Monday, May 6, 2019

ကျောင်းဖွင့်ချိန်အမီ ကျောင်းသုံးဖတ်စာအုပ်များ ကျောင်းသား ကျောင်းသူများ လက်ထဲရောက်ရှိရေး ဒုတိယဝန်ကြီး ဦးအောင်လှထွန်း ပုံနှိပ်ထုတ်ဝေသူများနှင့် တွေ့ဆုံ



Image may contain: 3 people, people sitting, table and indoor
ရန်ကုန်   မေ  ၅

၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာကျောင်းသုံးဖတ် စာအုပ်များ ရိုက်နှိပ်ရေးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ငါးထပ်ကြီး ဘုရားလမ်းရှိ ဖိုတိုလစ်သိုပုံနှိပ်စက်ရုံ၌ ပြင်ပပုဂ္ဂလိက အဖွဲ့များမှ တာဝန်ရှိသူများနှင့် ကျောင်းသုံးဖတ်စာအုပ်များ ပုံနှိပ်၊ ထုတ်လုပ်၊ ထောက်ပံ့ပြီးစီးမှုအခြေအနေများနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံဆွေးနွေးရာတွင် ဒုတိယဝန်ကြီး ဦးအောင်လှ ထွန်းက ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တစ်နိုင်ငံလုံးရှိ အခြေခံ ပညာ ကျောင်းသား   ကျောင်းသူအားလုံးအတွက် ကျောင်းသုံးဖတ်စာအုပ် သန်းပေါင်း ၁၁၀ ကျော်ကို ပုံနှိပ်၊ ထုတ်လုပ်၊ ထောက်ပံ့ပြီးစီးမှုအခြေအနေများနှင့်စပ်လျဉ်း ၍ သိလိုပါကြောင်း၊  ကျောင်းဖွင့်ချိန်အမီ အရည်အသွေး ပြည့်မီသည့် ကျောင်းသုံးဖတ်စာအုပ်များ ကျောင်းသူ ကျောင်းသား အားလုံးလက်ထဲသို့ရောက်ရှိရန် လိုအပ် သဖြင့် လိုအပ်ချက်များရှိပါက ညှိနှိုင်းပူးပေါင်းဆောင်ရွက် ပေးရန် တွေ့ဆုံခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်  ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန òန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်က ကျောင်းသုံး ဖတ်စာအုပ်များ ပုံနှိပ်၊ ထုတ်လုပ်၊ ထောက်ပံ့မှုလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းသုံး ဖတ်စာအုပ်များ ပုံနှိပ်၊ ထုတ်လုပ်၊ ထောက်ပံ့ပြီးစီးမှုအခြေ အနေများနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြ ကြသည်။

ဆက်လက်၍  ပညာရေးဝန်ကြီးဌာန၊ ပြင်ပပုဂ္ဂလိက အဖွဲ့များမှ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူ များက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။
ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍  ဒုတိယ ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေး ပေးပြီး  ယခုလုပ်ငန်းသည် တာဝန်ကြီးပြီး    အင်မတန် မွန်မြတ်သည့်လုပ်ငန်းဖြစ်ကြောင်း၊ လာမည့်စာသင်နှစ်တွင် ဘာသာရပ်များ များပြားလာမည့်အတွက် ပုံနှိပ်ရမည့် အရေအတွက်လည်း  များစွာပိုမိုလာမည်ဖြစ်ကြောင်း၊ ယခုနှစ် အားနည်းချက်၊ အားသာချက်များကို  သင်ခန်း စာယူပြီး ပိုမိုကောင်းမွန်အောင် ကြိုတင်ပြင်ဆင်ဆောင် ရွက်ထားကြရန်လိုအပ်ပါကြောင်း မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဖိုတိုလစ်သိုပုံနှိပ် စက်ရုံ၌ ကျောင်းသုံးဖတ်စာအုပ်များ ပုံနှိပ်ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် The Global New Light of Myanmar  သတင်းစာတိုက်သို့ သွားရောက်၍ သတင်းခန်းမှ စာတည်းအဖွဲ့နှင့်တွေ့ဆုံပြီး သတင်းအကြောင်းအရာ ရွေးချယ်မှု မှန်ကန်ရေး၊ သတင်း အရည်အသွေးကောင်းမွန်ရေး၊ တစ်ခုတည်းသော နိုင်ငံပိုင် အင်္ဂလိပ်သတင်းစာဖြစ်သည့်အတွက် ပြည်တွင်းစာဖတ် သူသာမက ပြည်ပစာဖတ်သူများကိုပါ ဖတ်ချင်စိတ်ရှိ အောင် အဓိကထားလုပ်ဆောင်ရေး၊ သတင်း၊ ဓာတ်ပုံ အပြင်အဆင်      ကောင်းမွန်တိုးတက်လာရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေး မှာကြားသည်။
ထို့နောက်  စာတည်းအဖွဲ့မှ တာဝန်ရှိသူများက လုပ်ငန်းလ်ိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ဒုတိယ ဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

သတင်းစဉ်

No comments:

Post a Comment