Sunday, May 26, 2019

ဝန်ထမ်းအိမ်ရာများဆောက်လုပ်နေမှု နေပြည်တော်ကောင်စီဥက္ကဋ္ဌ ကြည့်ရှုစစ်ဆေး


 
 
 

နေပြည်တော် မေ ၂၅
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာ မျိုးအောင်သည် ယနေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ နေပြည်တော် စည်ပင် သာယာရေးကော်မတီဝင် ဦးဆန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်တို့ နှင့်အတူ နေပြည်တော်ကောင်စီ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ငွေလုံး ငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက် သော တိုးချဲ့ဝန်ထမ်းအိမ်ရာများ ဖြစ်သည့် ညွှန်ကြားရေးမှူးချုပ် အိမ်ရာ ၁၀ လုံး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့်ညွှန်ကြားရေးမှူးအိမ်ရာ ၁၀ လုံး၊ အရာထမ်းအိမ်ရာ ၁၅ လုံး၊ အမှုထမ်း အိမ်ရာ ၂၅လုံး၊ လူပျိုဆောင်/အပျို ဆောင် ၁၆ လုံး စုစုပေါင်း ၇၆ လုံး ဆောက်လုပ်နေမှုများနှင့် ပြီးစီးမှု အခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးသည်။

ထိုသို့စစ်ဆေးရာတွင် ဝန်ထမ်း အိမ်ရာ တည်ဆောက်ရေးအတွက် တာဝန်ယူ တည်ဆောက်နေသည့် ဆောက်လုပ်ရေးကုမ္ပဏီများ၊ အရည် အသွေးစစ်ဆေးသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက် မှု အခြေအနေများ၊ တည်ဆောက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြ ကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းဆောင်ရွက်မှု ကိစ္စရပ်များနှင့် ပတ်သက်၍ စံချိန်စံညွှန်းပြည့်မီစွာ သတ်မှတ်ကာလအတွင်း အဆောက် အအုံများအပ်နှံနိုင်ရေးနှင့် လိုအပ်သည် များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment