Sunday, May 26, 2019

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့်အဖွဲ့ မဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် ဝန်ကြီးအဆင့်အစည်းအဝေးများသို့ တက်ရောက်


Image may contain: 4 people, people sitting, suit and indoor



နေပြည်တော် မေ ၂၅
သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိမြို့တွင် မေ ၂၃ ရက်မှ ၂၄ ရက် အထိ ကျင်းပသည့် (၁၄) ကြိမ်မြောက် မဲခေါင်ဒေသခွဲနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် (၈)ကြိမ်မြောက် မဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးများသို့ တက်ရောက်ခဲ့သည်။


အစည်းအဝေးသို့ မဲခေါင်ဒေသခွဲ နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ တို့မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံ အတွင်းရေးမှူးရုံး၊ အာဆီယံရာသီဥတု စောင့်ကြည့် လေ့လာရေးဗဟိုဌာန (ASEAN Specialised Meteo- rological Center - ASMC)၊ ဖွံ့ဖြိုး မှု မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် International Union for Conser- vation of Nature (IUCN)၊ Inter- national Fund for Agricultural Development (IFAD)၊ Global Environment Center (GEC)၊ European Union (EU) နှင့် German International Cooper- ation Agency (GIZ) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ သည်။
အစည်းအဝေး ဖွင့်ပွဲတွင် ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိပြည်နယ် အုပ်ချုပ်ရေးမှူးက နှုတ်ခွန်းဆက်စကား ပြောကြားပြီး ကaÇmဒီးယားနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး က အဖွင့်အမှာစကား ပြောကြားသည်။
ရာသီဥတုနှင့် မီးခိုးမြူငွေ့အခြေအနေ
ထို့နောက် ASEAN Speciali- zed Meteorological Centre (ASMC) က ရာသီဥတုနှင့် မီးခိုးမြူငွေ့ ဆိုင်ရာ အခြေအနေများနှင့်စပ်လျဉ်း၍ လက်ရှိအခြေအနေများကို ရှင်းလင်း တင်ပြသည်။
အစည်းအဝေးတွင် ကaÇmဒီးယား နိုင်ငံမှ မဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ နည်းပညာ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌက ဒေသအတွင်းရှိ ခြောက်သွေ့ သောနေရာများတွင် မီးခိုးမြူ ငွေ့ကို ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံ အဆင့် လုပ်ငန်းအစီအမံများနှင့် ချင်းရိုင် (၂၀၁၇) လုပ်ငန်းစီမံချက်ကို အကောင် အထည်ဖော်ခြင်းဆိုင်ရာ ဖြစ်ပေါ် တိုးတက်မှုများ၊ မဲခေါင်ဒေသခွဲနိုင်ငံများ အကြား တောမီးနှင့် မီးခိုးမြူငွေ့ထိန်းချုပ် ခြင်း စီမံခန့်ခွဲမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုနှင့်အတူ နိုင်ငံတကာ မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဆိုင်ရာ တိုးတက်မှုအခြေအနေတို့ကို ဆွေးနွေးကြသည်။
နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု
ထို့နောက် ထိုင်းနိုင်ငံမှ မဲခေါင်ဒေသ ခွဲ ဝန်ကြီးအဆင့် ဦးဆောင်ကော်မတီ၏ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ဆိုင်ရာ အစီအစဉ်များနှင့် ဆောင်ရွက် ချက်များဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ဆွေးနွေးကြသည်။
ဆက်လက်၍ အာဆီယံအတွင်းရေး မှူးရုံးက နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ အာဆီယံပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းစဉ်၏ လမ်းပြမြေပုံနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် (၈)ကြိမ်မြောက် မဲခေါင်ဒေသခွဲ နယ်စပ် ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ဆိုင်ရာ သတင်းထုတ်ပြန်ချက်နှင့် အစည်းအဝေး အစီရင်ခံစာတို့ကို အတည်ပြုသည်။
လက်တွဲဖြေရှင်း
ယင်းနောက် မဲခေါင်ဒေသခွဲ အဖွဲ့ဝင် နိုင်ငံများက နိဂုံးချုပ်စကားပြောကြား ကြရာ မြန်မာနိုင်ငံမှ သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ယခုကြုံတွေ့ နေရသည့် စိန်ခေါ်မှုကို အတူတကွ စည်းလုံးညီညွတ်စွာ လက်တွဲဖြေရှင်းကြ ရန်နှင့် အခြားသော ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စရပ်များကိုလည်း ရေရှည်စဉ်ဆက်မပြတ် ပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားသည်။
ထိုင်းကိုယ်စားလှယ်နှင့် တွေ့ဆုံ
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ထိုင်းနိုင်ငံကိုယ်စားလှယ် အဖွဲ့နှင့်တွေ့ဆုံ၍ တောမီးနှင့် မီးခိုးမြူငွေ့ ထိန်းချုပ်ရေးဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံအကြား သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment