Wednesday, May 1, 2019

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းကော်မတီအစည်းအဝေး ကျင်းပ

No photo description available.

နေပြည်တော် ဧပြီ ၃၀

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) ကော်မတီ၏ (၂/၂၀၁၉)ကြိမ် မြောက်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင်  လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင်     ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး   ဒေါက်တာဝင်းမြတ်အေးက ယခု အစည်းအဝေးတွင်    ဆောင်ရွက်ခဲ့ပြီးလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းနှင့် ဘဏ္ဍာရေးစည်းမျဉ်းများ အရ လိုအပ်သောအတည်ပြုမှုများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုအကူအညီ များပေးရေးနှင့်စပ်လျဉ်းပြီး ဝန်ကြီးဌာနက ဆောင်ရွက်ပေး နေသကဲ့သို့ ကြက်ခြေနီလှုပ်ရှားမှုအနေဖြင့်ပါ ဆောင်ရွက် ပေးလျက်ရှိကြောင်း၊  UEHRD၏  စေတနာ့ဝန်ထမ်း လူငယ်အစီအစဉ်များဖြင့် လူသားချင်းစာနာမှုအကူအညီ များပေးခဲ့ကြောင်း၊ UEHRD ကော်မတီ၏ လုပ်ငန်းများ နှင့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အကောင် အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ လုပ်ငန်းများ သည်  ဆက်စပ်ဆောင်ရွက်ရသောလုပ်ငန်းများ ဖြစ်ပါ ကြောင်း၊ ASEAN-ERAT အဖွဲ့အပါအဝင် ရခိုင်ပြည် နယ်၏ အခြေအနေများကို ဆန်းစစ်လေ့လာသည့် အဖွဲ့ အစည်းများ၏ ဖော်ထုတ်ချက်အရ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့်  ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအကျဆုံးအချက်မှာလူမှုစီးပွားဖွံ့ဖြိုးမှုနိမ့်ကျနေမှု ကို ဖြေရှင်းဆောင်ရွက်ရန်ဖြစ်ကြောင်း၊ လူမှုသဟဇာတဖြစ် ရေးသည် ဦးစားပေးဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်လူမှုစီးပွားဖွံ့ဖြိုးရေးနှင့်   ရေရှည်ပဋိပက္ခ ကင်းဝေးရေးအတွက် UEHRD ကော်မတီ၏ လုပ်ငန်းအဖွဲ့  ၁၀ ဖွဲ့၏  ဆောင်ရွက်မှုများသည်   အရေးပါကြောင်း၊ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အောင်အောင်မြင်မြင် ဆောင်ရွက်ပေးခဲ့ကြသည့်အတွက် အသိအမှတ်ပြုပါကြောင်း ပြောကြားသည်။
ထို့နောက် UEHRD ကော်မတီဝင်များက  ကဏ္ဍအလိုက်ဆွေးနွေးကြပြီး          ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြား သည်။                                                 

သတင်းစဉ်

No comments:

Post a Comment