Thursday, May 2, 2019

၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနား လှိုင်သာယာမြို့နယ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ
Image may contain: 18 people, people smiling, people standing
ရန်ကုန် မေ ၁
၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ (May Day 2019) အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အောင်မြေသာယာဘောလုံးကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ချီတက်လမ်းလျှောက်
နံနက် ၇ နာရီခန့်တွင် စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများနှင့် မိသားစုဝင်များ၊ အလုပ်သမား သမဂ္ဂအ¸ဝင်များအပါအဝင် လူဦးရေ ၅၀ဝ၀ ကျော်တို့သည် အဆိုပါမြို့နယ်အတွင်းရှိ ဘုရားလမ်း ထိပ်မှတ်တိုင်နှင့် စနေမ မှတ်တိုင်အနီးတို့တွင်စုဝေးကာ လမ်းကြောင်းနှစ်ခုခွဲပြီး သက်ဆိုင်ရာ ကဏ္ဍ အလိုက် သမဂ္ဂအလံများကိုင်ဆောင်၍ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် အခမ်းအနားကျင်းပရာနေရာသို့ ချီတက်လမ်းလျှောက်ကြသည်။
ထို့နောက် အောင်မြေသာယာ အားကစားကွင်း၌ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်း အနားကို စတင်ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ အလုပ်သမားနေ့အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား အလုပ်သမားòန်ကြားရေးဦးစီးဌာန òန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ဖတ်ကြားသည်။
ယင်းနောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သှူအင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်း ဆွေက အဖွင့်အမှာစကားပြောကြား ရာတွင် နိုင်ငံတော်အနေဖြင့် ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များချမှတ်ပြီး အလုပ်သမား ရေးရာ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိရာ ခေတ်စနစ်နှင့်မကိုက်ညီသည့် ဥပဒေများပြင် ဆင်ခြင်း၊ အသစ်ပြန်လည်ရေးဆွဲခြင်းတို့ကို ကျွမ်းကျင်ပညာရှင်များအပါအဝင် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် တွေ့ဆုံညှိနှိုင်းဆောင်ရွက်လျက်ရှိ ကြောင်း၊ တည်ဆဲအလုပ်သမားဥပဒေများကို အလုပ်ရှင်၊ HR မန်နေဂျာများ၊ အလုပ်သမားများ ကောင်းစွာသိရှိလိုက်နာနိုင်ရန် မိတ်ဖက်ဌာနများနှင့် ပူးပေါင်းပြီး စက်မှုဇုန်များ၊ စက်ရုံ၊ အလုပ်ရုံများတွင် အသိပညာပေးဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပေးလျက်ရှိပါကြောင်း။
ပူးပေါင်းဆောင်ရွက်လျက်ရှိ
တည်ဆဲအလုပ်သမား ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ အလုပ်ရှာဖွေ သူများ အလုပ်အကိုင်ရရှိရေး၊ အလုပ် သမားများ ဘေးကင်းလုံခြုံစွာ ရွှေ့ပြောင်း သွားလာ လုပ်ကိုင်နိုင်ရေး၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး၊ အနိမ့်ဆုံးလုပ်ခလစာ အပါအဝင် လုပ်ခလစာများ ပုံမှန်ရရှိရေး၊ ခွင့်ရက်၊ အလုပ်ပိတ်ရက်များ ခံစားရရှိ ရေး၊ လုပ်ငန်းခွင်ဘေးအ္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ လူမှုဖူလုံရေး အကျိုးခံစားခွင့်များကို အာမခံအလုပ် သမားများ ရရှိခံစားနိုင်ရေး၊ အလုပ်သမား ရေးရာ အငြင်းပွားမှုများကို ပြေလည်မှုရရှိစေရေး အလေးထား ဆောင်ရွက် ပေးလျက်ရှိသကဲ့သို့ အလုပ်သမားရေးရာနှင့်စပ်လျဉ်း၍ ဒေသတွင်းသာမက နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပါ စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း။
မြန်မာနိ်ုင်ငံအနေဖြင့် နိ်ုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ဖြစ်၍ ပြည်ပမှ လာရောက် ရင်းနှီးမြှုပ်နှံသည့် အခြေအနေပေါ်မူတည်ပြီး ပေါ်ပေါက်လာမည့် အလုပ်အကိုင်အခွင့်အလမ်းများကို အခွင့်အရေး အဖြစ် ရယူနိုင်ရန် မြန်မာအလုပ်သမားထုအနေဖြင့် နည်းပညာများ ကျွမ်းကျင်မှုရှိရန် လိုပါကြောင်း၊ နည်းပညာအသစ်များပေါ်ထွန်းနေခြင်းကြောင့် ယှဉ်ပြိုင်မှု ကြီးမားသည့် က္ဘာတစ်ဝန်းတွင် ရင်ပေါင်တန်းနိုင်ရန် အလုပ် သမားများ အနေဖြင့် စိတ်ရောကိုယ်ပါ ကြိုးပမ်းဆောင်ရွက်ပြီး စက်ရုံ၊ အလုပ်ရုံ၊ စက်မှုဇုန်မှ သည် ဒေသအဆင့်၊ နိုင်ငံတကာအဆင့်အထိ ကောင်းမွန်သည့် ပြယုဂ်ဖန်တီး ပေးရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
အမှာစကားပြောကြား
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ အလုပ်သမာ းသမဂ္ဂများအ¸ချုပ်(CTUM)ဥက္ကဋ္ဌ ဦးမောင်မောင်၊ တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာနှင့် အလုပ်သမားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်သမားရေးရာ ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးကျော်ထွေး၊ အပြည်ပြည် ဆိုင်ရာအလုပ်သမား ရေးရာအ¸( ILO))ရန်ကုန်ရုံးမှ ဆက်ဆံရေးအရာရှိ မစ္စတာရိုရီမန်ဂိုဗန်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) အထွေထွေအတွင်းရေးမှူးချုပ် ဦးအောင်ကြည်စိုး၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသွေးစည်း ညီညွတ်ရေးအတွက် ကူညီပံ့ပိုးပေးသည့် အ¸အစည်းများမှတာဝန်ရှိသူများက အမှာစကားများ ပြောကြားကြသည်။
အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အ¸ချုပ်( CTUM)ကကြီးမှူး၍ ခုနစ်ကြိမ် မြောက် ကျင်းပခြင်းဖြစ်ပြီး အလုပ်သမားများအနေဖြင့် မေဒေးနေ့ပေါ်ပေါက်လာပုံ သမိုင်းကြောင်းကို သိရှိပြီး အစဉ်သတိရနေစေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။
ယနေ့အခမ်းအနားတွင် အနုပညာရှင်များ၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များ၏ သီဆိုဖျော်ဖြေမှုများ၊ ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများကိုလည်း ကျင်းပခဲ့သည့်အပြင် ပညာပေးအစီအစဉ်များနှင့်အတူ CTUM ၏ လုပ်ငန်း ကဏ္ဍအလိုက် အဖွဲ့ချုပ်များ၏ လှုပ်ရှားဆောင်ရွက်မှုဓာတ်ပုံမှတ်တမ်းများ၊ စာမှတ်တမ်းများကို ပြခန်းငယ်များဖွင့်လှစ်ကာ ပြသခဲ့သည်။
သတင်း- ဇော်ကြီး၊ ဓာတ်ပုံ- ဖေဇော်

No comments:

Post a Comment