Thursday, May 23, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖိလစ်ပိုင်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးအား လက်ခံတွေ့ဆုံ

Image may contain: 2 people, people sitting


ဒေသတွင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၌ အပြန်အလှန်အကူအညီပေးရေးကိစ္စရပ်များ ဆွေးနွေး



နေပြည်တော် မေ ၂၂


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တတိယ အကြိမ်မြောက် မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ပူးတွဲကော်မရှင်အစည်းအဝေး တက်ရောက်ရန်နှင့် မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိ နေသော ဖိလစ်ပိုင်သမ္မတနိုင်ငံ နိုင်ငံခြား ရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Teodoro L. Locsin, Jr. အား ယနေ့ မွန်းလွဲ ၃ နာရီတွင် နိုင်ငံခြားရေးဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင် ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နှစ်နိုင်ငံ အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ဒေသ တွင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၌ အပြန်အလှန် အကူအညီပေးရေးကိစ္စရပ် များကိုလည်း အမြင်ချင်းဖလှယ်ဆွေးနွေး ခဲ့ကြသည်။

အစည်းအဝေးသို့ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီးနှင့် ဖိလစ်ပိုင် အဆင့်မြင့်အရာရှိကြီးများ တက်ရောက် ခဲ့ကြသည်။


သတင်းစဉ်

No comments:

Post a Comment