Monday, May 6, 2019

အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာခရီးသွားများ မြန်မာနိုင်ငံသို့အဆင်ပြေချောမွေ့ စွာ ဝင်ရောက်လည်ပတ်နိုင်ရေး ဆောင်ရွက်ထားရှိမှုများ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ကြည့်ရှုစစ်ဆေး

Image may contain: 7 people, people standing and indoor

နေပြည်တော် မေ ၅

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးအုန်းမောင်သည်  တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ရောက်ရှိပြီး ဆိုက်ရောက်ခန်းမ၌ နိုင်ငံတကာမှခရီးသွား ဧည့်သည်များ ဝင်ရောက်နေမှု၊ ခရီးသွားများကို ဆိုက် ရောက်ဗီဇာ (Visa On  Arrival )ဝန်ဆောင်မှုပေးနေ သည့် ကောင်တာနှင့်   ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဖွင့်လှစ်ဝန်ဆောင်မှုပေးနေသည့် သတင်း နှင့်ပြန်ကြားရေးကောင်တာတို့ကို  သွားရောက်ကြည့်ရှု သည်။


 ထို့နောက် သက်ဆိုင်သည့်ဌာနများမှတင်ပြချက်များကိုဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ခရီးသွားများ အဆင်ပြေချောမွေ့စွာ ဝင်/ထွက်နိုင်ရေး၊ ခရီးသွား ဧည့်သည်များ ဝင်/ထွက်မှုဆိုင်ရာ စာရင်းအင်းများ စနစ် တကျရှိစေရေးနှင့် သတင်းနှင့်ပြန်ကြားရေးကောင်တာတွင် ဝန်ဆောင်မှုပေးရာတွင် တိကျမှန်ကန်သည့် သတင်း အချက်အလက်များပေးနိုင်ရေးတို့ကို မှာကြားသည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်တံတားမြို့နယ် ဆူးလေဘုရားလမ်းရှိ ဌာနပိုင် အဆောက်အဦသို့သွားရောက်ပြီး  အဆောက်အဦကို စနစ်တကျ ထိန်းသိမ်းရေးနှင့်အဆောက်အဦကို ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုနိုင်ရေးတို့ကို မှာကြားသည်။

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  ပန်းဘဲတန်းမြို့နယ် ဗိုလ်ဆွန်ပက်လမ်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့်     Luxemburg Development  တို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်ထားသည့် Myanmar Institute of  Tourism & Hospitality သင်တန်းကျောင်းသို့ သွားရောက်၍ သင်တန်းကျောင်းတွင် ဧည့်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများသင်ကြားပို့ချနေမှု၊ စာတွေ့၊ လက်တွေ့  သင်ခန်းစာများ သင်ကြားပို့ချ နေမှုများ နှင့် သင်တန်းကျောင်းပြုပြင် မွမ်းမံနေမှုအခြေအနေများ ကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် သင်တန်းကျောင်း၌  Golden TMH Telecom Co.,Ltd. မှ  တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ သင်တန်းကျောင်းတွင်   မြန်နှုန်းမြင့်အင်တာနက်လိုင်း ရရှိစေရန်အတွက် ဆောင်ရွက်နိုင်မည့်အခြေအနေနှင့် အိုင်စီတီကဏ္ဍဖွံ့ဖြိုးတိုးတက်အောင်ပြုလုပ်၍ သင်တန်း ပို့ချခြင်းအစီအစဉ်များ၊ ခရီးသွားမြှင့်တင်ရေးအစီအစဉ်များ ဆောင်ရွက်သွားနိုင်မည့်အခြေအနေများကို   ဆွေးနွေး သည်။
ဆက်လက်၍  ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနမှ  ဖွင့်လှစ်ထားသော   ဧည့်လမ်းညွှန်သင်တန်း ကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

သတင်းစဉ်

No comments:

Post a Comment