Wednesday, May 1, 2019

ဥစားကြက်ခြံစီမံကိန်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၊ လူမှုအဖွဲ့အစည်းနှင့် ကုမ္ပဏီတို့ ရေရှည်အကျိုးကျေးဇူးရရှိစေမည်


Image may contain: one or more people, people sitting and indoor
နေပြည်တော်    ဧပြီ    ၃၀

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းသည် ယနေ့နံနက် ၉ နာရီတွင် M Gallery ဟိုတယ် နေပြည်တော်၌  ကျင်းပသည့်   ဧရာ၀တီဘဏ်လီမိတက်မှ  အတိုးနှုန်း သက်သာသော နှစ်ရှည်ချေးငွေနှင့် ပံ့ပိုးကူညီအကောင်အထည်ဖော်ထားသော တပ်ကုန်းမြို့နယ်ရှိ ပေတောကျေးရွာ ဥစားကြက်ခြံစီမံကိန်းအတွက် ပေတော ကျေးရွာ ရန်ပုံငွေဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ ဧရာ၀တီဘဏ်လီမိတက်နှင့် Myanmar CP.Livestock Co.,Ltd. တို့အကြား ချေးငွေသဘောတူ စာချုပ် ချုပ်ဆိုခြင်းအခမ်းအနားသို့ တက်ရောက်သည်။

ရေရှည်အကျိုးကျေးဇူးရရှိစေမည်

အဆိုပါ ပေတောကျေးရွာ ဥစားကြက်ခြံစီမံကိန်းဆောင်ရွက်နိုင်ရေး အတွက် ချေးငွေထောက်ပံ့ရေးအစီအစဉ်အား ၂၀၁၈ ခုနှစ် မေလမှစတင် ညှိနှိုင်းခဲ့ပြီး စီမံကိန်းအတွက် ဧရာ၀တီဘဏ်မှ ငွေကျပ်ကျပ်သန်း ၁၃၀၀ ကို အတိုးနှုန်း ၁၁ ရာခိုင်နှုန်းဖြင့် ချေးငွေသက်တမ်း ၁၀ နှစ် ထုတ်ချေးပေးခဲ့ခြင်း ဖြစ်ပြီး စီမံကိန်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၊ လူမှုအဖွဲ့အစည်းနှင့် ကုမ္ပဏီတို့ အတွက် ရေရှည်အကျိုးကျေးဇူးရရှိစေမည်ဖြစ်သည်။ 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ဧရာ၀တီဘဏ်လီမိတက်၊ Myanmar CP.Livestock Co.,Ltd. နှင့် ပေတောကျေးရွာရန်ပုံငွေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ တာဝန်ရှိသူတို့က စာချုပ်ချုပ်ဆိုသည့် အကြောင်းအရင်းနှင့် ရရှိလာမည့်ရလဒ်များကို ရှင်းလင်း ပြောကြားသည်။

အခမ်းအနားသို့     ပြည်ထောင်စုဝန်ကြီးနှင့်အတူ    ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊   ဧရာ၀တီဘဏ်လီမိတက်နှင့် Myanmar CP.Livestock Co.,Ltd.၊ ပေတောကျေးရွာ ရန်ပုံငွေဖွံ့ဖြိုးတိုးတက်ရေး အသင်းတို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။ 

သတင်းစဉ်

No comments:

Post a Comment