Wednesday, May 22, 2019

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ဇနီးတို့က ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် ဇနီးတို့အား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ


Image may contain: 9 people, people smiling, people sitting, table, child and indoor


နေပြည်တော် မေ ၂၁
တရားဝင်ချစ်ကြည်ရေးခရီး လည်ပတ်ရန် နှင့် တတိယအကြိမ်မြောက် မြန်မာ- ဖိလစ်ပိုင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ ပူးတွဲကော်မရှင်အစည်း အဝေးသို့ တက်ရောက်ရန် မြန်မာနိုင်ငံ၌ ရောက်ရှိနေသည့် ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြား ရေးဝန်ကြီး H.E. Teodoro L.Locsin, Jr.နှင့် ဇနီးတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့်ဇနီးတို့က ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိMount Pleasant ဟိုတယ်၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
တက်ရောက်
အဆိုပါ ညစာစားပွဲသို့ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် နှင့် ဇနီးတို့နှင့်အတူ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြား ရေးဝန်ကြီး H.E. Teodoro L.Locsin, Jr. နှင့်ဇနီးတို့ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံ သံအမတ်ကြီး H.E. Mr. Eduardo R. Kapunan, Jr. နှင့် သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment