Wednesday, May 22, 2019

ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်း


Image may contain: 2 people, people sitting, table and indoor

နေပြည်တော် မေ ၂၁
ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူ များပြန်လည်နေရာချထားမှု အကောင် အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၁၉) ကို ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အဖွဲ့ခေါင်းဆောင် ဒုတိယ ဝန်ကြီး ဦးစိုးအောင်နှင့် လုပ်ငန်းအဖွဲ့ဝင် များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် လုပ်ငန်းအဖွဲ့၏ တာဝန်ယူဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာ သူများ ပြန်လည်နေရာချထားရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘေးကင်းလုံခြုံပြီး မှီခိုကင်းစွာ ဂုဏ်သိက္ခာရှိရှိ ဘ၀ရပ်တည်နေနိုင်ရေး အတွက် ပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးကကဏ္ဍအလိုက် တာဝန်ယူ ပူးပေါင်းဆောင်ရွက်ရမည့် အခြေအနေများကို လုပ်ငန်းအဖွဲ့ဝင်များ က ရှင်းလင်းဆွေးနွေး တင်ပြရာ ဒုတိယ ဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ ကြောင်း သိရှိရသည်။
သတင်းစဉ်

No comments:

Post a Comment