Friday, May 3, 2019

ဂျိုင်းကော့ကရိတ်တံတား၊ အတ္ထရံကြိုးတံတားတို့ကို အသစ်ပြန်လည်တည်ဆောက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ
Image may contain: 1 person, standing
နေပြည်တော် မေ ၂
ယနေ့ ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းဖြေကြား ခြင်း၊ အဆိုနှစ်ခုတင်သွင်းခြင်းနှင့် အစီရင်ခံစာတစ်ခု တင်သွင်းခြင်း တို့ကို ဆောင်ရွက်ကြသည်။
လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချို၏ သွားလာရေးခက်ခဲသော နေရာဒေသများ နှင့် ချောင်းကူး၊ မြောင်းကူးနေရာများတွင် ကုန်ကျတန်ဖိုးမကြီးမားဘဲ ရေရှည် အတွက် လုံခြုံစိတ်ချစွာ အသုံးပြုနိုင်သည့် သံမဏိကြမ်းခင်း၊ သံမဏိကြိုး တံတားငယ်များ တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဝန်ကြီးဌာနအနေ ဖြင့် မြောင်းမြကြိုးတံတား ပျက်ကျပြီးနောက် လက်ရှိကြိုးတံတားများဖြစ်သည့် လပွတ္တာ (ပင်လယ်လေးတံတား)၊ ဝါးခယ်မကြိုးတံတား၊ ရွှေလောင်းကြိုး တံတား၊ မဲဇလီကြိုးတံတား အစရှိသည့် ကြိုးတံတားများအစား သံကူကွန် ကရစ်တံတား များအဖြစ် ပြန်လည်အစားထိုး တည်ဆောက်လျက်ရှိပါကြောင်း။
စံချိန်စံòန်းသတ်မှတ်ချက် တိတိကျကျမရှိသည့် ကြိုးတံတားများကို ဆောင်ရွက်သွားရန် အစီအစဉ်မရှိ
အလားတူ ဂျိုင်းကော့ကရိတ်တံတား၊ အတ္ထရံကြိုးတံတားတို့ကိုလည်း အသစ်ပြန်လည်တည်ဆောက်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်တွင်ရှိသည့် ရာမောင်ကြိုးတံတားကိုလည်း ပြန်လည်တည်ဆောက် ရန်အတွက် ဒီဇိုင်းရေးဆွဲလျက်ရှိပါကြောင်း၊ သတ်မှတ်စံချိန်စံ ညွှန်းများနှင့်ကိုက်ညီသောတံတားများကို တည်ဆောက်လျက်ရှိပါကြောင်း၊ စံချိန်စံညွှန်း ပြည့်မီအောင် မတည်ဆောက်နိုင်သေးပါက ယာယီဘေလီတံတားများ အစားထိုး တည်ဆောက်လျက်ရှိသည့်အတွက် စံချိန်စံòန်းသတ်မှတ်ချက် တိတိကျကျ မရှိသည့် ကြိုးတံတားများကို ဆောင်ရွက်သွားရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
ကနီမဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင်၏ စစ်ကိုင်းတိုင်းဒေသကြီး ခရိုင်ချင်း ဆက် အမှတ်(၄) လမ်းအား စီမံကိန်းရေးဆွဲပြီးဆောင်ရွက်ရန် လိုအပ်မည်ဖြစ် ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြခဲ့သော်လည်း အဆိုပြုလမ်း အဆင့်သာဖြစ်နေ၍ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင် ခြင်း ရှိ၊ မရှိနှင့် ၎င်းခရိုင်ချင်းဆက် အမှတ်(၄)လမ်းပိုင်းပေါ်ရှိ ကနီမြို့နယ်လမ်း အပိုင်း၌ ဂျင်းလမ်းအပိုင်းများပေါ်တွင် ကွန်ကရစ်လမ်းခင်းခြင်းနှင့် မြေသား လမ်းအပိုင်းများပေါ်တွင် ဂျင်းမြေခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင် ခြင်း ရှိ၊ မရှိ သိလိုခြင်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်လင်းက မေးခွန်း၏ ပထမအပိုင်းဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဘုတလင်၊ ကနီ၊ ဒီပဲယင်း၊ ရေဦး၊ တန့်ဆည်၊ ကျွန်းလှ၊ ပင်လည်ဘူး၊ ဗန်းမောက်၊ ဟုမ္မလင်းမြို့နယ် များနှင့် ကချင်ပြည်နယ်အတွင်းရှိ မိုးညှင်း၊ ဖားကန့်၊ ကာမိုင်း၊ မိုးကောင်းမြို့နယ် များကို ဖြတ်သန်းသွားမည့် အရှည် ၄၁၁ မိုင်ခန့်ရှိသော အမှတ်(၄)ခရိုင်ချင်း ဆက်လမ်းမကြီးအား ၂၀၁၀ ပြည့်နှစ်မတိုင်မီက ဖောက်လုပ်ရန် လျာထားခဲ့ သော်လည်း လတ်တလောတွင် အကောင်အထည်ဖော် ဆောင်ရွက် သွားရန် အစီအစဉ်မရှိသေးပါကြောင်း။
မေးခွန်း၏ ဒုတိယပိုင်းဖြစ်သည့် ကနီမြို့နယ်အတွင်း ကန်ကြီး- ပျင်တော- တပုန်း-ဝင်မနား-တောင်ပြင် လမ်းပိုင်းသည် ကန်ကြီးမှ ဝင်မနားအထိ ၁၁ မိုင်၊ ဝင်မနားမှ တောင်ပြင်အထိ ၁၁ မိုင် စုစုပေါင်းလမ်း ၂၂ မိုင်ခန့်ရှိပါကြောင်း။
