Thursday, May 2, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အန်ကောဝပ်ကျောင်းတော်နှင့် Bayon Temple တို့အား လေ့လာကြည့်ရှု
Image may contain: 3 people, people standing and outdoor
နေပြည်တော် မေ ၁
ကမ္ဘေားဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် အထူးလေယာဉ်ဖြင့် ဖနောင်ပင်မြို့မှ ဆီရမ်ရိမြို့သို့ ရောက်ရှိကြရာ ဆီရမ်ရိပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Tea Seiha နှင့်ဇနီး၊ တာဝန်ရှိသူများက ဆီရမ်ရိ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကမ္ဘေားဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် H.E. Mr. Prak Sokhonn တို့နှင့်အတူ အန်ကောဝပ်ကျောင်းတော်သို့ ရောက်ရှိလေ့လာပြီး ကျောင်းတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာတိုင်များ ကပ်လှူပူဇော်သည်။
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် DBayon Temple သို့ ရောက်ရှိပြီး ြပေသည ွှနာစူန အတွင်း လှည့်လည်ကြည့်ရှုလေ့လာသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဆီရမ်ရိပြည်နယ် အုပ်ချုပ်ရေးမှူး နှင့်ဇနီးတို့က Sokha Resort Hotel ၌ တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အဖွဲ့ဝင်များသည် အထူးလေ ယာဉ်ဖြင့် ကမ္ဘေားဒီးယားနိုင်ငံ ဆီရမ်ရိမြို့မှ နေပြည်တော်သို့ ပြန်လည်ထွက်ခွာကြရာ ကမ္ဘေားဒီးယားနိုင်ငံ အမျိုးသမီးရေးရာဝန်ကြီးဌာနဝန်ကြီး H.E.Dr. Kantha Phavi ၊ ကမ္ဘေားဒီးယားနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမြင့်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘေားဒီးယားနိုင်ငံသံအမတ်ကြီး Mr. Sok Chea ၊ ဆီရမ်ရိပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Tea Seiha နှင့် ဇနီးနှင့် တာဝန်ရှိသူများက ဆီရမ်ရိအပြည်ပြည် ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ် ဆက်ကြ သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့်အဖွဲ့ဝင်များသည် ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက် ရှိကြရာ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘေားဒီးယားသံရုံး ယာယီတာဝန်ခံ Ms. Dy Yoeun နှင့် တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment