Tuesday, May 21, 2019

ပြည်သူ့ကျန်းမာရေး စောင့်ရှောက်ကာကွယ်

Image may contain: text

လူတစ်ဦးမှတစ်ဦးသို့   ရောဂါကူးစက်ခြင်းကြောင့်မဟုတ်ဘဲ ကျန်းမာရေး နှင့်မညီညွတ်သော အစားအစာများစားသောက်ခြင်းနှင့် ကျန်းမာရေး နှင့်မညီညွတ်သော  လူမှုဘ၀ပုံစံများတွင်   ကြာရှည်စွာနေထိုင် ထိတွေ့ခံစားရခြင်းကြောင့်  ဖြစ်ပေါ်လာသော   ရောဂါအစုအဝေးကို မကူးစက်နိုင်သော ရောဂါများဟုခေါ်သည်။

မြန်မာနိုင်ငံတွင် သေဆုံးသူ ၁၀၀ လျှင်  ၅၉  ဦးသည် မကူးစက် နိုင်သော ရောဂါများကြောင့်ဖြစ်သည်ကို  တွေ့ရှိထားသည်။ မကူးစက်နိုင် သောရောဂါများမှာ သွေးတိုး၊  နှလုံးသွေးကြောကျဉ်း၊ ကင်ဆာ၊ စိတ်ရောဂါ၊ ဆေးလိပ်ဆေးရွက်ကြီး၊ မူးယစ်ဆေးဝါး၊ အရက်စွဲ၊ ဆီးချိုသွေးချို၊ လေဖြတ်၊ နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်း၊ နားလေး၊ အတက်၊ မြွေကိုက်၊ မတော်တဆထိခိုက်မှုတို့ဖြစ်ပြီး ယင်းတို့တွင်  နှလုံးသွေးကြော၊ ဆီးချိုသွေးချို၊ ကင်ဆာနှင့် နာတာရှည်အဆုတ်ရောဂါတို့မှာ အဖြစ်အများဆုံး ဖြစ်ပါသည်။

အဖြစ်များသောရောဂါလေးမျိုးတွင် ကင်ဆာရောဂါသည် မြန်မာ  နိုင်ငံတွင်မက ကမ္ဘာနှင့်တစ်ဝန်း၌ အများဆုံးဖြစ်ပွားနေသည်။ ၂၀၁၈ ခုနှစ်စာရင်းများအရ ကမ္ဘာတစ်ဝန်းတွင် ကင်ဆာရောဂါ လူ ၁၈ ဒသမ ၁ သန်းဖြစ်ပွားခဲ့ပြီး ၉ ဒသမ ၆ သန်းသေဆုံးခဲ့သည်။ ကမ္ဘာတွင် သေဆုံးမှု ဒုတိယအများဆုံးရောဂါဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ်စာရင်းအရ ကင်ဆာရောဂါအသစ်ဖြစ်ပွားသူ ၆၉၅၅၄ ဦးရှိပြီး   ၅၁၀၅၉ ဦး သေဆုံးခဲ့သည်။ အမျိုးသားငါးဦးတွင် တစ်ဦး၊ အမျိုးသမီးခြောက်ဦးတွင် တစ်ဦး ကင်ဆာရောဂါဖြစ်ပွားနေပြီး  သေဆုံးသူများ၏ ၇၀ ရာခိုင်နှုန်းသည် ဝင်ငွေနိမ့်ကျသူ၊ အလယ်အလတ်ရှိသူများဖြစ်သည်။

ကင်ဆာရောဂါဖြစ်ပွားရခြင်းမှာ အထက်တွင်ဆိုသကဲ့သို့ နေထိုင် စားသောက်မှု ပုံစံမမှန်မှုနှင့် မျိုးရိုးဗီဇကြောင့်လည်း  ဖြစ်ပွားနိုင်ပါသည်။ မြို့ပြများတွင် သဘာ၀ပတ်ဝန်းကျင်နှင့်သက်ဆိုင်သည့် လေထုညစ်ညမ်းမှု နှင့် နေထိုင်စားသောက်မှုနှင့်သက်ဆိုင်သည့် အစားအသောက်များကြောင့် ဖြစ်ပွားနေသည်ကို တွေ့ရှိရသည်။ ကင်ဆာရောဂါ၏ သုံးပုံတစ်ပုံကို ကာကွယ်၍ရနိုင်သဖြင့်  စောစီးစွာရှာဖွေစမ်းသပ်ခြင်း၊ ကာကွယ် ကုသခြင်းကြောင့် လူ့အသက် ၃ ဒသမ ၇ သန်းခန့် နှစ်စဉ်ကယ်တင်နိုင် ခဲ့သည်။

ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများတွင် နိုင်ငံသူ နိုင်ငံသားများအတွက် ဘေးကင်းလုံခြုံသော စားသောက်ကုန်များကိုသာ တင်သွင်းရောင်းချ ခွင့်ပြုသည်။ ကျန်းမာရေးကိုထိခိုက်စေသည့်  စားသောက်ကုန်များကို လုံး၀ရောင်းချခွင့်မပြုဘဲ  အစဉ်အမြဲကြပ်မတ်စိစစ်သည်။ ထို့ကြောင့် နိုင်ငံသူ နိုင်ငံသားများ ကင်ဆာရောဂါဘေးဆိုးမှကင်းဝေးပြီး သက်ရှည် ကျန်းမာစွာနေထိုင်နိုင်သည်။ မြန်မာနိုင်ငံသည်  ဖွံ့ဖြိုးပြီးနိုင်ငံမဟုတ် သော်လည်း ရောဂါကင်းဝေးရေးကိုရှေးရှုပြီး အသိပညာပေး၍ ကာကွယ် ပေးသင့်ပါသည်။

အခြေခံလူတန်းစား ပြည်သူလူထုမှာ ဝင်ငွေနည်းပါးသူများဖြစ်၍ အာဟာရပြည့်၀ပြီး ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များကို မရွေးချယ်နိုင်ဘဲ ဈေးနှုန်းသက်သာပြီး ဝမ်း၀ရေးကိုဦးစားပေးစားသောက် နေကြရသည်။ ထို့ကြောင့်   ကျန်းမာရေးနှင့်မညီညွတ်သော   အစားအစာ များကို နေ့စဉ်စားသုံးရာမှ ကင်ဆာရောဂါဖြစ်ပွားလာကြသည်။ အစား အစာများကို ရောင်းချသူများအနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို ကုသိုလ်လည်းရ ဝမ်းလည်း၀သည့်စေတနာဖြင့် ရောင်းချ ပေးသင့်သည်။

သို့ဖြစ်ရာ ပြည်သူလူထုကြားတွင် ကျန်းမာရေးအတွက် စိုးရိမ်ပူပန်မှု မြင့်တက်စေသည့် ကင်ဆာရောဂါကဲ့သို့ ရောဂါဆိုးများမဖြစ်ပွားစေရေး အတွက် ရောင်းချရေးနှင့်  ကာကွယ်ရေးဘက်တွင် အလေးထားဆောင်ရွက် ပေးသင့်ပါကြောင်း။                  ။


No comments:

Post a Comment