ဘုတလင်- ကနဲ- ကနီလမ်းမကြီးနှင့် ဆက်သွယ်ထားသော လမ်းပိုင်းဖြစ် ပြီး လမ်းအဆင့်သတ်မှတ်ချက်အရ ဃျေူ (ဗ) ဦးစားပေးအဆင့် (၁)လမ်း စာရင်းတွင် ပါဝင်ပါသဖြင့် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက် ပြီးပါက ကျေးရွာ ၂၁ ရွာ၊ အိမ်ခြေ ၄၁၅၈ လုံး၊ လူဦးရေ ၂၁၀ဝ၀ ခန့်ကို တိုက်ရိုက်အကျိုးပြုမည်ဖြစ်ပါကြောင်း။
ကန်ကြီး-ပျင်တော-တပုန်း-ဝင်မနားလမ်းပိုင်းအား ကျောက်လမ်း ၄ မိုင် ၆ ဖာလုံ နှင့် ဂျင်းလမ်း ၆ မိုင် ၂ ဖာလုံ ဆောင်ရွက်ခဲ့ပြီး မြေသားလမ်း ၁၁ မိုင်အား ဆက်လက်ဆောင်ရွက်ရန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေတွင် ဘဏ္ဍာနှစ်အလိုက် ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှု အပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ ဆော့လော်မဲဆန္ဒနယ်မှ ဦးလာမာလေး၊ သံဖြူဇရပ်မဲဆန္ဒ နယ်မှ ဦးဉာဏ်ဟိန်း၊ မြစ်သားမဲဆန္ဒနယ်မှ ဒေါက်တာဦးလင်းလင်းကျော်၊ မိုးကောင်းမဲဆန္ဒနယ်မှ ဦးဝင်းနိုင်နှင့် တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဦးမင်းသိန်း တို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် ဆောက်လုပ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း တို့က ရှင်းလင်းဖြေကြားကြသည်။
ထို့နောက် ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်က မြန်မာနိုင်ငံရှိ ဘိန်းအများဆုံးစိုက်ပျိုးရာဒေသများတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရန်အတွက် အစိုးရပူးပေါင်းဆောင်ရွက်မှုဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအား ဖိတ်ခေါ်ပြီး ဘိန်းအစားထိုးစီမံကိန်းများ စနစ်တကျဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအစိုးရ အား တိ်ုက်တွန်းကြောင်းအဆိုကို တင်သွင်းသည်။
ဆက်လက်၍ ဘားအံမဲဆန္ဒနယ်မှ ဒေါ်နန်းသန်းသန်းလွင်က အဆိုအား လက်ခံဆွေးနွေးနိုင်ရန် ထောက်ခံတင်ပြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယင်းအဆိုနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ရယူရာ လွှတ်တော် ကသဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးရန်ဆုံးဖြတ်ကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်း နိုင်ကြောင်း ကြေညာသည်။
ယင်းနောက် အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချိုက ပြည်တွင်းစက်မှု လက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရန်အတွက် ရင်းနှီးမြှုပ်နှံမှု မူဝါဒများကို ပြန်လည်သုံးသပ်ပြီး Global Supply Chainw တွင် ပြည်တွင်းထုတ်လုပ်မှုများ အချိုးအစားတစ်ခုအဖြစ် ပါဝင်နိုင်စေရေးနှင့် လိုအပ်သော ငွေကြေး၊ နည်းပညာ အထောက် အပံ့များရရှိစေရေး ကူညီဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို တင်သွင်းသည်။
ဆက်လက်၍ နွားထိုးကြီးမဲဆန္ဒနယ်မှ ဦးနိုင်ထူးအောင်က အဆိုအား လက်ခံဆွေးနွေးနိုင်ရန် ထောက်ခံတင်ပြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယင်းအဆိုနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ရယူရာ လွှတ်တော်ကသဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးရန်ဆုံးဖြတ်ကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်း နိုင်ကြောင်း ကြေညာသည်။
ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဥပဒေကြမ်း အဆိုကို တင်သွင်း
ယင်းနောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဥပဒေကြမ်း အဆိုကို တင်သွင်းပြီး အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာ ဝေဖြိုးအောင်က အစီရင်ခံစာအား ဖတ်ကြားရှင်းလင်းသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို မေ ၃ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရ
သည်။
အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment