Monday, May 20, 2019

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် မုန်းချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ကြီးအုံကြီး၀ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ ကြည့်ရှုစစ်ဆေး


Image may contain: 2 people



နေပြည်တော် မေ ၁၉
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မေ ၁၈ ရက်တွင် မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ်ရှိ မုန်းချောင်း ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ပွင့်ဖြူ မြို့နယ်ရှိ ကြီးအုံကြီး၀ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ဖြည့်စွက်ရှင်းလင်း
ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့အား လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ မုန်း ချောင်း ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံနှင့် ကြီးအုံကြီး၀ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ စက်ရုံမှူးများက ဓာတ်အားပေးစက်ရုံများဆိုင်ရာအချက်အလက်များ၊ နှစ်အလိုက်ဓာတ်အား ထုတ်လုပ်မှု၊ ရေလှောင်တမံများအတွင်း ရေဝင်ရောက်မှု၊ လက်ရှိရေသိုလှောင် ထိန်းသိမ်းထားရှိမှု အခြေအနေ၊ နိုင်ငံတော် ဓာတ်အားစနစ်နှင့် ချိတ်ဆက် ၍ ဓာတ်အားဖြန့်ဖြူးပေးထားမှု အခြေ အနေနှင့် ဓာတ်အားပေးစက်များ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက် ခဲ့မှုအခြေအနေတို့ကို ရှင်းလင်းတင်ပြ ကြရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်း ဦးဆောင်òန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ဖြည့်စွက်ရှင်းလင်း တင်ပြသည်။
ထိန်းသိမ်းဆောင်ရွက်
တင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက မုန်းချောင်းဆည်နှင့် ကြီးအုံ ကြီး၀ဆည်တို့သည် မုန်းချောင်းပေါ်တွင် တည်ဆောက်ထားခဲ့သော ဆည်များဖြစ် သည့်အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ယူ ပေးဝေလျက်ရှိသော နွေစပါး၊ မိုးစပါး စိုက်ပျိုးရေ ရရှိရေးတို့ကိုပါ တွဲဖက် အကောင်ထည်ဖော်ထားသည့် ဆည်များ ဖြစ်သည့်အလျောက် မိမိတို့ဝန်ကြီးဌာန၏ လျှပ်စစ်မီးရရှိရေးအတွက် ဆည်ရေအား မောင်းနှင်ရသကဲ့သို့ စိုက်ပျိုးရေအား သတ်မှတ်ချိန်များတွင် တောင်သူများ ရရှိရေး ဆောင်ရွက်ရမည်ဖြစ်၍ သက်ဆိုင်ရာ ဆည်မြောင်းဦးစီးဌာန မှဝန်ထမ်းများနှင့်အတူ ပြည်သူလူထု ထိခိုက်မှုမရှိစေရေး ပူးပေါင်းဆောင်ရွက် ကြရန်၊ သတ်မှတ်သည့် အနိမ့်ဆုံးရေ အမှတ်များသို့ ရောက်ရှိခါနီးအချိန်တွင် စက်များ၏ မောင်းနှင်မှုကို ထိခိုက်မှုမရှိ စေရေး နိုင်ငံတော်ဓာတ်အားစနစ်၏လိုအပ်ချက်အပေါ် ရုံးချုပ်၏ထိန်းညှိမှုများ အရ နည်းပညာလုပ်ငန်းစဉ်များအတိုင်းစနစ်တကျ မောင်းနှင်သွားကြရန်၊ စက်ရုံ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် စက်စွမ်း အားပြည့်မောင်းနှင် ထုတ်လုပ်နိုင်ရေး အတွက် ဓာတ်အားပေးစက်များ ကြံ့ခိုင် ရေးကို စဉ်ဆက်မပြတ်စစ်ဆေး ဆောင်ရွက်သွားကြရန်၊ ဓာတ်အားပေး စက်ရုံများသည် နိုင်ငံတော်အတွက် အရေးကြီးသည့် စက်ရုံကြီးများဖြစ်သည့် အတွက် စက်ရုံရေရှည်တည်တံ့ခိုင်မြဲ အောင် ထိန်းသိမ်းဆောင်ရွက်သွားကြရန် မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် ဓာတ်အားပေးစက်ရုံ များရှိ ဓာတ်အားထိန်းချုပ်ခန်းနှင့် တာဘိုင်စက်ခန်းများအတွင်း ဓာတ်အား ပေးစက်များမောင်းနှင်၍ ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနေမှု အခြေအနေ နှင့် ရေလှောင်တမံများအတွင်း ရေဝင် ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေယူ အဆောက်အအုံနှင့် ရေပိုလွှဲတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထုတ်လွှတ်ပေးပို့
မုန်းချောင်းပေါ်ရှိ မုန်းချောင်း ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံ သည် ၇၅ မဂ္ဂါဝပ်နှင့် ကြီးအုံကြီး၀ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ၇၄ မဂ္ဂါဝပ်တို့ဖြင့် တည်ဆောက်ခဲ့သော်လည်း ရာသီဥတုပြင်းထန်သဖြင့် လက်ရှိကာလ တွင် ရေလှောင်တမံများအတွင်းသိုလှောင် ရေလက်ကျန် နည်းပါးလာသည့်အတွက် မုန်းချောင်း ရေအားလျှပ်စစ်ဓာတ်အား ပေးစက်ရုံမှ ၁၆ မဂ္ဂါဝပ်နှင့် ကြီးအုံကြီး၀ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ၁၄ မဂ္ဂါဝပ်တို့ကို နိုင်ငံတော်ဓာတ်အား စနစ်အတွင်းသို့ ထုတ်လွှတ်ပေးပို့လျက်ရှိ ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment