Tuesday, May 21, 2019

မြန်မာနိုင်ငံသစ်တောကျောင်း၊ အခြေခံသစ်တောပညာ (၂)နှစ် သင်တန်းအမှတ်စဉ် (၁၁၅) သင်တန်းဖွင့်ပွဲ ကျင်းပ




နေပြည်တော် မေ ၂၀
သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းသည် မေ ၁၉ ရက်က ပြင်ဦးလွင်မြို့ မြန်မာနိုင်ငံ သစ်တော ကျောင်း ကျွန်းရတနာခန်းမတွင် ကျင်းပ သည့် အခြေခံသစ်တောပညာ (၂) နှစ် သင်တန်း အမှတ်စဉ် (၁၁၅) သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် သည်။
ကြိုးပမ်းဆောင်ရွက်
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး က အစဉ်အလာကောင်းရှိခဲ့သည့် ကျောင်း၏ဂုဏ်ကို သင်တန်းသား တစ်ဦးချင်းစီ၏ ကြိုးစားအားထုတ်မှုနှင့် ဆက်လက်ထိန်းသိမ်းကြရန်၊ ဝန်ထမ်း စည်းမျဉ်းစည်းကမ်း၊ ကျောင်းစည်းကမ်း များနှင့် အကျင့်စာရိတ္တ ကောင်းမွန်အောင် လိုက်နာကြရန်၊ သင်တန်းတွင် ထူးချွန်ဆု များရရှိအောင် ကောင်းသော ယှဉ်ပြိုင် ခြင်းဖြင့် အပြိုင်အဆိုင် ကြိုးစားကြရန်၊ စာတွေ့၊ လက်တွေ့ထူးချွန်အောင် ကြိုးစား ကြရန်၊ ဝန်ကြီးဌာနအောက်ရှိ ဌာန အသီးသီး၏ အရည်အချင်းပြည့်၀သည့် ခေါင်းဆောင်ငယ်များအဖြစ် တာဝန် ထမ်းဆောင်နိုင်ရေး ဦးတည်ဆောင်ရွက် သွားကြရန်၊ စွမ်းဆောင်ရည် ထက်မြက် သည့် ဝန်ထမ်းကောင်းများ ဖြစ်အောင် စဉ်ဆက်မပြတ် လေ့လာသင်ယူဆည်းပူး ကြရန်၊ နိုင်ငံတော်နှင့် အမျိုးသားအကျိုး စီးပွားကို အစဉ်ထာ၀ရ ဖော်ဆောင်နိုင် သည့် ရိုးသားကြိုးစားသည့် ဝန်ထမ်း ကောင်းများဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်သွားကြရန် ပြောကြားသည်။
ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီးသည် မေ ၁၉ ရက်က မိတ္ထီလာမြို့နယ်နှင့် ကျောက်ဆည်မြို့နယ် သစ်တောဦးစီး ဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနတို့မှ ပျိုးထောင်ဆောင်ရွက် လျက်ရှိသော အမြဲတမ်းပျိုးဥယျာဉ်များနှင့် ပြင်ဦးလွင်မြို့ သစ်တောဦးစီးဌာန ဒိုးကွင် ပျိုးဥယျာဉ်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment