Thursday, May 23, 2019

တတိယအကြိမ်မြောက် မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲကော်မရှင်အစည်းအဝေးကျင်းပ


Image may contain: 11 people, people sitting, table and indoor



နေပြည်တော် မေ ၂၂
တတိယအကြိမ်မြောက် မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲ ကော်မရှင်အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ကျင်းပရာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးH.E. Mr. Teodoro L. Locsin, Jr. တို့က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြသည်။
လက်မှတ်ရေးထိုး
အစည်းအဝေးတွင် မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ တိုက်ရိုက် လေကြောင်းပျံသန်းပြေးဆွဲရေး၊ နှစ်နိုင်ငံအကြား မူးယစ်ဆေးဝါးနှင့် ဆက်စပ် ဓာတုပစ္စည်းများ တရားမဝင်သယ်ဆောင်ရောင်းဝယ်မှုနှင့် အလွဲသုံးမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေး၊ နှစ်ဖက် ပြည်သူများအကြား ထိတွေ့ဆက်ဆံမှုတိုးမြှင့်ရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကာကွယ်ရေး၊ စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ခရီးသွားလုပ်ငန်း အစရှိသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာ၌ ပိုမိုပူးပေါင်းဆောင်ရွက်သွားရေးနှင့် အပြန်အလှန် အကူအညီပေးရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ဝန်ကြီးနှစ်ဦး သည် တတိယအကြိမ်မြောက် မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲကော်မရှင်အစည်းအဝေးမှတ်တမ်းကို လက်မှတ်ရေးထိုးခဲ့ကြသည်။
အစည်းအဝေးအပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဖိလစ်ပိုင် သမ္မတနိုင်ငံတို့အကြား လေကြောင်းပို့ဆောင်ရေးသဘောတူစာချုပ်ကို ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးနှင့် မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီးMr. Eduardo E. Kapunan, Jr.တို့က လက်မှတ် ရေးထိုးခဲ့ကြသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးH.E. Mr. Teodoro L. Locsin, Jr. ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား မွန်းလွဲ ၁၂ နာရီခွဲတွင် နေပြည်တော်ရှိ Hilton ဟိုတယ်၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ သည်။
ပြန်လည်ထွက်ခွာ
ဖိလစ်ပိုင်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးH.E. Mr. Teodoro L. Locsin, Jr. နှင့် ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် မြန်မာနိုင်ငံမှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားသည်။ သတင်းစဉ်

No comments:

Post a Comment