Tuesday, May 21, 2019

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) ဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

Image may contain: 10 people, people standing, wedding, child, indoor and outdoor


နေပြည်တော် မေ ၂၀
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)ဥက္ကဋ္ဌ ဦးမြတ်သူဝင်းနှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး
ထိုသို့တွေ့ဆုံစဉ် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မသန်စွမ်းသူများ တွေ့ကြုံရသည့်အခက်အခဲများ၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဆောင်ရွက်ပေးစေလိုသည့် အကြံပြုချက်များ၊ မသန်စွမ်းသူများ ရွေးကောက်ပွဲတွင် ပိုမိုပါဝင်လာစေရန် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment