Wednesday, May 1, 2019

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ

Image may contain: one or more people
နေပြည်တော်   ဧပြီ   ၃၀

ဒုတိယအကြိမ်   ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ် မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

အစည်းအဝေးတွင်   ၂၀၁၈-၂၀၁၉  ဘဏ္ဍာရေးနှစ် အတွက် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေ သုံးစွဲရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက်  ပြည်ထောင်စုနှင့် တိုင်းဒေသ ကြီး၊ ပြည်နယ်ဌာန၊  အဖွဲ့အစည်းများ၏   ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုများကို စိစစ်ရာတွင် လာမည့်ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေငွေစာရင်း(BE)တွင် ဆောင်ရွက်နိုင်သည် များကို(BE)မှသာ တောင်းခံရန်နှင့် ယခုနှစ်အတွင်း သုံးစွဲ ရန်ကာလသည်လည်း  ဤဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးမှသာ သုံးစွဲ နိုင်မည်ဖြစ်သည့်အတွက်   ၄ လခန့်သာကျန်ရှိသဖြင့် အမှန်တကယ်သုံးနိုင်မည့်ကိစ္စများ၊    ဆောင်ရွက်ဆဲ စီမံကိန်းများနှင့်    မဖြစ်မနေ   လိုအပ်လာသည့်ကိစ္စများ ကိုသာ ဦးစားပေးတောင်းခံပါရန်   ကြိုတင်အကြောင်း ကြားခဲ့ပြီး   အဆိုပါအချက်များကို  အခြေခံ၍စိစစ်ခဲ့ပါ ကြောင်း။

ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုများအနက် နိုင်ငံခြား ငွေလဲလှယ်နှုန်းပြောင်းလဲမှုကြောင့် ထပ်မံလိုအပ်လာသည့် အသုံးစရိတ်များ၊ ပင်စင်လစာနှုန်းတိုးမြှင့်၍ ထပ်မံလိုအပ် လာသည့် စရိတ်များ၊ မဖြစ်မနေပေးချေရမည့်စရိတ်များ၊ ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်၊ နိုင်ငံတော်သို့ ထည့်ဝင် ငွေစသည့် နိုင်ငံတော်ကရရှိမည့် အသုံးစရိတ်များကို ဦးစားပေး၍ခွင့်ပြုခဲ့ပါကြောင်း၊ ပြည်ပအကူအညီရငွေ များနှင့် ချေးငွေများထပ်မံရရှိလာခြင်းကြောင့် လိုအပ် လာသည့် အသုံးစရိတ်၊ အမှန်တကယ်ထပ်မံလိုအပ်သည့် လစာစရိတ်၊ ဒေသစရိတ်၊ ပြည်တွင်းအတိုးပေးငွေ၊ ပြည်ပ ချေးငွေအတွက်အတိုးနှင့် အရင်းပေးဆပ်ငွေများကိုလည်း စိစစ်၍ ခွင့်ပြုခဲ့ပါကြောင်း။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာ ငွေအရအသုံးဆိုင်ရာ     ဥပဒေတွင်    ပြဋ္ဌာန်းထားသည့် ပြည်ထောင်စုအစိုးရအဖွဲ့က ချေးယူနိုင်သည့် ငွေကျပ်ကျပ်သန်း ပေါင်း ၇၂ သိန်းဖြစ်ပါကြောင်း၊ ဖြည့်စွက်ခွင့်ပြုငွေစာရင်း တွင် ပြည်ပချေးငွေကျပ်ကျပ် ၁၇၁ ဒသမ ၁၀၁ ဘီလီယံ ထပ်မံ တိုးလာသည့်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု ၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းတွင် ကျပ်သန်းပေါင်း ၅ သိန်း ထပ်မံလျာထားပါကြောင်း။

သို့ဖြစ်၍ ဘဏ္ဍာရေးကော်မရှင်၏ ထောက်ခံချက်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့က ပေးပို့တင်ပြထားသည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြု ငွေစာရင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတို့အပေါ် ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးသုံးသပ်ပြီး အတည် ပြုပေးပါရန် ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှပေးပို့သော လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနအတွက် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီထံမှ ယူရို ၃၅ ဒသမ ၇ သန်း ချေးငွေရယူရေးနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့်  စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများက ရှင်းလင်းတင်ပြ ကြသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန       ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က မြန်မာနိုင်ငံအတွင်း ဓာတ်အား ထုတ်လုပ်လျက်ရှိသည့်   ရေအားလျှပ်စစ်စက်ရုံ ၂၈ ရုံ အနက် ငါးရုံမှာ စက်မောင်းနှင်မှု သက်တမ်းအနည်းဆုံး ၁၀ နှစ်ကျော်မှ အများဆုံးနှစ် ၃၀ ကျော် ကြာမြင့်ပြီဖြစ် သော်လည်း နှစ်ကာလအပိုင်းအခြားအရ ရေအားလျှပ်စစ် စက်ရုံများ ဆောင်ရွက်သင့်သော အကြီးစားပြင်ဆင်မွမ်းမံ မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ခြင်းမရှိခဲ့၍ စက်မှုပိုင်း ဆိုင်ရာနှင့်  လျှပ်စစ်ပိုင်းဆိုင်ရာ   Control စနစ်များ ချွတ်ယွင်းမှုများရှိလာသည့်အတွက်  ထိုစက်ရုံများသည် စိတ်ချယုံကြည်စွာ လျှပ်စစ်ထုတ်နိုင်ရန် အားနည်းလျက်ရှိ ပါကြောင်း။

ရေအားစက်ရုံများ၏  သဘောသဘာ၀အရ
သက်တမ်း ၁၀ နှစ်လျှင် တစ်ကြိမ်
အကြီးစားပြင်ဆင်ရန် လိုအပ်

ရေအားစက်ရုံများ၏          သဘောသဘာ၀အရ သက်တမ်း ၁၀ နှစ်လျှင်  တစ်ကြိမ် အကြီးစားပြင်ဆင်ရန် လိုအပ်ပြီး ဓာတ်အားပေးစက်များကို အလိုအလျောက်ထိန်း ချုပ်မောင်းနှင်သည့်    Automatic Electronic Control System များနှင့် ယင်းတို့၏ Software  များကို ငါးနှစ်တစ်ကြိမ် Upgrade ပြုလုပ်ရန်လိုအပ်ပါ ကြောင်း၊ အဆိုပါစက်ရုံ ငါးရုံသည်  စက်သက်တမ်း ၁၀ နှစ်ကျော်မှ အများဆုံးနှစ် ၃၀ ကျော်အထိ အကြီးစား ပြင်ဆင်ခြင်းများ    ဆောင်ရွက်နိုင်မှုမရှိသည့်အတွက် စက်များကို စိတ်ချလက်ချ မောင်းနှင်နိုင်မှုကျဆင်းလာပြီး တာဘိုင်၊ ဂျင်နရေတာ၊ Control System များ မကြာ ခဏ ချွတ်ယွင်းမှုကြောင့် အရေးပေါ်စက်ရပ်တန့် ပြုပြင် ခြင်းများ ဆောင်ရွက်နေရပါကြောင်း။

အဆိုပါ   စက်ရုံ ငါးရုံမှ    ဓာတ်အားပေးစက်များ ချွတ်ယွင်း၍ အရေးပေါ်ရပ်တန့်ပြုပြင်ရသဖြင့် ဓာတ်အား ထုတ်လုပ်မှုသည် တစ်နှစ်လျှင်   ၂၄၆ ကီလိုဝပ် နာရီ သန်းပေါင်းခန့်         ဆုံးရှုံးနစ်နာလျက်ရှိပါကြောင်း၊ ဓာတ်အားပေးစက်ရုံများ ချွတ်ယွင်းမှုဖြစ်ပေါ်ပြီး ရက်ရှည် လများကြာမြင့်စွာ စက်ရပ်တန့်ပြုပြင်နေရပါက ဓာတ်အား စနစ်တွင် ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ် နိုင်ပါကြောင်း။

AFD ချေးငွေဆိုင်ရာ အချက်အလက်များသည် ချေးငွေပမာဏယူရို ၃၅ ဒသမ ၇ သန်း၊ ချေးငွေသက်တမ်း အနှစ် ၂၀၊ ဆိုင်းငံ့ကာလ ခုနစ်နှစ်၊ ပြန်ဆပ်ကာလ ၁၃ နှစ်နှင့်အတိုးနှုန်း ၀ ဒသမ ၆၈ ရာခိုင်နှုန်းဖြစ်သည့်အတွက် အကျိုးအမြတ်၊ ကုန်ကျစရိတ်အချိုး ၁ ဒသမ ၁၂ ၊ အရင်း ကျေကာလ ရှစ်နှစ်နှင့် ရင်းနှီးမြှုပ်နှံမှုအပေါ် အကျိုးအမြတ် ပြန်ပေါ်နှုန်း (IRR)    ၁၂ ရာခိုင်နှုန်းဖြစ်သည့်အတွက် အတိုးနှုန်းသက်သာစွာဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါ ကြောင်း၊ လုပ်ငန်းများကို ၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အကောင်အထည်ဖော်    ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း။

သို့ဖြစ်၍ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဖြစ်သည့် ရဲနွယ်၊ မုန်းချောင်း၊ ကင်းတား၊ ဇောင်းတူနှင့် သဖန်းဆိပ်စက်ရုံ ငါးရုံတို့အား အလုံးစုံပြုပြင်မွမ်းမံခြင်း နှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးပါက လက်ရှိထုတ်လုပ်မှုပမာဏမှ ၈၁ ကီလိုဝပ်နာရီ သန်းပေါင်း တိုးတက်ထုတ်လုပ်ခြင်းကို     ၂၅ နှစ်တာကာလအထိ ယုံကြည်စိတ်ချစွာဖြင့်   မောင်းနှင်သွားနိုင်မည်ဖြစ်ပြီး နိုင်ငံတော်၏ ဓာတ်အားလိုအပ်ချက်ကို ပိုမိုဖြည့်ဆည်း ပေးနိုင်၍ ကုန်ကျစရိတ်နှင့်   ပြန်လည်ရရှိမည့်  အကျိုး ကျေးဇူးများသည်လည်း သင့်လျော်မှုရှိသဖြင့် ပြင်သစ် နိုင်ငံ၊ AFD ထံမှ ချေးငွေယူရို  ၃၅ ဒသမ ၇ သန်း ရယူ ၍ စီမံကိန်းများ   အကောင်အထည်ဖော်ဆောင်ရွက်လို ခြင်းကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် ရှင်းလင်းတင်ပြသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက        ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ(AFD)ချေးငွေဆိုင်ရာ စည်းကမ်းသတ်မှတ်ချက် များအရ ဆိုင်းငံ့ကာလ ခုနစ်နှစ်၊  ပြန်ဆပ်ကာလ ၁၃ နှစ်၊ စုစုပေါင်းချေးငွေသက်တမ်း နှစ်  ၂၀ ဖြစ်ပြီး      အတိုး နှုန်းသည် တစ်နှစ်လျှင် EURIBOR - 40 bps ဖြစ် ကြောင်း၊ AFD နှင့် ညှိနှိုင်းတွက်ချက်မှုအရ ၎င်းတို့နှင့် ဆွေးနွေးစဉ်အချိန် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလခန့်တွင် အတိုးနှုန်း ၀ ဒသမ ၆၈ ရာခိုင်နှုန်းခန့်ရှိကြောင်း၊  ယခု စီမံကိန်းချေးငွေ၏  Grant Element ကို တွက်ချက်ရာ ၄၃ ဒသမ ၉ ရာခိုင်နှုန်းရရှိသည့်အတွက် သက်သာမှုရှိ သော ချေးငွေ (Concessional Loan) ဖြစ်ပါကြောင်း။

အဆိုပါချေးငွေဖြင့် ပဲခူးတိုင်းဒေသကြီး ရဲနွယ်ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊      မကွေးတိုင်းဒေသကြီး မုန်းချောင်းရေအားလျှပ်စစ်စက်ရုံ၊ ပဲခူးတိုင်းဒေသကြီး ဇောင်းတူရေအားလျှပ်စစ်စက်ရုံ၊ မန္တလေးတိုင်းဒေသကြီး ကင်းတားရေအားလျှပ်စစ်စက်ရုံနှင့် စစ်ကိုင်းတိုင်းဒေသ ကြီး   သဖန်းဆိပ်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ စုစုပေါင်း စက်ရုံ ငါးရုံကို ပြုပြင်မွမ်းမံခြင်းနှင့် အဆင့်မြှင့် တင်ခြင်းတို့ ဆောင်ရွက်မည်ဖြစ်ကြောင်း။

ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ငါးရုံ  
အလုံးစုံ ပြင်ဆင်မွမ်းမံခြင်းနှင့် အဆင့်မြှင့်တင်
ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့်
၆၄၆ ကီလိုဝပ် နာရီသန်းအထိ ထွက်ရှိလာမည်

အဆိုပါ  ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ငါးရုံ   အလုံးစုံပြင်ဆင်မွမ်းမံခြင်းနှင့်       အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ  ဆောင်ရွက်ခြင်းဖြင့်  ဓာတ်အားပေးစက်ရုံ များကို ယုံကြည်စိတ်ချစွာဖြင့် စက်စွမ်းအားပြည့်မောင်းနှင်နိုင်မည်ဖြစ်ပြီး လက်ရှိတွင် တစ်နှစ်လျှင်  ၅၆၅ ကီလို ဝပ်နာရီသန်းသာ   ထုတ်လုပ်နိုင်ရာမှ    ၈၁ ကီလိုဝပ် နာရီသန်းပေါင်း  တိုးတက်ထုတ်လုပ်နိုင်ကာ  စုစုပေါင်း ၆၄၆ ကီလိုဝပ်နာရီသန်းပေါင်းအထိ  ထွက်ရှိလာမည် ဖြစ်သဖြင့်      နိုင်ငံတော်၏   ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည်ဖြစ်ပါကြောင်း။

ထို့ပြင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးများ မှ    လျှပ်စစ်ဓာတ်အား  တိုးမြှင့်ထုတ်လုပ်နိုင်ရုံသာမက ရေလှောင်တမံများ၏ ဘေးအန္တရာယ်ဆိုင်ရာ လုံခြုံစိတ်ချမှု အစီအမံနှင့်   ခေတ်မီမိုးလေ၀သနှင့် ဇလဗေဒဆိုင်ရာ တိုင်းထွာရေးကိရိယာများဖြင့်     ရေလှောင်တမံများ၏ ရေကြီး၊ ရေလျှံဖြစ်ပေါ်မှု၊ ငလျင်ဘေးအစရှိသော သဘာ၀ ဘေးအန္တရာယ်များကို ကြိုတင်သိရှိ ကာကွယ်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း။

ချေးငွေအပြည့်အဝထုတ်ယူသုံးစွဲပါက အကြမ်းအား ဖြင့် ဆိုင်းငံ့ကာလအတွင်း တစ်နှစ်လျှင် အတိုးယူရို ၀ ဒသမ ၂၄ သန်းခန့်နှင့်         ပြန်ဆပ်ကာလအတွင်း တစ်နှစ်လျှင်   အရင်း၊ အတိုးပေါင်း ယူရို ၂ ဒသမ ၉၇၅ သန်းခန့်တို့ကို ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း၊ အချိန် စေ့ရောက်သည့်နှစ်အလိုက်  အတိုး၊ အရင်းပြန်လည် ပေးဆပ်နိုင်ရန်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ   လျှပ်စစ်ဓာတ်အား   ပိုမိုထုတ်လုပ်ဖြန့်ဖြူးနိုင်ခြင်း ကြောင့်   ပိုမိုတိုးတက်ရရှိလာမည်ဖြစ်သော  လျှပ်စစ် ဓာတ်အားခဝင်ငွေများကို သက်ဆိုင်ရာဌာနဘတ်ဂျက်သို့ နှစ်အလိုက်ပေးသွင်းပြီး   ချေးငွေပေးဆပ်ရန်ကိုလည်း နှစ်အလိုက် လျာထားသုံးစွဲရန်ဖြစ်ပါကြောင်း။

ဤချေးငွေစီမံကိန်းသည် ၂၀၁၈-၂၀၁၉  ဘဏ္ဍာရေး နှစ်ပြည်ထောင်စု၏   ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ၊     ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေ၊              ၂၀၁၈ ခုနှစ်၊ "ကာလလတ်ကြွေးမြီ စီမံခန့်ခွဲမှုမဟာဗျူဟာ"၊   ဖွံ့ဖြိုးမှု အကူအညီဆိုင်ရာမူဝါဒတို့နှင့် ကိုက်ညီမှုရှိသည့်အပြင် မကြာသေးမီက   ထုတ်ပြန်ထားသော   မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက် မှုစီမံကိန်း (၂၀၁၈-၂၀၃၀)၏   မဟာဗျူဟာနှင့်လည်း ကိုက်ညီမှုရှိပါကြောင်း။

သို့ပါ၍  ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ငါးရုံ အလုံးစုံပြင်ဆင်မွမ်းမံခြင်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း များ ဆောင်ရွက်ရန်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းအတွက် ပြင်သစ်ဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီ (AFD)ထံမှ ချေးငွေ အမေရိကန် ဒေါ်လာ ၃၅ ဒသမ ၇ သန်း         ရယူနိုင်ရေးကိစ္စကို ပြည်ထောင်စုလွှတ်တော်က        ဆွေးနွေးသုံးသပ်၍ အတည်ပြုပေးပါရန် ရှင်းလင်းတင်ပြသည်။

ထို့နောက်   ပြည်ထောင်စုလွှတ်တော် နာယကက အထက်ပါ ချေးငွေကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက    အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအတွက် စီမံကိန်းလုပ်ငန်း များ ဆောင်ရွက်ရန်    ထိုင်းနိုင်ငံ   Neighbouring Countries   Development    Cooperation Agency(NEDA) ထံမှ ချေးငွေထိုင်းဘတ် ၁၄၅၈ ဒသမ ၂၄၈ သန်းချေးငွေရယူရေးနှင့်စပ်လျဉ်း၍ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကက အထက်ပါချေးငွေနှင့်စပ်လျဉ်း၍       ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက    အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများ   ဆောင်ရွက်ရန်    ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီထံ မှ ဂျပန်ယန်း ၈၂ ဒသမ ၂၇၃ ဘီလီယံ ချေးငွေရယူရေး နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး ကြသည်။

ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်က မိလ္လာပြွန်စနစ် ဖွံ့ဖြိုးမှုစီမံကိန်းအတွက် ဂျပန်ယန်း ၄၅ ဒသမ ၉ ဘီလီယံ သည်    ပန်းဘဲတန်း၊ ကျောက်တံတား၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊   လမ်းမတော်နှင့်    လသာမြို့တွင်း ခြောက် မြို့နယ်နှင့် ဒဂုံမြို့နယ် စုစုပေါင်း ခုနစ်မြို့နယ်အတွက်သာ ဖြစ်ပြီး စီမံကိန်းကာလ ကိုးနှစ် ကြာမြင့်မည်ဖြစ်ပါကြောင်း၊ Pakage  သုံးခုနှင့် ဆောင်ရွက်ရမည်ဖြစ်ပြီး   မိလ္လာပြွန် အသစ် ၅၂၆၃၉ မီတာ တည်ဆောက်ရန် ဂျပန်နည်းပညာ အသုံးပြုသော Pilot Worksအဖြစ် ဆောင်ရွက်ရန်တို့ ပါဝင်သည်ဟု သိရပါကြောင်း။      

မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းတွင်လည်း ဂျပန် ယန်း ၂၄ ဒသမ ၀၈၅ ဘီလီယံ ချေးယူမည် ဖြစ်ပြီး မရမ်းကုန်း၊ လှိုင် အစရှိသည့် မြို့နယ် ၈ မြို့နယ်အတွက် ရေကြီးရေလျှံမှု လျှော့ချရေး၊ ယာဉ်ကြောပိတ်ဆို့မှု     လျှော့ချရေးနှင့် မြို့သာယာလှပရေးများပါဝင်ပြီး   စီမံကိန်း ကာလအနေဖြင့် ၅ နှစ်ကြာမြင့်မည်ဟု သိရပါ ကြောင်း။

မျက်ခြည်မပြတ်လေ့လာ

ယခုချေးငွေသည် အဆင့်မြှင့်ပညာများ နှင့်  အတွေ့အကြုံများရမည့်  ချေးငွေရယူ ခြင်းမျိုးဖြစ်သည်ဟု တင်ပြထားသော်လည်း မိမိတို့နိုင်ငံတွင် မိမိတို့ကိုယ်တိုင်ဆောင်ရွက် နိုင်သည့် လုပ်ငန်းများအတွက် ပြန်ဆပ်စရာ မလိုသည့်    အကူအညီမျိုးကိုပင်   သေချာ စဉ်းစားပြီးမှ  ရယူသင့်ပါကြောင်း၊ အခြား မည်သည့်နည်းလမ်းဖြင့် ဆောင်ရွက်သင့်သည် ကို   ရှာဖွေကြံဆသင့်ပါကြောင်း၊  ရေရှည် ကောင်းမွန်ပြီး ကုန်ကျစရိတ်သက်သာသည့် နည်းလမ်းများရှာဖွေစေလိုပါကြောင်း၊ ယခု ၇ မြို့နယ်နှင့် အခြားမြို့နယ်များအတွက် မည်သို့စဉ်းစားပြီး   စီမံဆောင်ရွက်ထားရှိ သည်ကို  သိရှိလိုပါကြောင်း၊ တစ်နေ့တခြား တိုးတက်လာသည့် နည်းပညာများကိုလည်း မျက်ခြည်မပြတ် လေ့လာဆောင်ရွက်သင့်ပါ ကြောင်း ဆွေးနွေးသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)   မဲဆန္ဒနယ်မှ ဦးအေးနိုင်က   ဒဂုံမြို့သစ်(တောင်ပိုင်း) အပါအဝင်    ဒဂုံမြို့သစ်   ၄  မြို့နယ်နှင့် လှိုင်သာယာ၊   ရွှေပြည်သာမြို့နယ်များကို ၁၉၈၉-၁၉၉၀ ပြည့်နှစ်က တည်ဆောက်ထားခဲ့ သော်လည်း ယနေ့အထိ ဖွံ့ဖြိုးမှုနောက်ကျ ခြင်း၊  မပြည့်စုံခြင်းများ  ဖြစ်နေပါကြောင်း၊ ခုံးကျော်တံတားစီမံကိန်းများ ပယ်ဖျက်ပြီး ၎င်းငွေဖြင့်    ရန်ကုန်မြို့ပြင်   မြို့နယ်များ တည်ဆောက်ရေးလုပ်ငန်း ထောက်ပံ့စဉ်က လည်း မိမိတို့မြို့နယ်  ၆  မြို့နယ်မပါဝင်ပါ ကြောင်း၊ ယခင်ရေစီးရေလာကောင်းမွန်ရေး ချေးငွေရယူပြီးဆောင်ရွက်မည့် ရန်ကုန်မြို့ တွင်း  စီမံကိန်းများတွင်လည်း  မပါဝင်ပါ ကြောင်း၊ ယခုလည်း မပါဝင်ပါကြောင်း။

အထူးသဖြင့်  မြို့နယ်   ၆  မြို့နယ်မှ ပြည်သူများအဓိက လိုလားတောင့်တမှုသည် ရေစီးရေလာ    ကောင်းမွန်ရေးအတွက် စီမံကိန်းများ စနစ်တကျရေးဆွဲပြီး အကောင် အထည်ဖော် ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ မြို့နယ်အချို့သည် တစ်နှစ်ပတ်လုံး ရေထဲတွင် နေထိုင်နေရပါကြောင်း၊ အုတ်ရေမြောင်းများ၊ ကွန်ကရစ်ရေမြောင်းများသည် မရှိသလောက် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ ချေးငွေ ဖြင့်လည်းကောင်း၊  ပြည်ထောင်စုဘဏ္ဍာငွေ ခွဲဝေခြင်းဖြင့်    လည်းကောင်း၊       မြို့နယ် ၆ မြို့နယ်     ရေစီးရေလာကောင်းမွန်ရေး စီမံကိန်းများ စနစ်တကျရေးဆွဲပြီး  အမြန်ဆုံး ဖော်ဆောင်ပေးစေလိုပါကြောင်း ဆွေးနွေး သည်။

ဆက်လက်၍     ဒဂုံမြို့သစ်(ဆိပ်ကမ်း) မဲဆန္ဒနယ်မှ ဦးမြစိန်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုး(ခေါ်)သန်းစိုး (ဘောဂဗေဒ)၊  မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)မှ ဦးမျိုးဝင်း၊ တောင်ဥက္ကလာ မဲဆန္ဒနယ်မှ ဒေါက်တာစောနိုင်၊ လှိုင်သာယာ မဲဆန္ဒနယ်မှ ဦးဝင်းမင်း၊ ခရမ်းမဲဆန္ဒနယ်မှ ဒေါက်တာအေးမင်း၊ ရွှေပြည်သာမဲဆန္ဒနယ်မှ ဦးဉာဏ်လင်း၊      မော်လိုက်မဲဆန္ဒနယ်မှ ဒေါ်ချိုချိုဝင်းနှင့် ဖျာပုံမဲဆန္ဒနယ်မှ ဦးဝင်းထွဋ် တို့က ဆွေးနွေးကြသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ   ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းဝင်များက ပြန်လည်ရှင်းလင်းခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်းတို့ကို ဆက်လက်ကျင်းပမည့်      ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကြေညာပြီး အစည်း အဝေးကို မွန်းလွဲပိုင်းတွင် ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်

No comments:

Post a Comment