ် တန်ဖိုးမြှင့်ထုတ်လုပ်မှုကဏ္ဍအပေါ် အခြေခံ ၍ လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှု၊ ဆောက်လုပ်ရေး၊ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်မှု၊ ဟိုတယ်နှင့် အစားအသောက်ဝန်ဆောင်မှု Real Estate နှင့် အခြားစီးပွားရေး ဝန်ဆောင်မှုလုပ်ငန်းများ မှန်မှန်မြင့်တက်ဖွံ့ဖြိုးလာပြီး ဝန်ဆောင်မှုလုပ်ငန်း ရင်းနှီးမြှုပ်နှံသူများအတွက် ဗီယက်နမ်သည် အကျိုးအမြတ်များသော ခေတ်သစ်ဈေးကွက်တစ်ခု ဖြစ်လာခဲ့ကြောင်း။
ထို့ကြောင့် ကုန်ချောထုတ်လုပ်သူ နိုင်ငံခြားကုမ္ပဏီများနှင့် ချိတ်ဆက်၍ တပ်ဆင်ထုတ်လုပ်မှုလုပ်ငန်းစဉ်များတွင် ကန်ထရိုက်စနစ်(သို့) တစ်ဆင့်ခံ ကန်ထရိုက်စနစ် အစီအစဉ်များဖြင့် ပါဝင်ဆောင်ရွက်နိုင်ပါကြောင်း။
ထို့ပြင် ပြည်တွင်းမှထွက်ရှိသော ကုန်ကြမ်းများကို ကုန်ချောဖြစ်အောင် ထပ်ဆင့်ပြုပြင်လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အရှုံးပေါ်၍ ရပ်ဆိုင်း ထားရသည့် နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံများကို PPP စနစ်၊ ပုဂ္ဂလိကကို တိုက်ရိုက်အငှားချသောစနစ်၊ ပုဂ္ဂလိကလုပ်ငန်းရှင်များကို အပြတ်ရောင်းချ သောစနစ် စသည့် နည်းလမ်းများဖြင့် စက်ရုံများ ပြန်၍လည်ပတ်နိုင်စေရေး ကိုလည်း ပွင့်လင်းမြင်သာပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် အစီအစဉ်များနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် Global Supply Chain တွင် ပြည်တွင်းထုတ်လုပ်မှုများ အချိုးအစားတစ်ခုအဖြစ် ပါဝင်နိုင်ရေးကို အထောက် အကူဖြစ်စေမည်ဖြစ်သောကြောင့် လုပ်ဆောင်သင့်သည့် ကိစ္စရပ်များကို အချိန်မဆွဲဘဲ ပွင့်လင်းမြင်သာစွာဖြင့် လျင်လျင်မြန်မြန် အကောင်အထည် ဖော်ဆောင်ရွက်သင့်ကြောင်း ဆွေးနွေးခဲ့သည်။
ဒေါ်ချိုချို၏ အဆိုနှင့်စပ်လျဉ်း၍ နွားထိုးကြီးမဲဆန္ဒနယ်မှ ဦးနိုင်ထူးအောင် က အမှန်တကယ် ရင်းနှီးမြှုပ်နှံလိုသူများ မြေယာကို သင့်တင့်သည့်ဈေးနှုန်းဖြင့် အသုံးပြုနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးမည်ဆိုပါက ဆောင်ရွက်ပေး နိုင်သည့် အနေအထားရှိပါကြောင်း၊ လတ်တလောအနေဖြင့် အကျိုးရှိရှိ အသုံး မပြုနိုင်သည့် ဌာနဆိုင်ရာပိုင်မြေများ၊ အသုံးမပြုဘဲထားထားသည့် အစိုးရ စီမံခန့်ခွဲခွင့်ရှိသည့် မြေများကို အမှန်တကယ် ရင်းနှီးမြှုပ်နှံမည့်သူများထံ သင့်တင့်သည့်ဈေးနှုန်းသတ်မှတ်ပြီး ငှားရမ်းပေးသင့်ပါကြောင်း၊ ထို့ပြင် ရင်းနှီး မြှုပ်နှံမှုမပြုဘဲ မြေရယူထားသူများထံမှလည်း အမြန်ဆုံး ပြန်လည်သိမ်းဆည်း သင့်ပါကြောင်း။
ဆွဲဆောင်နိ်ုင်ရန်လို
မြန်မာနိုင်ငံ၏ သက်သာသည့်လုပ်အားခသည် ရင်းနှီးမြှုပ်နှံလိုသူများ အတွက် အခွင့်အရေးတစ်ရပ်ဖြစ်ပါကြောင်း၊ သို့သော်လည်း မိမိနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အားသာချက်ရှိသည့် လုပ်ငန်းများနှင့် လုပ်သားများ၏ ကျွမ်းကျင်မှုများ ကိုက်ညီရန်လိုပါကြောင်း၊ ရေရှည်တွင် သက်သာသော လုပ်အားခနှင့်သာ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နေရန်မသင့်ဘဲ လုပ်သား များ၏ ထုတ်လုပ်နိုင်စွမ်းအားမြင့်မားမှုနှင့် ဆွဲဆောင်နိ်ုင်ရန် လိုအပ်ပါ ကြောင်း၊ သို့မှသာ ရင်းနှီးမြှုပ်နှံသူများ အကျိုးရှိရုံသာမက နိုင်ငံသားများလည်း ပိုမို ကောင်းမွန်သည့် လစာရရှိပြီး လူနေမှုမြင့်မားလာမည်ဖြစ်ပါကြောင်း။
ထို့ကြောင့် မိမိတို့နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒ၊ လုပ်ထုံးလုပ်နည်း များကို ယခုထက်ပိုပြီး ထိရောက်လျင်မြန်စွာ ပြုပြင်ပြောင်းလဲရန်နှင့် ရင်းနှီး မြှုပ်နှံမှုများအတွက် လိုအပ်သည့် အခြေခံအဆောက်အဦများ အမြန်ဆုံး ဖြည့်ဆည်းပေးရန် လိုအပ်လျက်ရှိပါကြောင်း ထောက်ခံဆွေးနွေးသည်။
သတင်း - မော်စီ၊ မွှေးကြူဇင်၊ ဓာတ်ပုံ - ထန်းဖုန်

No comments:

Post a Comment