Thursday, May 2, 2019

ပုဂံလူရည်ချွန်စခန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ
Image may contain: one or more people, people standing, sky, child and outdoor
ပုဂံ မေ ၁
ပုဂံလူရည်ချွန်စခန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပုဂံမြို့ရှိ မြနန်းဘုံ Royal Emerald River View Resor ဟိုတယ်၌ ကျင်းပသည်။
ရှေးဦးစွာ ပုဂံလူရည်ချွန်စခန်းမုခ်ဦးအား နေပြည်တော်၊ ဘားအံနှင့် ထားဝယ်တို့မှ လူရည်ချွန် ကျောင်းသား ကျောင်းသူ သုံးဦးက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
စာပေဗဟုသုတများ ဖတ်ရှုရန်လိုအပ်
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက လူရည်ချွန် မောင်မယ်များအနေဖြင့် ပထမဆုံးလို အပ်ချက်ဖြစ်သည့် ကြိုးစားအားထုတ်ခြင်း နှင့် လောကနယ်ပယ်တွင်ရှိသည့် ဗဟုသုတများကို မိမိတို့၏ ကိုယ်ပိုင် အားထုတ်မှုဖြင့် စုဆောင်းကြရမည်ဖြစ်ကြောင်း၊ အခြေခံကျသည့်အချက်မှာ အကျင့်စာရိတ္တတွင် ရိုးသားဖြောင့်မတ်မှု၊ စည်းကမ်းလိုက်နာတတ်မှုနှင့် လူတိုင်း အပေါ်တွင် အလေးထားတတ်မှုဖြစ်ကြောင်း၊ ပြောသမျှ အရာရာတိုင်းကို လက်ခံယုံကြည်ခြင်းမရှိဘဲ စူးစမ်းလေ့လာမေးခွန်းထုတ်ပြီး ကျိုးကြောင်းဆင်ခြင် သုံးသပ်နိုင်မှုရှိရမည်ဖြစ်ကြောင်း၊ ခေတ်နှင့် မျက်ခြည်မပြတ်ရန်အတွက် သတင်းစာ၊ စာပေဗဟုသုတများ ဖတ်ရှုလေ့လာရန် လိုအပ်ကြောင်း ပြောကြား သည်။
ထို့နောက် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းက နှုတ်ခွန်းဆက်စကားပြောကြားပြီး အဋ္ဌမတန်းလူရည်ချွန် ကျောင်းသား ကျောင်းသူများအား ရင်ထိုးတံဆိပ်များ ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရေးမြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌ၊ စခန်းတာဝန်ခံ၊ ကြီးကြပ်သူဆရာ ဆရာမများနှင့် လူရည်ချွန်များ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် လူရည်ချွန် ကျောင်းသား ကျောင်းသူများသည် ရွှေစည်းခုံ၊ အလိုတော်ပြည့်၊ အာနန္ဒာ၊ ဓမ္မရံကြီး၊ စူဠာမဏိ၊ သဗ္ဗညု၊ ဗူးဘုရား၊ ကန်တော့ပုလ္လင်၊ မြစေတီကျောက်စာနှင့် လောကနန္ဒာ အစရှိသည့် ပုဂံ ရှေးဟောင်းစေတီပုထိုးများကို လှည့်လည်ဖူးမြော် ကြည်ညိုကြသည်။ 
သတင်း-ကိုမင်း၊ ဓာတ်ပုံ - မင်းမင်း

No comments:

Post a Comment