Monday, May 20, 2019

ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာများအား ဒုတိယဝန်ကြီး ဦးအောင်လှထွန်း ကြည့်ရှုစစ်ဆေး


Image may contain: 10 people, people standing


နေပြည်တော် မေ ၁၉
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် အမှုထမ်း၊ အရာထမ်းများနေထိုင်ရာ ဝန်ထမ်းအိမ်ရာများအား လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ဖြေရှင်းဆောင်ရွက်ပေး
ဒုတိယဝန်ကြီးသည် ကံ့ကော်အိမ်ရာ၊ သဇင် ၁၊ သဇင် ၃၊ သဇင် ၆၊ သပြေ ၃၊ ညွှန်ကြားရေးမှူး အိမ်ရာများ၊ ဧကတစ်ထောင်၊ ဘူးကွဲအိမ်ရာ (လူပျိုဆောင်)၊ ခရေအိမ်ရာနှင့် သပြေတောင် (လူပျို၊ အပျိုဆောင်) တို့သို့ သွားရောက်၍ အဆောက်အဦများ ပြုပြင်ထိန်းသိမ်းရေး၊ သန့်ရှင်းသာယာရေး၊ ရေ၊ မီး၊ မိလ္လာနှင့် ရေဆိုးနုတ်စနစ်များ ကောင်းမွန်ရေးနှင့် လုံခြုံရေးတို့ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းမိသားစုများ၏ တင်ပြ ချက်များအပေါ် ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

သတင်းစဉ်

No comments:

Post a Comment