Monday, May 20, 2019

ကွင်းချောင်း ချောင်းကူးတံတား ဆောက်လုပ်ပေးရန် ဒေသခံပြည်သူများ လိုလား


ထင်သာမြင်သာ ပြုပြင်စရာ


ဧရာ၀တီတိုင်းဒေသကြီး မော်လမြိုင်ကျွန်း မြို့နယ်၏ မြောက်ပိုင်းခြမ်း၊ ကျေးရွာ ချင်းဆက်လမ်းပန်းဆက်သွယ်ရေးတွင် ကျွန်းကြီး၊ တံခွန်တိုင်ကျုံဝါး၊ ဖိုးခမှီဒေါင့်၊ ရာဇူတိုင်ကညင်ချောင်း၊ ကျွန်းခယ်မနှင့် ကြပ်စဉ်ချောင်းကျေးရွာအုပ်စု အပါ အဝင် ကျေးရွာပေါင်း ၅၃ ရွာတို့မှာ တစ်ရွာမှတစ်ရွာသို့ အချိန်မရွေး ဆက်သွယ်သွားလာနိုင်သော်လည်း ကြပ်စဉ်ချောင်း ကျေးရွာအုပ်စု ကွင်းချောင်း ကရင်စုမှ တယ်ချောင်း ကျေးရွာသို့ ကုန်းလမ်းခရီးဖြင့် ဆက်သွယ် သွားလာရာတွင် ကွင်းချောင်း ချောင်း ရှိနေသည်။
ယင်းကွင်းချောင်း ချောင်းမှာ အကျယ် ပေ ၁၂၀ ရှိသည်။ ချောင်းကူး တံတား ဆောက်လုပ်ပေးပါက ဒေသခံ ပြည်သူများ၊ ကျောင်းသူ၊ ကျောင်းသား များ အချိန်တိုတိုဖြင့် မော်လမြိုင်ကျွန်းသို့ တိုက်ရိုက်ကုန်းလမ်းခရီးဖြင့် သွားလာ နိုင်ကြမည်ဖြစ်သည်။
ထို့ပြင် နယ်မြေဒေသဖွံ့ဖြိုး တိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးလုပ်ငန်းများပါ ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပြီး ကွင်းချောင်း ချောင်းကူးတံတားအား ဆောက်လုပ် ပေးရန် ဒေသခံပြည်သူများက လိုလား လျက်ကြောင်း သိရသည်။
မော်ကျွန်း-မြင့်အောင်

No comments:

Post a Comment