Sunday, May 26, 2019

ပဋိပက္ခများအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအဆုံးသတ်ရေး နိုင်ငံတကာညီလာခံသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြား


Image may contain: 7 people, people sitting 



နေပြည်တော် မေ ၂၅


နော်ဝေနိုင်ငံ အော်စလိုမြို့၌ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယမန်နေ့က ကျင်းပသည့် ပဋိပက္ခများအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အဆုံးသတ်ရေးနိုင်ငံတကာညီလာခံသို့ တက်ရောက်အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ တွင် လိင်ပိုင်းဆိုင်ရာနှင့် ကျား၊ မရေးရာ အကြမ်းဖက်မှုများ ပပျောက်စေရန် မူဝါဒ များ၊ ဥပဒေများ၊ မူဘောင်များနှင့် စီမံကိန်းများကို ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာစီမံချက် (၂၀၁၃-၂၀၂၂) နှင့် ၂၀၁၈ခုနှစ် ဒီဇင်ဘာလတွင် လက်မှတ် ရေးထိုးခဲ့သည့် ပဋိပက္ခကာလအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကာကွယ် ရေး အထူးကိုယ်စားလှယ်နှင့် ချုပ်ဆိုထား သည့် ပူးတွဲစာချုပ် (Joint Commu- nique with the Special Repre- sentative for Sexual Violence in Conflict) တို့ကို အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဤပူးတွဲစာချုပ်ကို အကောင်အထည် ဖော်ဆောင်ရွက်ရန်အတွက် အမျိုးသား အဆင့် ကော်မတီကို ပြည်ထဲရေးဝန်ကြီး ဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့် ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားရှိပြီး အမျိုးသားအဆင့် စီမံကိန်းကိုလည်း ရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း။
ကျား၊ မ တန်းတူညီမျှရေး
မြန်မာနိုင်ငံသည် မကြာသေးမီ နှစ်များအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့နောက် ပြည်ထောင်စုသဘောတူညီချက် အသစ် တစ်ခုကိုပြုလုပ်ခဲ့ပြီး ဒီမိုကရေစီဖက်ဒရယ် နိုင်ငံတော်သစ်အတွက် အခြေခံစည်းမျဉ်း များကို ထည့်သွင်းရေးဆွဲခဲ့ပါကြောင်း၊ ကဏ္ဍစုံတွင် အမျိုးသမီးများအား အနည်း ဆုံး (၃၀) ရာခိုင်နှုန်း ပါဝင်နိုင်စေရန်၊ ကျား၊ မ အခြေပြုအကြမ်းဖက်မှုများကို ကာကွယ်ပေးသော မူဝါဒများနှင့်လုပ်ငန်း စဉ်များကို နိုင်ငံတကာနှင့်အညီ ပြဋ္ဌာန်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပြဋ္ဌာန်း ဆောင်ရွက်ချက်များသည် တိုင်းပြည်၏ အနာဂတ်တွင် အမျိုးသမီး ကဏ္ဍနှင့် ကျား၊ မတန်းတူညီမျှရေးကို တိုးတက်အောင် ဆောင်ရွက်ပေးနိုင်မည့် အခြေခံအချက်များပင် ဖြစ်ပါကြောင်း။
Gender-responsive budge- ting စီမံချက်သည် ပြည်သူ့အစိုးရမှ တာဝန်ယူ ဆောင်ရွက်နေသည့် ဆောင်ရွက်ချက်များထဲမှ တစ်ခုလည်း ဖြစ်ပါကြောင်း၊ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏အကျိုးကို ရှေးရှု၍ လူမှုရေးကဏ္ဍများတွင် ဘဏ္ဍာငွေခွဲဝေ ပေးမှုမှာ ၂၀၁၆ ခုနှစ်နှင့် ယခုနှစ်နှိုင်းယှဉ် လျှင် သုံးဆတိုးမြင့်လာသည်ကို တွေ့ရှိ ရပါကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် ထိခိုက်လွယ်သည့်အုပ်စုများ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ၊ ကျား/မ ရေးရာ အကြမ်းဖက်မှုများကို ခံစားနေရသူများ အတွက် ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်ရာတွင် ပိုမိုအဆင်ပြေချောမွေ့ လာပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံသည် လိင်ပိုင်းဆိုင်ရာနှင့် ကျား/မရေးရာ အကြမ်းဖက်မှုများကို ကာကွယ်ပေးရန်နှင့် အကြမ်းဖက်ခံရသူ များ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းသည် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးကြီးသည့် ကဏ္ဍတွင် ပါဝင်ပါကြောင်းနှင့် ယင်းလုပ်ငန်း ဆောင်ရွက်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
တက်ရောက်
အဆိုပါ နိုင်ငံတကာညီလာခံအား နော်ဝေနိုင်ငံအစိုးရက ကြီးမှူးကျင်းပခြင်း ဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်းတစ်ရာကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment