Friday, May 31, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာအိုသံအမတ်ကြီးအား လက်ခံတွေ့ဆုံ နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေးကိစ္စရပ်များ ဆွေးနွေး


Image may contain: 2 people, people sitting and outdoor


နေပြည်တော် မေ ၃၀

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာ နိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီး Mr. Heuangseng Khamdalavong အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် မြန်မာ-လာအို နှစ်နိုင်ငံယဉ်ကျေးမှုနှင့် ကိုးကွယ်မှုဘာသာ တူညီမှု ရှိပြီး လာအိုနိုင်ငံတွင် ထေရဝါဒဗုဒ္ဓဘာသာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည် များ ကူညီပံ့ပိုးဆောင်ရွက်ပေးနိုင်မည့်အခြေအနေ၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေ အနေ၊ နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာ စေရေးအတွက် ယဉ်ကျေးမှုအဖွဲ့များ၊ အားကစားအဖွဲ့များနှင့် အဆင့်အလိုက် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီး ပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။


သတင်းစဉ်


အာဆီယံဥပဒေပညာရှင်များအသင်း (မြန်မာ)၏ (၁/၂၀၁၉)အစည်းအဝေး ကျင်းပ


Image may contain: 3 people, people sitting, table and indoor



နေပြည်တော် မေ ၃၀

အာဆီယံဥပဒေပညာရှင်များအသင်း(မြန်မာ)၏(၁/၂၀၁၉) အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် အသင်းဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အမှာစကားပြောကြားရာ၌ အာဆီယံ ဥပဒေ ပညာရှင်များအသင်း(ALA)သည် ၁၉၇၉ ခုနှစ် ဖေဖော်ဝါရီ လတွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ ကျင်းပခဲ့သော Legal Development in ASEAN Countries Conference တွင် အာဆီယံဒေသတွင်းဆိုင်ရာ ရှေ့နေအဖွဲ့ အစည်း ဖွဲ့စည်းရန် အဆိုပြုခဲ့ခြင်းမှ စတင်ပေါ်ပေါက်ခဲ့ပါ ကြောင်း၊ အဆိုပါအသင်းသည် အာဆီယံဥပဒေဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်ဆောင်ရွက်ရပါကြောင်း၊ အာဆီယံ နိုင်ငံများရှိ ဥပဒေပညာရှင်များအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းနှင့် ဒေသတွင်း ဥပဒေဆိုင်ရာကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်ရပါကြောင်း၊ မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် ALA သို့ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက် ခဲ့ပါကြောင်း၊ ALA ၏ဖွဲ့စည်းပုံ စည်းမျဉ်းအရ တရား စီရင်ရေးအဖွဲ့အစည်းများ၊ အစိုးရရှေ့နေများ၊ ဥပဒေအကျိုး ဆောင်ရှေ့နေများ၊ ဥပဒေတက္ကသိုလ်များမှ ဆရာ ဆရာမများ ဖြင့် အာဆီယံဥပဒေပညာရှင်များအသင်း (မြန်မာ)ကို ဖွဲ့စည်းခဲ့ ပါကြောင်း၊ ဥပဒေပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူ များသည် အာဆီယံဥပဒေပညာရှင်များအသင်း (မြန်မာ)သို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း၊ ALA အသင်းဝင်များ အကြား ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပခြင်း၊ အတွေ့ အကြုံဖလှယ်ခြင်းများ တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း ပြောကြားခဲ့ပြီး အဖွဲ့ဝင်များက အာဆီယံ ဥပဒေပညာ ရှင်များအသင်း(မြန်မာ)ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ ကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါအစည်းအဝေးသို့ ဒုတိယဥက္ကဋ္ဌ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များအနက် ပါမောက္ခ ဒေါက်တာခင်ချစ်ချစ်၊ ပါမောက္ခ ဒေါက်တာခင်ဖုန်းမြင့်ကြူ၊ တရားလွှတ်တော်ရှေ့နေဦးစိုးတင့်ရည်၊ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဒေါက်တာ သီတာဦးနှင့် ဒေါက်တာဆွေဆွေအောင်တို့ တက်ရောက်ခဲ့ကြ သည်။

သတင်းစဉ်

မြန်မာ့ရှုခင်း မြန်မာ့စိတ်ရင်း


မြန်မာ့အလင်းအယ်ဒီတာအာဘော်


တစ်ခေတ်တစ်ခါတုန်းက မြန်မာနိုင်ငံဟာ သဘာ၀သယံဇာတများ ကြွယ်၀ပြည့်စုံသော၊ စိမ်းစိုသာယာသော နိုင်ငံတစ်ခုအဖြစ် အရှေ့ တောင် အာရှတွင် လူသိများ ထင်ရှားခဲ့ဖူးသည်။ ထို့အတူ မြန်မာလူမျိုးများ သည်လည်း စာနာတတ်သူများ၊ ယဉ်ကျေးဖွယ်ရာသူ၊ ဖော်ရွေသူ၊ သူတစ်ထူး ထိခိုက်နစ်နာသွားမှာကို စိုးရိမ်တတ် အားနာတတ်သူများအဖြစ် ကျော်ကြားခဲ့သည်။
ထိုအမည်ကောင်းများ တဖြည်းဖြည်းချင်း ဖျော့တော့လာပြီဟု နိုင်ငံတကာ အသိုင်းအဝိုင်းက စာများပေများတွင် ထည့်သွင်းရေးသား လာခဲ့သည်တို့ပင် ရှိလာသည်။ အထူးသဖြင့်မူ အလွန်မွန်းကျပ် ဖိစီးလာ သည့် အထွေထွေအခြေအနေများကြောင့် အစွန်းရောက်လာသော သည်း မခံနိုင်မှုများကတစ်ဆင့် လောက၏ တရားမျှတမှုကို မယုံကြည်နိုင်လောက် အောင်ဖြစ်လာသည်များ၊ မညီမျှမှုများက လွှမ်းမိုးလာသည့်အခါ အစွန်းရောက်သည့် ယုံကြည်မှုများပေါ်မူတည်ကာ အစွန်းရောက် အယူ အဆများ၊ အစွန်းရောက်ပြောဆိုမှုများ၊ အစွန်းရောက် လက်တွေ့ လုပ်ဆောင်မှုများအထိ ဖြစ်လာသည်ဟု ယူဆပါသည်။
သည်လို ခေတ်ကာလက ဖန်တီးလိုက်သည့် အယူအတွေး အပြော အဆို၊ အလုပ်အကိုင်တို့တွင် နည်းပညာမြင့်မားမှုက လျင်မြန်စွာ ပျံ့နှံ့ နိုင်အောင် အထောက်အကူပေးသည့်အခါ အချို့ သော အယူအတွေးတို့က ကူးစက်လွယ်ဖြစ်လာ၏။ အချို့သော အပြောအဆို ကြမ်းတမ်းမှုများက အားရပါးရရှိသလိုလို အာတွေ့ သလိုလို ဖြစ်လာ၏။ အချို့သော ပြင်းထန် ကြမ်းတမ်းလှသော ပြုမူဆောင်ရွက်မှုများက ပေါများလာသော မူးယစ် ဆေးဝါးတို့၏ သွေးထိုးမှုဖြင့် ပိုမိုရဲတင်း ရက်စက်လာသည်တို့ကိုလည်း သတိပြုမိပါ၏။


ချစ်ခြင်း၊ မုန်းခြင်း၊ မကျေနပ်ခြင်း၊ သဘောမတူခြင်း၊ ဝမ်းသာခြင်း၊ ဝမ်းနည်းပူဆွေးခြင်း အစရှိသည့် စိတ်ခံစားမှုအမျိုးမျိုးတို့ကို ပြင်းထန် ကြမ်းတမ်းသည့် ဖော်ထုတ်မှုများပြုလုပ်လာသည်ကို တွေ့လာရသည်။ အတွေးအယူတို့က အစွန်းရောက်လာသည့်အခါ အပြောအဆိုတို့က အလွန်အကျွံ ရိုင်းပျကြမ်းတမ်းလာသည်ဟု ယူဆပါသည်။ အချို့သော အသုံးအနှုန်းများဆိုလျှင် ယုံကြည်ရန်ခက်ခဲလောက်အောင်ပင် လူကြား သူကြားထဲ အလွယ်တကူ သုံးနှုန်း ပြောဆိုလာကြသည်။ လူတစ်ဦးနှင့် တစ်ဦး မည်မျှလောက် မကျေနပ်သည်ဖြစ်စေ သည်ကဲ့သို့ နှုတ်က ထွက်ပေါ် လာစရာအကြောင်း မရှိဟု ယုံကြည်လောက်သည့် မြန်မာ့အစဉ်အလာ ဓလေ့ယဉ်ကျေးမှုတို့ ကပြောင်းကပြန်ဖြစ်သွားလေပြီဟု တွေးထင် မိတော့သည်။


ပင်ကိုအားဖြင့် မြန်မာတို့တွင် သူတစ်ပါးကို ချစ်ခင်ရင်းနှီး လွယ်တတ် သော ချစ်စရာကောင်းသည့် ဓလေ့စရိုက်တို့ပေါ်တွင် ကြမ်းတမ်းမှုတို့က ဩဇာကြီးလာသကဲ့သို့ ဖြစ်လာသည်။
အမှန်တော့ လောက လူ့ရွာ လူ့က္ဘာမှာ မတူညီသော လူမျိုး၊ မတူညီ သော ဘာသာ၊ မတူညီသော ယုံကြည်ကိုးကွယ်ရာ၊ မတူညီသော အယူအဆ အတွေးအမြင်ရှိသူများ စုပေါင်းနေထိုင်ကြခြင်း ဖြစ်ပါသည်။ အယူအဆ မတူညီလျှင်သော်မှ တစ်ဦးနှင့် တစ်ဦး ရုန့်ရင်းစရာ မလို၊ နာကျင်ထိခိုက် အောင် နှိပ်စက်ရန်မလို၊ သိမ်မွေ့သည့်နည်းဖြင့် ဖြေရှင်းခြင်းကသာ သာယာငြိမ်းချမ်းသောလောကကို တည်ဆောက်နိုင်ပါမည်။


လူမှုအဖွဲ့ အစည်းအတွင်းမှာ သည်လိုချစ်ကြည်ငြိမ်းချမ်းစွာနေထိုင်ကြခြင်းကိုသာ အားပေးပြီး ဖျက်ဆီးလိုသူတို့အတွက် လူမှုအဖွဲ့အစည်းက ရေးဆွဲထားသည့် မျှတသော ဥပဒေတို့ဖြင့် ထိန်းကျောင်းရပါသည်။
ဒါသည်ပင် ဒီမိုကရေစီ၏ အရင်းခံတစ်ခုလည်းဖြစ်ကာ လောကကို ငြိမ်းချမ်းသာယာအောင် စောင့်ရှောက်နိုင်မည့် အခြေခံတရားတစ်ခု လည်း ဖြစ်ပါသည်။


မတူညီသည့် သဘောတရား ယုံကြည်မှုတို့ အတူယှဉ်တွဲကာ ငြိမ်းငြိမ်း ချမ်းချမ်း နေထိုင်ခြင်းက မြန်မာနိုင်ငံသားတို့၏ မူလစိတ်ရင်း စိတ်ထား လည်း ဖြစ်သည်ဟု ယုံကြည်ပါသည်။


ဘာသာရေးအရဖြစ်စေ၊ လူမျိုး၏ အစဉ်အလာဓလေ့တို့အရ ဖြစ်စေ သိမ်မွေ့ယဉ်ကျေးမှုကို တန်ဖိုးထားသည့် အလေ့အထတို့ကို မြန်မာ့ လူမှု အဖွဲ့အစည်းက ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့်သာ မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားတို့၏ ငြိမ်းချမ်းသာယာမှုကို ရရှိမည်ဟု ယုံကြည်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် ရှရီ နရန်ဒရာမိုဒီ၏ ဒုတိယအကြိမ် ဝန်ကြီးချုပ်သက်တမ်း ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားတက်ရောက်ရန် အိန္ဒိယသို့ထွက်ခွာ


Image may contain: 5 people, people standing
 
 

နေပြည်တော် မေ ၃၀

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နရန်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ ၎င်း၏ ဒုတိယအကြိမ် ဝန်ကြီးချုပ်သက်တမ်း ကျမ်းသစ္စာ ကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်ရန် ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်မှ အိန္ဒိယသမ္မတနိုင်ငံသို့ မြန်မာအမျိုးသားလေကြောင်းလိုင်း အထူးလေယာဉ်ဖြင့် ထွက်ခွာသည်။


ပို့ဆောင်နှုတ်ဆက်
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံMr. Sumit Seth နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။


လိုက်ပါသွား
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်အတူ အဖွဲ့ဝင်အဖြစ် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ လိုက်ပါသွားကြသည်။


သတင်းစဉ်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နရန်ဒရာမိုဒီ၏ ဒုတိယအကြိမ် ဝန်ကြီးချုပ်သက်တမ်း ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်


Image may contain: 8 people, people smiling, people standing and wedding


နယူးဒေလီ မေ ၃၀

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာရာ အိန္ဒိယသမ္မတ နိုင်ငံ နယူးဒေလီမြို့သို့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် ရောက်ရှိကြသည်။


နိုင်ငံတော်သမ္မတနှင့် အဖွဲ့အား အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန အတွင်းဝန် (ကောင်စစ်ရေးရာ) H.E. Shri Sanjiv Arora ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်) ကူးမား၊ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် ဇနီး၊ စစ်သံမှူး ဗိုလ်မှူးချုပ်သိန်းဇော်နှင့် တာဝန်ရှိသူများက နယူးဒေလီမြို့ Palam လေတပ်စခန်း လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။


ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ခေတ္တ တည်းခိုမည့် Hotel ITC Maurya သို့ ရောက်ရှိကြသည်။
လိုအပ်သည်များ မှာကြား
မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် နယူးဒေလီမြို့ရှိ မြန်မာ သံအမတ်ကြီး နေအိမ်သို့ ရောက်ရှိပြီး မြန်မာသံရုံးနှင့်စစ်သံရုံးတို့မှ သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် မြန်မာသံရုံးနှင့် စစ်သံရုံးဝန်ထမ်းမိသားစု များအတွက် လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။


ကြည့်ရှုလေ့လာ
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်အဖွဲ့သည် နယူးဒေလီမြို့ရှိ အမျိုးသားပြတိုက်သို့ ရောက်ရှိကြပြီး အိန္ဒိယနိုင်ငံ၏ ခေတ်အဆက်ဆက် သမိုင်း ယဉ်ကျေးမှု၊ အနုပညာနှင့် အသုံးအဆောင်ပစ္စည်းပြခန်းတို့ကို လှည့်လည်ကြည့်ရှု လေ့လာကြသည်။


ဆက်လက်၍ နိုင်ငံတော်သမ္မတ သည် အဖွဲ့ဝင်များနှင့်အတူ နယူးဒေလီ မြို့ရှိ India Gate သို့ သွားရောက် လေ့လာပြီး အမှတ်တရ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။


အခမ်းအနားတက်ရောက်
ညပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်အဖွဲ့သည် နယူးဒေလီမြို့ သမ္မတအိမ်တော် (Rashtrapati Bhavan)၌ ကျင်းပသည့် အိန္ဒိယသမ္မတ နိုင်ငံ ဝန်ကြီးချုပ် ရှရီ နရန်ဒရာမိုဒီ၏ ဒုတိယအကြိမ် ဝန်ကြီးချုပ်သက်တမ်း ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်သည်။


ကျမ်းသစ္စာကျိန်ဆိုပွဲသို့ သီရိလင်္ကာ နိုင်ငံ သမ္မတ မစ္စတာ မိုင်သရီပါလ ဆီရီ စီနာ၊ ကာဂျစ္စတန်နိုင်ငံ သမ္မတ မစ္စတာ ဆော်ရွန်ဘေး ဂျန်ဘီကို့ဗ်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ သမ္မတ မစ္စတာ မိုဟာမက် အဗ္ဗဒူလ် ဟာမစ်၊ နီပေါနိုင်ငံဝန်ကြီးချုပ် မစ္စတာ ကေ ပီ ရှာမာအိုလီ၊ ဘူတန်နိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာ လိုတေး ရှားရင်း၊ မော်ရစ်ရှနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ပရာဗင့်ကူးမား ဂျက်နော့၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယ် စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီး မစ္စတာ ဂရီဆာဒါ ဘွန်းရေ့စ်တို့လည်း တက်ရောက်ကြသည်။


နှုတ်ဆက်စကားပြောကြား
ကျမ်းသစ္စာ ကျိန်ဆိုပွဲအပြီးတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် အိန္ဒိယ သမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နရန်ဒရာမိုဒီ နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဂုဏ်ယူ ဝမ်းမြောက်ကြောင်း နှုတ်ဆက်စကား ပြောကြားပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်သည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံခေါင်းဆောင်များ၊ အစိုးရအဖွဲ့ အကြီးအကဲများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။


ကျမ်းသစ္စာကျိန်ဆို
အဆိုပါ ကျမ်းသစ္စာကျိန်ဆိုပွဲတွင် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ်နှင့်အတူ ၎င်း၏ အစိုးရအဖွဲ့ဝင် ဝန်ကြီးများလည်း တစ်ပါတည်း ကျမ်းသစ္စာကျိန်ဆိုခဲ့ ကြသည်။


ညစာစားပွဲတက်ရောက်
ယင်းနောက် နိုင်ငံတော်သမ္မတသည် နိုင်ငံခေါင်းဆောင်များ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ ကိုယ်စားလှယ်များနှင့် အတူ အိန္ဒိယသမ္မတနိုင်ငံ သမ္မတ မစ္စတာ ရမ် နက်သ် ကိုဗင့်ဒ်က တည်ခင်းဧည့်ခံ သည့် ညစာစားပွဲသို့ တက်ရောက်သည်။

သတင်းစဉ်

Thursday, May 30, 2019

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း IFES ၊ Hornbill နှင့်MYNFRELအဖွဲ့တို့မှ ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံ





Image may contain: indoor
နေပြည်တော် မေ ၂၉



ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် International Foundation for Electoral Systems (IFES) ၊ Hornbill နှင့်Myanmar Network Organization for Free and Fair Elections (MYNFREL)အဖွဲ့တို့မှ ကိုယ်စားလှယ်များအား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် IFES ၊ Hornbill နှင့်MYNFREL အဖွဲ့တို့မှ ကိုယ်စားလှယ်များ က နိုင်ငံသားအသိပညာပေးသင်တန်းစီမံကိန်း ''2020 First Time Youth Voters Program ” (ပထမပိုင်း) ဆောင်ရွက်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ သင်တန်းပို့ချ သည့် ရည်ရွယ်ချက်၊ ပို့ချခဲ့သည့် သင်တန်းသားများအခြေအနေ၊ သင်တန်းပို့ချခဲ့သည့် နေရာများနှင့် အကြိမ်အရေအတွက်၊ ပို့ချခဲ့သည့်သင်ခန်းစာများ၊ သင်တန်းပို့ချရာတွင် တွေ့ကြုံရသည့်အခြေအနေများ၊ ဒုတိယပိုင်းအနေဖြင့် ဆောင်ရွက်ရာတွင် ပိုမို အဆင်ပြေစေရန် လိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။ ၎င်းရှင်းလင်း တင်ပြချက်များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင် အဖွဲ့ဝင်တို့က အကြံပြုဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။ သတင်းစဉ်

၉ သန်းကျော်သော ကျောင်းသား ကျောင်းသူများ ကာယပညာသင်ကြား လေ့ကျင့်ခြင်းဖြင့် ကျန်းမာသန်စွမ်းကာ အနာဂတ်နိုင်ငံအတွက် အလွန်ကောင်းမွန်လာမည်





Image may contain: 2 people, crowd
နေပြည်တော် မေ ၂၉




''မနက်ဖြန်တိုင်း ကျန်းမာဖျတ်လတ်သော ပြည်သူများဖြစ်စေဖို့ ယနေ့ ကာယပညာ မြှင့်တင်ကြပါစို့''ခေါင်းစဉ်ဖြင့် ကျင်းပသည့် နှီးနှောဆွေးနွေးဖလှယ်ပွဲ ပိတ်ပွဲအခမ်း အနားကို ယမန့်နေ့ ညနေပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကျင်းပသည်။
ပူးတွဲတာဝန်ယူဆောင်ရွက်သွားမည်
အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုကျင်းပသည့် ဆွေးနွေးပွဲမှရရှိသော အကြံပြုချက်များသည် ကောင်းမွန်ပြီး နိုင်ငံတစ်ဝန်းလုံးရှိ ကျန်းမာရေး၊ ပညာရေး၊ အားကစားဦးစီးမှူးများ၊ လူမှုရေးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျောင်းအုပ်ဆရာကြီးများနှင့် ဆရာ ဆရာမများထံ ဖြန့်ဝေပေးရမည်ဖြစ်ပါကြောင်း၊ အကြံပြုချက်များကို အခြေခံ၍ မဟာဗျူဟာ၊ လုပ်ငန်းစဉ်များရေးဆွဲချမှတ်ပြီး လက်တွေ့ အကောင်အထည်ဖော်ရန် အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့တွင် ပူးတွဲတာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
နိုင်ငံတစ်ဝန်းရှိ ၉ ဒသမ ၅ သန်းကျော်သော ကျောင်းသား ကျောင်းသူများ ကာယပညာသင်ကြားလေ့ကျင့်ခြင်းဖြင့် ကျန်းမာသန်စွမ်းကာ အနာဂတ်နိုင်ငံအတွက် အလွန်ကောင်းမွန်လာမည်ဖြစ်ပါကြောင်း၊ ကျောင်းသားများ သိရှိသမျှ ကျန်းမာရေး အသိပညာဗဟုသုတများကို မိဘ၊ ဆွေမျိုးနှင့် မိတ်ဆွေများပါ တစ်ဆင့်ပြန်လည်သိရှိပြီး ပြည်သူများကျန်းမာရေးအတွက် အလွန်တန်ဖိုးရှိမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်လူမှုရေးဝန်ကြီးများ၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများမှ ပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။ ယခု ဆွေးနွေးပွဲပြီးနောက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အချိန်ကာလအလိုက် တိုးတက်မှုများကို ဆန်းစစ်ရမည်ဖြစ်ပြီး လိုအပ်မှုနှင့် အားနည်းမှုရှိသော နေရာဒေသ များအတွက် ဖြည့်ဆည်းတည့်မတ် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယနေ့ကျင်းပသည့် နှီးနှောဖလှယ်ပွဲ နံနက်ပိုင်းတွင် သဘာပတိအဖြစ် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ဆောင်ရွက်ပြီး ထိုင်းနိုင်ငံမှ Physical Education ynm&Sif Professor Emeritus Dr.Arth Nana က “Sport Science respective in Thailand” ခေါင်းစဉ်၊ စင်ကာပူနိုင်ငံမှ Physical Education ပညာရှင်Mr.Chan Weng Kit က “The purpose and goals of physical education in Singapore” ခေါင်းစဉ်၊ ဗီယက်နမ်နိုင်ငံမှ Physical Education ပညာရှင် Mrs.Vu Thi Huyen က “Physical education policy perspective in Vietnam ခေါင်းစဉ်၊ ဩစတြေးလျနိုင်ငံမှ Physical Education ပညာရှင်Mr. Kevin Joe Grima က “Physical education policy in Australia”ခေါင်းစဉ်တို့ဖြင့် ဖတ်ကြားဆွေးနွေးကြပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်း အကြံပြုဆွေးနွေးကြသည်။
မေးမြန်းဆွေးနွေး
မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ရန်ကုန်ပညာရေး တက္ကသိုလ်မှ ကထိကဌာနမှူး(ကာယပညာဌာန) ဒေါက်တာမိုးမိုးခိုင်က ''ရန်ကုန် ပညာရေးတက္ကသိုလ်တွင် ကာယပညာနှင့် အားကစားဆိုင်ရာ လေ့ကျင့်သင်ကြားမှု အခြေအနေ''ခေါင်းစဉ်၊ ညောင်လေးပင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (တော်ဝိ)မှ ဒေါက်တာကေသီဝင်းက “Challenges of Teaching and Learning in Physical Education at Upper Primary Level from Nyaung Lebin Township”ခေါင်းစဉ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာ ရဲတင့်လွင်က ''ကာယပညာနှင့် အားကစားသင်ကြားမှု ရရှိသောအကျိုး ကျေးဇူးများ''ခေါင်းစဉ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယòန်ကြားရေးမှူး(အာဟာရဖွံ့ဖြိုး ရေးနှင့်သုတေသနဌာနခွဲ) ဒေါက်တာလွင်မာလှိုင်က “Role of Nutrition in School Children” ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
နှစ်ရက်တာကျင်းပသည့် နှီးနှောဖလှယ်ပွဲသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး မှ လူမှုရေးဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက် ရေးကော်မတီအဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော်ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ထိုင်း၊ စင်ကာပူ၊ ဗီယက်နမ်၊ ဩစတြေးလျနိုင်ငံတို့မှ စာတမ်းရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်/မြို့နယ်အသီးသီးမှ အားကစားမှူးများ နှင့် ပညာရေးဝန်ကြီးဌာနမှ ကာယဆရာ ဆရာမများ ကာယပညာသင်ကြားလေ့ကျင့်မှု (Physical Education) သင်တန်းအမှတ်စဉ်(၂၀) သင်တန်းတက်ရောက် နေသော သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။ သတင်းစဉ်

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ဂျာမနီသံအမတ်ကြီးအား လက်ခံတွေ့ဆုံ





Image may contain: 1 person, sitting, living room, table and indoor
နေပြည်တော် မေ ၂၉ 



အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီး Mrs. Dorothee Janetzke-Wenzel အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အမျိုးသား လွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ရင်းနှီးပွင့်လင်းစွာဆွေးနွေး
တွေ့ဆုံစဉ် မြန်မာ - ဂျာမနီနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲရေး၊ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ ယဉ်ကျေးမှုဆိုင်ရာနှီးနှောဖလှယ်ရေး၊ လွှတ်တော်၏ ဥပဒေပြုရေး၊ လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အသွေးဖွံ့ဖြိုး တိုးတက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထွန်းကားရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်

အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်၊ လိုက်နာရမည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ ရှင်းလင်း





Image may contain: 4 people, people sitting, table and indoor
နေပြည်တော် မေ ၂၉



အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်း ရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲ ကို ယနေ့နံနက် ၉ နာရီတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန နေပြည်တော်၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ ဌာနအကြီးအကဲများ၊ အလုပ်သမားရေးရာဆက်ဆံရေး ဦးစီး ဌာနလက်အောက်ရှိ တိုင်းဒေသကြီး၊ ပြည်နယ်ရုံးများ၊ အထူးစီးပွားရေးဇုန် ရုံးများ၊ မြို့နယ်တာဝန်ခံအရာရှိများ၊ ရုံးချုပ်(နေပြည်တော်)ရှိ အရာထမ်းများ နှင့် အလုပ်သမားòန်ကြားရေးဦးစီးဌာန မှ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ အတွင်းရေးမှူး တာဝန်ထမ်းဆောင်လျက်ရှိသော မြို့နယ် တာဝန်ခံအရာရှိများ တက်ရောက်ခဲ့ကြ သည်။
ဆွေးနွေးညှိနှိုင်း
ရှင်းလင်း ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အလုပ်သမား ရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေအား မကြာမီ ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းသွားမည် ဖြစ်သည့်အတွက် အလုပ်သမားရေးရာ အငြင်းပွားမှုများကို ဥပဒေနှင့်အညီ ညှိနှိုင်းဖျန်ဖြေဆုံးဖြတ် နိုင်ရေးအတွက် သက်ဆိုင်ရာမြို့နယ်၊ အထူးစီးပွားရေးဇုန်များ၊ တိုင်းဒေသကြီး၊ ပြည်နယ် တာဝန်ခံအရာရှိများအနေဖြင့် ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေအရဖြေရှင်းဆောင်ရွက်ပေးရမည့် ကိစ္စရပ် များ၊ သိရှိသင့်သည့်အချက်များအား နားလည်သိရှိစေရန်အတွက် တာဝန်ရှိသူ များက ယခုကဲ့သို့ ရှင်းလင်းဆွေးနွေးမှု ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ အငြင်းပွားမှု များကို ဖြေရှင်းဆောင်ရွက်နေကြသော တာဝန်ခံအရာရှိများအနေဖြင့် ပြင်ဆင် သည့် ဥပဒေပြဋ္ဌာန်းချက်များ၏ ဆိုလို သည့် အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်းကွဲကွဲပြားပြားသိရှိမှသာ မိမိတာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် အငြင်းပွားမှု များ ဖြေရှင်းဆောင်ရွက်မည့် လုပ်ငန်းစဉ် များကိုမှန်ကန်စွာ ညှိနှိုင်းဖြေရှင်းဆုံးဖြတ် နိုင်မည်ဖြစ်ကြောင်း၊ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေအပါ အဝင် အလုပ်သမားဥပဒေများသည် လုပ်ငန်းခွင်ရှိ အလုပ်သမားများ၏ အခွင့် အရေးကို ကာကွယ်စောင့်ရှောက်နိုင်ရန် အတွက်သာမက လူမှုတရားမျှတပြီး လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်စေ ရန်၊ လုပ်ငန်းခွင်ပြဿနာများကို ဥပဒေ နှင့်အညီ ဖြေရှင်းဆောင်ရွက်နိုင်စေရန် နှင့် ထိုမှတစ်ဆင့် လူမှုစီးပွားဘ၀တိုးတက် ကောင်းမွန်စေရေးအတွက် အရေးပါ သော ကဏ္ဍတစ်ခုဖြစ်ကြောင်း၊ အလုပ် သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေကို စည်းကြပ်အကောင်အထည် ဖော်ဆောင်ရွက်နေကြသည့် တာဝန်ခံ အရာရှိများအနေဖြင့် အလုပ်သမား ရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေတွင် ပါရှိသည့် ပြဋ္ဌာန်းချက်များ၏ ဆိုလိုချက် များကို ရှင်းလင်းဆွေးနွေးပွဲတွင် ဆွေးနွေး ညှိနှိုင်းခြင်းဖြင့် ရှင်းရှင်းလင်းလင်း ကွဲကွဲပြားပြား သိရှိစေပြီး ဥပဒေ၏ ရည်ရွယ်ချက်အပေါ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွား နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေနှင့်ပတ်သက်၍ တာဝန်ရှိသူများက အလေးထားဆောင်ရွက်ရမည့်အချက် များ၊ အလုပ်ရှင်၊ အလုပ်သမားများနှင့် ပူးပေါင်းဆောင်ရွက်ရမည့် အချက်များ အား ရှင်းလင်းဆွေးနွေးပြောကြားမှုအပေါ် တက်ရောက်လာသည့် အရာထမ်းများက သိရှိလိုသည့်အချက်များအား ပြန်လည် ဆွေးနွေးမေးမြန်းခဲ့ကြသည်။
ယခုဆွေးနွေးပွဲသည် အငြင်းပွားမှု ဖြေရှင်းရေးလုပ်ငန်းစဉ်များတွင် အဓိက အကောင်အထည်ဖော် ဆောင်ရွက်နေ သည့် တာဝန်ခံအရာရှိများအတွက် ကြိုတင်ပြင်ဆင်လေ့လာနိုင်ရန် ရည်ရွယ် ၍ ပြုလုပ်သောဆွေးနွေးပွဲ ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း နယ်သာလန်သံအမတ်ကြီးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ




 
နေပြည်တော် မေ ၂၉



ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီးMr. Wouter Jurgens နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌရုံး ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ဆွေးနွေး
တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်NIMD / Demo Finland (Netherlands Institute For Multiparty Democracy and Political Parties of Finland for Democracy) အဖွဲ့တို့ ပူးပေါင်းဆောင်ရွက် နေသော Myanmar School of Politics (MySoP) အမည်ဖြင့် နိုင်ငံရေးပါတီများအား သင်တန်းပို့ချခြင်း၊ သင်တန်း သားဟောင်းများ တွေ့ဆုံခြင်း၊ နိုင်ငံရေးပါတီစုံ စကားဝိုင်း ဆွေးနွေးပွဲများ ကျင်းပခြင်းလုပ်ငန်းများနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ် များတွင် ပူးပေါင်းကူညီဆောင်ရွက်နိုင်မည့် အခြေအနေတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ဂျာမနီသံအမတ်ကြီးအား လက်ခံတွေ့ဆုံ





https://scontent.frgn3-1.fna.fbcdn.net/v/t1.0-9/61772210_2288546708052491_673353363370278912_n.jpg?_nc_cat=106&_nc_eui2=AeGDuwLUBYW2Z0M4Fv-6QQrZQjL9iGBuY791D6m5cprbjs9oXe7mb-8Z-p4E0IYRLiGI9bHJIJ3-BEg15GM2_75UUFvF1EQlL0z2eRDesV3GSQ&_nc_ht=scontent.frgn3-1.fna&oh=5464879c042ff69a2474796e14574cf7&oe=5D5777F8
နေပြည်တော် မေ ၂၉



ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် တာဝန် ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံ ဆိုင်ရာ ဂျာမနီသံအမတ်ကြီး Mrs. Dorothee Janetzke-Wenzel အား ယနေ့မွန်းလွဲ ၃ နာရီ တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။
ဆွေးနွေး
တွေ့ဆုံစဉ် လွှတ်တော်၏ ဥပဒေပြုရေးလုပ်ငန်း စဉ်များ၊ လွှတ်တော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအား အမြင်ချင်းဖလှယ် ဆွေးနွေးကြ သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များတွင် ရေလုပ်ငန်းနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များ၊ ယဉ်ကျေးမှုအမွေအနှစ်များ ပြုပြင်ထိန်းသိမ်း ရေးဆိုင်ရာ ကိစ္စရပ်များ၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပေးရေး၊ ဂျာမနီနိုင်ငံ၏ အစီအစဉ်ဖြင့် မြန်မာပြည်သူများ အတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်း များ ပို့ချပေးခြင်း ကိစ္စရပ်များတွင် ဂျာမနီနိုင်ငံမှ ပူးပေါင်းဆောင်ရွက်ပေးမှုများအတွက် ကျေးဇူးတင် ရှိကြောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်

မြန်မာ-ယူကေ ခရီးသွားဆိုင်ကယ်နှစ်စီး မင်းဘူးမြို့ရှိ မန်းရေနံမြေသို့ ဝင်ရောက်လည်ပတ်




မင်းဘူး မေ ၂၉




ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်နှင့် ပြည်သူ့ရင်ပြင်ရှေ့မှ မေ ၂၆ ရက်က စတင် ထွက်ခွာခဲ့သော မြန်မာ-ယူကေMoto-urlogue ခရီးသွား ဆိုင်ကယ်နှစ်စီးသည် ယနေ့ညနေပိုင်းတွင် မကွေးမြို့သို့ ရောက်ရှိပြီး မင်းဘူးမြို့ရှိ မန်းရေနံမြေသို့ ဝင်ရောက်လည်ပတ် နှုတ်ဆက်သည်။ ကိုအောင်ကျော်ဝင်းနှင့် ကိုစိုင်းဇွမ်ဖတို့ စီးနင်းလာသည့် ဆိုင်ကယ်နှစ်စီးသည် မေ ၂၆ ရက် ညနေပိုင်းတွင် ပြည်မြို့သို့ ရောက်ရှိပြီး ညအိပ်ရပ်နားကာ မေ ၂၇ ရက် နံနက်ပိုင်းတွင် တောင်တွင်းကြီး၊ အောင်လံလမ်းမှတစ်ဆင့် မကွေးမြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။
ထို့နောက် မကွေးမြို့၌ ညအိပ် ရပ်နားခဲ့ပြီး မေ ၂၉ ရက် နံနက်ပိုင်းတွင် မန်းရေနံမြေရှိ မြန်မာ့ရေနံနှင့် သဘာ၀ ဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် MPRL E&P Pte Ltd.မန်းရေနံမြေရုံးသို့ သွားရောက် ကာ မန်းရေနံမြေဝန်ထမ်းများနှင့် ရင်းရင်း နှီးနှီးနှုတ်ဆက်တွေ့ဆုံ၍ မြန်မာ-ယူကေ Motourlogue ခရီးစဉ်စတင်ဖြစ်ပုံနှင့် ခရီးစဉ်အောင်မြင်အောင် စိတ်အား ထက်သန်စွာ ဆောင်ရွက်သွားမည့် အစီအစဉ်များကို မိတ်ဆက်ပြောကြား ခဲ့သည်။
ယင်းနောက် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူမှုတာဝန်သိ (CSR) လုပ်ငန်းများကို ထိရောက်စွာ အကောင် အထည်ဖော်ပြီး ဒေသခံများနှင့် ရင်းနှီး နွေးထွေးသည့် ဆက်ဆံရေးတစ်ရပ်ကို ထူထောင်ထားနိုင်သည့် မန်းရေနံမြေ တစ်ခွင်သို့ လှည့်လည်ကြည့်ရှုလေ့လာ သည်။
အဆိုပါ ခရီးစဉ်သည် ဆိုင်ကယ် နှစ်စီးဖြင့် နိုင်ငံပေါင်း ၃၀ ကျော်ကို ဖြတ်သန်းပြီး မိုင်ပေါင်း ၃၀၀၀၀ ကျော် စွန့်စားစီးနင်းရမည့် Motourlogue ခရီးစဉ်ကို မြန်မာအမျိုးသားများ ဦးဆောင်သည့် မြန်မာစွမ်းအင်ကုမ္ပဏီMPRL E&P Pte Ltd. ကMain Energy Partner အဖြစ် ခရီးစဉ်တစ်ခု လုံးအတွက် ပံ့ပိုးကူညီထားသည်ဖြစ်ရာMPRL E&Pမှ တာဝန်ယူဆောင်ရွက် လျက်ရှိသည့် မြန်မာ့စွမ်းအင်အနာဂတ်အခွင့်အလမ်းများကို ခရီးလမ်း တစ်လျှောက်ရှိ နိုင်ငံများနှင့် ကမ္ဘာတစ်ဝန်းသို့ မီဒီယာများမှတစ်ဆင့် ဖြန့်ကြက် သယ်ဆောင်သွားနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
ဆိုင်ကယ်စီး မြန်မာလူငယ်နှစ်ဦး၏ မြန်မာ-ယူကေ Motourlogue ခရီးစဉ်တစ်လျှောက်လုံးတွင် တွေ့ကြုံ ရသည့် အတွေ့အကြုံသစ်များကို Motourlogue နှင့် MPRL E&P ၏ လူမှုကွန်ရက်စာမျက်နှာများတွင် အချိန်နှင့်တစ်ပြေးညီ မျှဝေသွားမည် ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်

တက္ကသိုလ်ပညာရေးစနစ် အဆင့်မြင့်မားဖို့



မြန်မာ့အလင်းအယ်ဒီတာအာဘော်





တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရေးအဆင့်အတန်း မြင့်မားခြင်း သည်လည်း ရှေ့တန်းကပါဝင်သော လိုအပ်ချက်တစ်ခုဖြစ်၏။ ပညာရေး စနစ်ကောင်းတစ်ခုသည် စာသင်သားတို့အား ဘ၀ကို ရင်ဆိုင်ဝံ့သည့်၊ အနုပညာကို မြတ်နိုးတတ်သည့်၊ ငြိမ်းချမ်းရေးကို လိုလားသည့်၊ ယဉ်ကျေး ဖွယ်ရာသော လူကြီးလူကောင်းစိတ်ဓာတ်ကို ကိုးစားသည့်၊ လောကကို မြင့်မြင့်မားမား တည်ဆောက်နိုင်မည့် အတွေးအခေါ်အယူအဆ စသည့် သဘောထားတို့နှင့်အတူ အသိပညာ အတတ်ပညာများကို ပုံဖော် သင်ကြားပေး၏။
တက္ကသိုလ်ပညာရေးဟူသည် ကျောင်းဆောင်ကြီးများ ဟိန်းနေ အောင် နိုင်ငံအနှံ့ ဆောက်ကာမျှဖြင့် အောင်မြင်ဖြစ်ထွန်းလာမည် မဟုတ်သည်ကိုမူ သတိပြုရန်လိုပါသည်။ တက္ကသိုလ်ကျောင်း အဆောက် အအုံ၊ ကျောင်းဝန်းကျင် မြေခင်းအစီအမံများ၊ သင့်တင့်လျောက်ပတ်သော စာသင်ခန်းများ၊ စာကြည့်တိုက်၊ ဓာတ်ခွဲခန်း၊ လက်တွေ့ခန်း အစရှိသော ဘာသာရပ်ဆိုင်ရာ လိုအပ်သည့် သင်ထောက်ကူများ၊ သက်ဆိုင်ရာ ဘာသာရပ်အသီးသီးတို့၌ ကျွမ်းကျင်ထက်မြက်သော ဆရာ ဆရာမများ အစရှိသည့် ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့များနှင့် တက္ကသိုလ်တစ်ခု၏ ပညာရပ်ဆိုင်ရာ အရိပ်အာဝါသ၊ ခေတ်မီသင်ရိုးနှင့် ရည်òန်းများ စသည်စသည်တို့ကလည်း ပြည့်စုံလုံလောက်ရန် လိုအပ်ပါမည်။
ထို့ပြင် တက္ကသိုလ်ပညာရေး၏ အသက်မှာ သုတေသနပြုနိုင်ရေး ဖြစ်ပြီး ကျောင်းသားများသာမက ဆရာများကိုယ်တိုင်က သုတေသန လုပ်ငန်းများနှင့် လုံးထွေးနေရသော သဘောသဘာ၀ရှိပါသည်။ ဆရာများ ကိုယ်တိုင် သုတေသန၏တန်ဖိုးကို နားလည်ရင်းနှီးနေပါမှ ကျောင်းသား များကို သုတေသနလုပ်ငန်းရပ်များတွင် တက်ကြွကျင်လည်သူများ၊ ပညာ ဆည်းပူးလိုသူများဖြစ်ရန် လမ်းòန်နိုင်မည်ဖြစ်ပါသည်။
နိုင်ငံတကာစံနှုန်းများအရလည်း တက္ကသိုလ်ဟုဆိုလျှင် မဟာဘွဲ့ အစရှိသည့် ဘွဲ့လွန်များကို သင်ကြားရယူနိုင်ပြီး ထိုဘွဲ့လွန်တို့အတွက် လိုအပ်သော သုတေသနပြုမှုများက မလွဲမသွေ ပါဝင်နေရမည်ဖြစ်ပါသည်။ သုတေသနလုပ်ငန်းရပ်များနှင့် တွဲဖက်မနေသော တက္ကသိုလ်ဟူ၍မရှိပါ။
သုတေသနလုပ်ငန်းများကို အားပေးသည့် ပညာရေးစနစ်မျိုးက သာလျှင် နိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးနိုင်သည့် ပညာတတ်များ ပညာရှင်များကို မွေးထုတ်ပေးနိုင်မည် ဖြစ်ပါသည်။
တက္ကသိုလ်ကျောင်းသား ကျောင်းသူ၊ တက္ကသိုလ်ဆရာ ဆရာမ ဆိုသည်မှာ သုတေသနလုပ်ငန်းများကို ခုံခုံမင်မင် ကြိုးစားဆောင်ရွက် လိုသူများဖြစ်မှသာ တက္ကသိုလ်နှင့်တူသည့် တက္ကသိုလ်ဖြစ်လာမည် ဖြစ်ပါ သည်။ အထူးသဖြင့်မူ တက္ကသိုလ် ဆရာ ဆရာများ။
သင်ကြားရေးတွင် အုပ်ချုပ်ရေးနှင့် ထွေးရောယှက်တင် ဖြစ်ခဲ့ကြ ရသည့် နှစ်ကာလကြာ တက္ကသိုလ်ပညာသင်ကြားရေးစနစ်တွင် များစွာ သော တက္ကသိုလ်ဆရာ ဆရာမများသည် သုတေသနနှင့် ကင်းကင်းကွာကွာ နေခဲ့ကြရပါသည်။ အမှန်တော့ တက္ကသိုလ်ဆရာ ဆရာမဟူသည် သုတေသနအလုပ်များတွင် နှစ်မြုပ်လုပ်ကိုင်နေကြသူများ ဖြစ်နေသင့် သည် မဟုတ်ပါလား။
သည်လို သုတေသနလုပ်ငန်းများကို နှစ်မြုပ်လုပ်ကိုင်နေကြမည့် တက္ကသိုလ်ဆရာ ဆရာမများ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ ပေါ်ထွန်းရေး အားပေးသည့် ပညာရေးစနစ်မျိုးဖြင့် နိုင်ငံတိုးတက်ကြီးပွား ရေးအတွက် များစွာသော အထောက်အပံ့ကောင်းများ ရလိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း။ ။

Tuesday, May 28, 2019

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) ကို ကြည့်ရှုစစ်ဆေး


Image may contain: one or more people, sky and outdoor



နေပြည်တော် မေ ၂၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်မှုထမ်း ဟောင်းအိမ်ရာအတွင်းရှိ အဆင့်မြင့် ဥစားကြက်ခြံတွင် ကြက်များမွေးမြူထားရှိမှုနှင့် အထည်ချုပ်စက်ရုံ တည်ဆောက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်း အိမ်ရာ၌ ၂၀၁၇ ခုနှစ်တွင် အခြားအဆင့် နေအိမ် (၂) ခန်းတွဲ (၆) ထပ် ခုနစ်လုံး ဆောက်လုပ် ပြီးစီးပြီဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် အခြားအဆင့် နေအိမ် (၂) ခန်းတွဲ (၆) ထပ် သုံးလုံးအား ထပ်မံတည်ဆောက် လျက်ရှိရာ ၃၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီးဖြစ်သည်။
ထို့ပြင် စစ်မှုထမ်းဟောင်းမိသားစုများ အလုပ်အကိုင် အခွင့်လမ်းရရှိရေးအတွက် လည်း အထည်ချုပ်စက်ရုံအား တည်ဆောက်လျက်ရှိကြောင်း သိရသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်မှု ထမ်းဟောင်းအိမ်ရာအနီးရှိ အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၁) စိုက်ပျိုး မွေးမြူရေးရပ်ကွက်သို့ ရောက်ရှိပြီး တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းသည့် Steel Structure သုံးထပ်ကျောင်းဆောင် ဆောက်လုပ်ပြီးစီးမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးသည်။
အဆိုပါ အခြေခံပညာ အထက်တန်းကျောင်းရှိ ယခင်ကျောင်းဆောင်မှာ နှစ်ကာလကြာမြင့်၍ ယိုယွင်းပျက်စီးကာ အန္တရာယ် ရှိသည့် အဆောက်အအုံတစ်ခု ဖြစ်သဖြင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ လှူဒါန်းမှုဖြင့် ၂၀၁၈ ခုနှစ် တွင် အသစ်ပြန်လည် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ၉၄ ရာခိုင်နှုန်းခန့် ဆောက် လုပ်ပြီးစီးပြီဖြစ်သည်။ ယခုကျောင်းဆောင်သစ်ဆောက်လုပ်ပြီးစီးပါက ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူ ၁၈၅၀ ဦးအထိ လက်ခံသင်ကြားပေးနိုင် မည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ သတင်းစဉ်

ဒီမိုကရေစီနှင့် နိုင်ငံရေးပါတီများ


မြန်မာ့အလင်းအယ်ဒီတာအာဘော်

ဒီမိုကရေစီအပြောင်းအလဲတွင် အရေးကြီးသော မှတ်ကျောက်တစ်ခုမှာ ပြည်သူလူထုထောက်ခံအားပေးသည့် နိုင်ငံရေးပါတီတို့ အင်အားကြီးကြီး ဖြင့် ပေါ်ပေါက်လာခြင်းဖြစ်သည်။ တစ်ပါတီ အာဏာရှင်စနစ်အောက်မှာ ပါတီစုံ ဟူ၍မရှိ။ အာဏာရှင်စနစ်က လွှမ်းမိုးထားသရွေ့ နိုင်ငံရေး ပါတီဆိုလျှင် အာဏာရှင်တို့၏ ပါတီသာရှိနိုင်ပြီး ပြည်သူနှင့်နီးစပ်သော ပြည်သူကထောက်ခံအားပေးသော နိုင်ငံရေးပါတီ မပေါ်ပေါက်နိုင်။
အာဏာရှင်စနစ်က ပြည်သူလူထုကို စီးပိုးအုပ်ချုပ်ရန်ကိုသာ အားပြု လိုသည်၊ အာဏာကို မည်သို့မျှ ခွဲဝေပေးငှလိုစိတ် မရှိသည်ဖြစ်ရာ ပြည်သှူ အင်အား သို့မဟုတ် ပြည်သူက ထောက်ခံသည့် နိုင်ငံရေးပါတီများ ဖွဲ့စည်း ခြင်းကို အားပေးလေ့မရှိ။ နိုင်ငံရေးပါတီများ တည်ထောင်ဖွဲ့စည်းခွင့်ဆိုသည်ကိုမပေး၊ သို့မဟုတ် ဖွဲ့စည်းတည်ထောင်နိုင်ရန်အတွက် အကန့်အသတ် များစွာ စည်းမျဉ်းစည်းကမ်းများစွာဖြင့် ထိန်းကွပ်ထားလေ့ရှိ၏။
ထို့ကြောင့် အာဏာရှင်တို့က နိုင်ငံရေးတွင် ပါတီနိုင်ငံရေး ဟူသည် တန်ဖိုးမရှိ၊ အမျိုးသားနိုင်ငံရေးက မြင့်မြတ်သည်ဟူသည့် သဘောထားကို ဖော်òန်းလေ့ရှိ၏။
သို့သော်လည်း နိုင်ငံအတွင်းဒီမိုကရေစီအလေ့အထ ပွင့်လင်းလာသည့် အခါ ပြည်သှူသဘောထားတို့က အားကောင်းလာကာ ပြည်သူလူထု ထောက်ခံသည့် နိုင်ငံရေး အင်အားစုများက နိုင်ငံရေးပါတီအဖြစ် ဖွဲ့စည်း ပေါ်ပေါက်လာတော့၏။ သည်လိုနှင့် ဒီမိုကရေစီ တောင့်တင်းခိုင်မာလာသည် နှင့်အမျှ ပြည်သူလူထု အားပေးထောက်ခံသော နိုင်ငံရေးပါတီတို့ အင်အား ကောင်းလာလေသည်။
ဒီမိုကရေစီစနစ်တွင် ပြည်သူလူထု၏ သဘောဆန္ဒကသာ အခရာ ဟူသည့် ဒီမိုကရေစီ၏ အနှစ်သာရကြောင့် ပြည်သူတို့၏ အားပေးထောက်ခံ ခြင်းကို မည်သူကမျှ တားဆီးလို့မရ။ ပြည်သူလူထု လိုလားသည်ကို မည်သူ ကမျှ ဆန့်ကျင်လို့မရ။
အခြားတစ်ဖက်တွင် နိုင်ငံရေးပါတီတို့ အားကောင်းမောင်းသန် ဖြစ်ရေးက ပြည်သူလူထု၏ သဘောဆန္ဒနှင့် အညီဖြစ်ဖို့က အဓိကလိုအပ် ချက်ဖြစ်ပါသည်။ အထူးသဖြင့် မြန်မာပြည်သူလူထုသည် နိုင်ငံရေးရင့်ကျက် မှုများကြားမှာ ရှင်သန်ရတာဖြစ်သည့်အတွက် မြန်မာပြည်သူတို့ကို ညာလို့မရ။ ပြည်သှူသဘောဆန္ဒယောင်ယောင် ဟန်ဆောင်ပြုမူ၍မရ။ မမှန်ကန်သောနည်းတို့ဖြင့် ဖြားယောင်း သိမ်းသွင်း၍မရ။
နိုင်ငံရေးနှင့် ပတ်သက်လျှင်၊ နိုင်ငံရေးသမားနှင့် ပတ်သက်လျှင် ပြည်သူလူထုက နိုင်ငံရေးသမားတို့၏ အတွင်းစိတ်နှင့် မူဝါဒတို့၏ အနှစ်သာရကို ထိုးထွင်းသိမြင်သည်ဟု ဆိုနိုင်လောက်အောင် ပါးနပ်ကြ၏။ ထို့ကြောင့် ပြည်သူထောက်ခံသည့် နိုင်ငံရေးပါတီတွင်းမှာပင် ရေရှည် ပြည်သူထောက်ခံမှုရရှိရေးအတွက် မျိုးဆက်သစ် နိုင်ငံရေးခေါင်းဆောင် အများအပြားကို ပြုစုဖော်ထုတ်ကြရန် အရေးကြီးသည်ဟု မြင်ပါသည်။
ရင့်ကျက်သော၊ ပြည်သှူသဘောကို အလေးအနက်ထားသော၊ မိမိကိုယ်ကျိုးကို နောက်တန်းမှာထားသော မျိုးဆက်သစ်နိုင်ငံရေးသမား များ ပေါ်ထွန်းရေးကို နိုင်ငံရေးပါတီတို့က ကြိုးပမ်းရပါသည်။ မိမိကိုယ်ကျိုး ဆိုရာတွင် ငွေကြေး ဓနဥစ္စာတို့သာမက မိမိ၏ အမျိုးမျိုးသော ကိုယ်ရေး ကိုယ်တာ အကျိုးစီးပွားတို့ကို နောက်တန်းထားသည့် နိုင်ငံရေးသမားများ၊ အမြော်အမြင်ကြီး၍ ဇွဲလုံ့လရှိရှိ အမှန်တရားအတွက် ရဲရဲဆုံးဖြတ် ဆောင်ရွက်ရန် သတ္တိရှိသည့် နိုင်ငံရေးသမားတို့ကို ပျိုးထောင်နိုင်ရေးက ပြည်သူအားထားရသော နိုင်ငံရေးပါတီဖြစ်ရေးတွင် လွန်စွာအရေးပါသော လိုအပ်ချက်တစ်ခု ဖြစ်ပါသည်။
ပြည်သူလူထု ထောက်ခံအားပေးသော နိုင်ငံရေးပါတီနှင့် နိုင်ငံရေး ခေါင်းဆောင်တို့က ဦးဆောင်မှသာလျှင် နိုင်ငံအကျိုးစီးပွား၊ ပြည်သူလူထု အကျိုးစီးပွားကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဟု ယုံကြည် ပါကြောင်း။ ။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် အာဆီယံအတွင်းရေးမှူးချုပ်အား လက်ခံတွေ့ဆုံပြီး ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်စတင်ရန် မြန်မာနိုင်ငံ၏ အဆင်သင့်ဖြစ်မှုကို အသိပေး


Image may contain: 2 people, people sitting, child and indoor 


နေပြည်တော် မေ ၂၇
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ယနေ့ နံနက် ၈ နာရီခွဲတွင် အာဆီယံအတွင်းရေး မှူးချုပ် ဒါတိုလင် ကျောက်ဟွိုင်အား နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက ရခိုင်ပြည်နယ်ရှိ နေရပ် စွန့်ခွာသူများ ပြန်လည်လက်ခံရေး အတွက် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန် မြန်မာနိုင်ငံ၏ ပြင်ဆင် ဆောင်ရွက်ထားသည့် လုပ်ငန်းစဉ်များနှင့် အဆင်သင့်ဖြစ်မှု အခြေအနေများကို အသိပေး ပြောကြားပြီး အာဆီယံ အရေးပေါ် တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာ ရေးအဖွဲ့ (ASEAN-ERAT) က ဆောင်ရွက်ခဲ့သည့် ကနဦးလိုအပ်ချက် ဆန်းစစ်လေ့လာခြင်း (Preliminary Needs Assessment) အစီရင်ခံစာပါ အကြံပြုချက်များ အကောင်အထည်ဖော် ရေး၊ အလုံးစုံလိုအပ်ချက် ဆန်းစစ်လေ့လာ ခြင်း (Comprehensive Needs Assessment) မစတင်မီအာဆီယံက အကောင်အထည်ဖော် ဆောင်ရွက်နိုင် မည့် စီမံကိန်းများနှင့် ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးနှင့် ရခိုင် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက်များကို အထောက်အကူဖြစ်စေမည့် အာဆီယံ ၏ အပြုသဘောဆောင်သော အခန်း ကဏ္ဍများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်း စွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ သည်။

သတင်းစဉ်

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အစည်းအဝေးကျင်းပ


Image may contain: 4 people, people sitting, table and indoor

နေပြည်တော် မေ ၂၇
ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီသည် အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုလွှတ်တော် D ဆောင်၊ ဒုတိယထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီနှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ဥပဒေကြမ်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး နှင့် ကော်မတီဝင်များ၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီမှ ကော်မတီဝင်များ၊ ဖိတ်ကြားထားသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုတရားလွှတ်တော် ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပြည်ထောင်စု လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံအတွင်းရေးမှူးချုပ်အား လက်ခံတွေ့ဆုံ


Image may contain: 1 person, sitting, wedding and indoor


နေပြည်တော် မေ ၂၇


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အာဆီယံအတွင်းရေးမှူးချုပ် ဒါတိုလင်ကျောက်ဟွိုင် အား ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ရခိုင်ပြည်နယ်တွင် နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် မြန်မာနိုင်ငံနှင့် အာဆီယံတို့အကြားပူးပေါင်းဆောင်ရွက်မည့် နယ်ပယ်များ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အထောက်အကူဖြစ်စေရေး အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ AHA Centre နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့မှ ကိုယ်စားလှယ်များပါဝင်သည့် အာဆီယံအရေးပေါ် တုံ့ပြန်ရေးနှင့်ဆန်းစစ်လေ့လာရေးအဖွဲ့ (ASEAN-ERAT) က ဆောင်ရွက်ခဲ့သည့် ကနဦးလိုအပ်ချက် ဆန်းစစ်လေ့လာခြင်း(Preliminary Needs Assessment) ၏ လေ့လာတွေ့ရှိချက်များနှင့် ၎င်း၏ အစီရင်ခံစာပါအကြံပြုချက်များ အကောင်အထည်ဖော်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်

စီးပွားဥစ္စာကြွယ်၀ရေး ပို့ကုန်တွန်းအားပေး



Image may contain: text
နိုင်ငံတစ်နိုင်ငံသည် ပြည်ပမှ ကုန်ပစ္စည်းများတင်သွင်းသော ပမာဏထက် ပြည်ပသို့  ပြည်တွင်းမှ ကုန်ပစ္စည်းများတင်ပို့နိုင်မှု  ပမာဏများလျှင် ထိုနိုင်ငံဝင်ငွေတိုးတက်ရရှိပြီး ချမ်းသာကြွယ်၀သောနိုင်ငံ  ဖြစ်လာသည်။ ထို့ကြောင့်  နိုင်ငံများသည် ပြည်ပပို့ကုန်  ပိုမိုတိုးတက်တင်ပို့နိုင်ရေး ကြိုးပမ်းကြသည်။

မြန်မာနိုင်ငံသည် ပို့ကုန်ထက်သွင်းကုန်များနေသောကြောင့် နှစ်စဉ်  ဘဏ္ဍာရေးလိုငွေပြခဲ့သည်။ ထို့ကြောင့်  နိုင်ငံတော်အစိုးရက သွင်းကုန် လျှော့ချပြီး ပို့ကုန်တိုးတက်မြင့်မားရေးကို  နည်းလမ်းရှာဖွေဆောင်ရွက်လျက် ရှိသည်။ ပြည်ပသွင်းကုန်လျှော့ချနိုင်ရေးအတွက် ပြည်တွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို  အားပေးမြှင့်တင် ပံ့ပိုးပေးလျက်ရှိသည်။

ယခုအခါ စုစုပေါင်းပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုးတွင် လယ်ယာကဏ္ဍ၊ သတ္တုနှင့်  တွင်းထွက်ပစ္စည်းကဏ္ဍ၊ ပို့ဆောင် ရေးနှင့်ကုန်သွယ်မှုကဏ္ဍတို့သည် ပါဝင်မှုရာခိုင်နှုန်းအများဆုံးဖြစ်လာ သည်ကို တွေ့ရသည်။ လယ်ယာထွက်ကုန်သည် ပြည်ပပို့ကုန်အများဆုံး အဖြစ် တိုးတက်လာသည်။ လယ်ယာထွက်ကုန်ပစ္စည်းများကို ယခင် ဘဏ္ဍာနှစ်ခြောက်လပတ်ထက် ယခု ဘဏ္ဍာနှစ်ခြောက်လပတ်တွင် ပြည်ပသို့ ပိုမိုတိုးတက်တင်ပို့နိုင်ခဲ့သည်။

ပြည်ပပို့ကုန်များတွင်လယ်ယာထွက်ကုန်ပစ္စည်းများ၊ တိရ္ဆာန် ထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ စက်မှုကုန်ချောပစ္စည်းများကို ပြည်ပသို့ပိုမိုတင်ပို့နိုင်ခဲ့သည်။ ပြည်ပကုန်သွယ်မှုပမာဏသည် ယခင် ဘဏ္ဍာနှစ် ခြောက်လတာကာလတူထက် ပို့ကုန်တွင် အမေရိကန်ဒေါ်လာ ၁၀၅၇ သန်း ပိုမိုတင်ပို့နိုင်ခဲ့ပြီးသွင်းကုန်တွင် အမေရိကန်ဒေါ်လာ ၅၃၄ သန်း လျော့နည်းခဲ့သောကြောင့်ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅၂၃ သန်း ပိုမိုခဲ့သည်။

ထိုကဲ့သို့ ပြည်ပကုန်သွယ်မှုပမာဏတိုးတက်မှုသည် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးမှုအတွက်ကောင်းသောလက္ခဏာဖြစ်သည်။ ပြည်ပပို့ကုန်တိုးတက်ရေး၊ ပြည်ပသွင်းကုန်လျော့နည်းရေး  ယခုထက်ပိုမိုအောင် ဆက်လက်ကြိုးပမ်း အားထုတ်နိုင်လျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်လာရေးအတွက် အင်အားများ ဖြစ်လာမည် ဖြစ်သည်။  နိုင်ငံ၏အမျိုးသားစီးပွား  ဖွံ့ဖြိုးတိုးတက်ရေးသည် စိုက်ပျိုးရေးနှင့် သားငါးထုတ်လုပ်ရေးဖြစ်၍ ယင်းကိုပိုမိုတိုးတက်ဖြစ်ထွန်း အောင် ဝိုင်းဝန်းကြိုးပမ်း အားထုတ်ရမည် ဖြစ်သည်။

နိုင်ငံတော်၏  စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် ကုန်သွယ်ရေးကဏ္ဍသည် အရေးကြီးသောကဏ္ဍဖြစ်သည်။ ယခု ဘဏ္ဍာနှစ် တွင် ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ ကျော် ရှိခဲ့ပြီး အဆိုပါ ကုန်သွယ်မှုပမာဏငွေကြေးတွင် ပုဂ္ဂလိကကဏ္ဍအနေဖြင့် အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံကျော်ပါဝင်သည့်အတွက် ပုဂ္ဂလိကကဏ္ဍသည် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ၈၄ ရာခိုင်နှုန်း ပါဝင်နေသည်။

ယခုအခါ အာဖရိကသုံးနိုင်ငံသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက် ကုန်ပစ္စည်းများတင်ပို့နိုင်သည့်   ဈေးကွက်သစ်များရရှိလာပြီး  အခြားနိုင်ငံ များသို့လည်း တိုးတက်တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးရှိ  ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးဇုန်အပြင် တိုင်းဒေသကြီးအတွင်းမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ကိုထုပ်ပိုး၍  ယူနန်ပြည်နယ်နှင့် ရှန်ဟိုင်းသို့  တိုက်ရိုက်တင်ပို့နိုင်ရေး ဆွေးနွေးညှိနှိုင်းလျက်ရှိသည်။

ပြည်ပသွင်းကုန်လျှော့ချရေးတွင် နယ်စပ်ဒေသမှ တရားမဝင် ကုန်ပစ္စည်းများ  ဝင်ရောက်လာမှုကြောင့်  တားဆီးထိန်းချုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းမှ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးလာအောင်  အားပေးကူညီလျက်ရှိသည်။ ဧရာ၀တီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် ရေထွက်ပစ္စည်းမွေးမြူရေး ဇုန်ကြီးကို တည်ဆောက်လျက်ရှိပြီး အလုပ်အကိုင်အခွင့်အလမ်းများနှင့် နိုင်ငံခြားဝင်ငွေရရှိရေးကို ဖော်ဆောင်မည် ဖြစ်သည်။

သို့ဖြစ်ရာ   မြန်မာ့စီးပွားရေး  ပြန်လည်ဦးမော့လာပြီး  ဓနဥစ္စာ တိုးပွားရေးအတွက် ပြည်ပပို့ကုန် တိုးတက်တင်ပို့နိုင်ရန် လက်ရှိအားထား နေရသည့် လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ကုန်ပစ္စည်းများ ကို  ယခုထက်ပိုထုတ်လုပ်နိုင်အောင် အစိုးရနှင့်  ပုဂ္ဂလိကလက်တွဲ၍ ကြိုးပမ်းဆောင်ရွက်ကြရမည်  ဖြစ်ပါကြောင်း။      ။

Monday, May 27, 2019

ကျွန်းလှ-သဖန်းဆိပ်ကားလမ်းပေါ်ရှိ တပ်ကုန်းတံတားကြမ်းခင်းများ ပြုပြင်ပေးစေလို


Image may contain: bridge, sky, tree, outdoor and nature
ထင်သာမြင်သာပြုပြင်စရာ


စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်အတွင်း ကျေးရွာများနှင့် ဆက်သွယ်ရာတွင် အဓိကကျသည့် ကျွန်းလှ-သဖန်းဆိပ် ကားလမ်းပေါ်ရှိ တပ်ကုန်းတံတားကြမ်းခင်းများ ပျက်စီး နေ၍ ပြုပြင်ပေးရန် ဒေသခံပြည်သူများ လိုလားလျက်ရှိကြောင်း သိရသည်။
အဆိုပါတံတားမှာ ကျွန်းလှမြို့နှင့် တိုက်ရိုက်ဆက်သွယ်ထားပြီး သဖန်း ဆိပ်ဆည် အရှေ့ဘက်ခြမ်း၊ အနောက် ဘက်ခြမ်း ကျေးရွာပေါင်း ၁၀၀ ကျော်မှ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ယာဉ်ကြီးယာဉ်ငယ်များ၊ ဆိုင်ကယ်များ နေ့စဉ်အသုံးပြုသွားလာ နေသော တံတားတစ်စင်းဖြစ်သည်။ ယခုအခါ တံတားကြမ်းခင်းပျက်စီးနေ၍ ယာဉ်အ္တရာယ်စိုးရိမ်ရလျက်ရှိကြောင်း၊ တံတားကောင်းမွန်မှသာ သွားလာရေး အဆင်ပြေပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်၍ ကုန်စည်ကူးသန်းမှု မြန်ဆန်ချောမွေ့မည် ဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)

ကမ္ဘာနှင့် ချီသည့် အမှိုက်ပြဿနာ


မြန်မာ့အလင်းအယ်ဒီတာအာဘော်



''အမှိုက်ကစ ပြာသာဒ်မီးလောင်''ဟူသော မြန်မာစကားပုံကဲ့သို့ပင် အသေးအဖွဲဟု ယူဆရသည့် အရာတစ်ခုခုကို အကြောင်းပြု၍ ထိ်ပ်ဆုံးသို့ ရောက်အောင် တက်သွားသည့် ပြဿနာ။ အမှန်တကယ်အားဖြင့်လည်း အမှိုက်ကြောင့် ကမ္ဘာ့ အရှေ့ပိုင်းမှ နိုင်ငံနှင့် က္ဘာ့အနောက်ပိုင်းမှ နိုင်ငံတို့ အကြား တင်းတင်းမာမာ အခြေအနေသို့ ဆိုက်ရောက်ခဲ့ရသည်။ လွန်ခဲ့ သည့် ငါးနှစ်ခန့်ကာလကတည်းက ကနေဒါနိုင်ငံမှ အမှိုက်တန်ချိန် ၁၅၀၀ ခန့်သည် ကွန်တိန်နာ ၆၉ လုံးနှင့် အပြည့်အသိပ်ထည့်ကာ ဖိလစ်ပိုင်နိုင်ငံ သို့ တရားမဝင် ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။ ယင်းကိစ္စသည် မိမိတို့ နိုင်ငံ အား စော်ကားခြင်းဖြစ်သည်ဟု ဖိလစ်ပိုင်က ယူဆကာ ကိုယ့်အမှိုက်ကိုယ် သိမ်းပေးရန် ကနေဒါကို အရေးဆိုနေခြင်းဖြစ်သည်။
လူတို့သုံးစွဲပြီးနောက် စွန့်ပစ်လိုက်သော ပစ္စည်းများ တစ်နည်းအားဖြင့် အမှိုက်များ ဆွေးမြည့်ပျက်စီးနိုင်ခဲ့သည့် ခေတ်ကာလများတွင် အမှိုက် သည် ကြီးမားသည့်ပြဿနာ မဟုတ်ခဲ့သော်လည်း ပလတ်စတစ်ကဲ့သို့သော ဆွေးမြည့်ပျက်စီးရန် လွန်စွာခဲယဉ်းလှသည့် အရာဝတ္ထုများ ပေါ်ပေါက် လာသည့် ခေတ်ကာလသို့ ရောက်ရှိချိန်မှစ၍ အမှိုက်သည် ပြည်တွင်းပြည်ပ က္ဘာနှင့်ချီသည့် ပြဿနာတစ်ရပ် ဖြစ်လာသည်။ မကြာသေးသည့် ရက်ပိုင်းအတွင်းက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်အတွင်းမှ နှစ်ပေါင်း များစွာ မရှင်းလင်းနိုင်ခဲ့သော မြေအောက်ရေမြောင်းတစ်ခုကို ရှင်းလင်း ခဲ့ရာ စွန့်ပစ်ပလတ်စတစ် ရေသန့်ဘူးခွံနှင့် ဖော့များ အများစုပါဝင်သည့် အမှိုက်တန်ချိန်များစွာ ထွက်လာသည်။ အမှိုက်များ ပိတ်ဆို့နေပြီး ရေမြောင်းများ ရေမစီးနိုင်ခြင်းကြောင့် မိုးရွာတိုင်းရေလျှံရသည့် ဖြစ်စဉ် များတွင် စည်းကမ်းမဲ့စွန့်ပစ်ထားသည့် အမှိုက်များနှင့် ပလတ်စတစ် အမှိုက်များက အခြေခံအကြောင်းရင်းများအနက် တစ်ခုဖြစ်သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ဆက်စပ်သည့် မြန်မာ့ပင်လယ်ပြင်တွင် မိုက်ခရိုပလတ်စတစ်ပါဝင်မှု အချိုးအစားသည် ဧရာ၀တီမြစ်၀ကျွန်းပေါ်နှင့် ဆက်စပ်သည့် ပင်လယ်ပြင်တွင် ပါဝင်မှုနှုန်းထက် ပိုမိုမြင့်မားနေကြောင်း သတင်းနှင့် မြိတ်ကျွန်းစုများရှိ ပင်လယ်ရေအောက်သ္တာကျောက်တန်းများပေါ်တွင် စွန့်ပစ်ထားသော ငါးဖမ်းပိုက်အဟောင်းများ အပါအဝင် စွန့်ပစ်အမှိုက်များကို ဆယ်ယူရှင်းလင်းနေသော သတင်းများသည် လတ်တလောသတင်းများဖြစ်သည်။ မိုက်ခရိုပလတ်စတစ်များဆိုသည်မှာ နှစ်ပေါင်းများစွာကတည်းကပင် ပင်လယ်ထဲသို့ ရောက်လာသော စွန့်ပစ် ပလတ်စတစ်ပစ္စည်းအဟောင်းများက ရေဒဏ်၊ နေဒဏ်၊ လှိုင်းဒဏ်၊ ရာသီဥတုဒဏ်များကြောင့် တစ်စတစ်စကျိုးကျေသွားခဲ့ပြီး ၅ မီလီမီတာ မီးခြစ်ဆံ ခေါင်းသာသာထက် သေးငယ်သော အရာကလေးများအဖြစ် ရောက်ရှိ သွားခြင်းပင်ဖြစ်သည်။ ၎င်းမိုက်ခရိုပလတ်စတစ်များကို အစာဟု ထင်မှတ်၍ စားမိကြခြင်းကြောင့် ရေသတ္တဝါများ သေကျေပျက်စီး ကြရသည်။ ဝေလငါး၊ လင်းပိုင်နှင့် ပင်လယ်ဖျံများအပါအဝင် ရေသတ္တဝါကြီးများမှာလည်း ပလတ်စတစ်အမှိုက်များကြောင့် ဒုက္ခရောက် ကြရသည်။
က္ဘာလုံးချီသည့် အမှိုက်ပုံကြီးမှာ ပစိဖိတ်မဟာအမှိုက်ပုံဟု ခေါ်သော ဧရာမအမှိုက်ပုံကြီးဖြစ်သည်။ ၎င်းအမှိုက်ပုံကြီးသည် ဟာဝိုင်ယီကျွန်းနှင့် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ကမ်းရိုးတန်းတို့ အကြား လမ်းခုလတ်တွင် ပစိဖိတ်သမုဒ္ဒရာအတွင်း ပေါလောမျောနေ ခြင်းဖြစ်သည်။ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင် ခြောက်သိန်းကျော် ပြီး ပြင်သစ်နိုင်ငံ အကျယ်အဝန်းထက် သုံးဆပိုကြီးသည်။ နိုင်လွန် ပလတ်စတစ် ငါးဖမ်းပိုက်အဟောင်းများ၊ ငါးဖမ်းကိရိယာဟောင်းများ၊ နိုင်လွန်ကြိုးများနှင့် အခြားပလတ်စတစ်အပိုင်းအစပေါင်း ၁ ဒသမ ၈ ထရီလီယံကျော်(အလေးချိန်အားဖြင့် တန်ချိန် ၉၀၀၀၀ ကျော်) တို့ ပင်လယ်ရေစီးကြောင်းများကြောင့် တစ်နေရာထဲတွင် လာရောက် စုဝေးနေကြခြင်းဖြစ်သည်ဟု သုတေသီတို့က ဆိုကြသည်။ ယင်းအမှိုက်ပုံ ကြီး မည်သည့်အချိန်ကစ၍ စုဝေးတည်ရှိနေသည်ကို မသိရသော်လည်း လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ခန့်ကမှ စတင်သတိပြုမိခဲ့ကြခြင်း ဖြစ်သည်။
ပလတ်စတစ်နှင့် ဖော့ဘူးခွံများအပါအဝင် မဆွေးမြည့်နိုင်သည့် ပစ္စည်းများကို စနစ်တကျစီမံခန့်ခွဲသည့်နည်းလမ်းများဖြင့် စွန့်ပစ်ရန် မြို့တိုင်းရွာတိုင်းတွင် ကျင့်သုံးဆောင်ရွက်ကြရေး၊ အခြားနိုင်ငံများမှ စွန့်ပစ်အမှိုက်များ ပုံစံအမျိုးမျိုးဖြင့် ခေါင်းမြီးခြုံ၍ မိမိနိုင်ငံသို့ ရောက်ရှိ မလာရေးအတွက် သတိပြုနိုင်ကြပါစေကြောင်း။ ။

ရှမ်းစု- ချောင်းစောက်- လှည်းဆိပ်- မိုးကြိုးပစ် ကျေးလက်ကတ္တရာလမ်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း တက်ရောက်ဖွင့်လှစ်ပေး


 


နေပြည်တော် မေ ၂၆
ကျေးလက်လမ်း၊ တံတားများဖွံ့ဖြိုးရေး၊ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘ၀တိုးတက်မြင့်မားရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် ဧရာ၀တီတိုင်း ဒေသကြီး ကျုံပျော်မြို့နယ်တွင် က္ဘာ့ဘဏ်အကူအညီဖြင့် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် ရေကြီး၊ ရေလျှံ နှင့် မြေပြိုမှုများကြောင့် အရေးပေါ် ပြန်လည်ထူထောင်ရေးစီမံကိန်း၏ ''ရှမ်းစု- ချောင်းစောက်- လှည်းဆိပ်- မိုးကြိုးပစ်ကျေးလက်ကတ္တရာ လမ်း'' ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ တွင် အဆိုပါ လမ်းအပိုင်းရှိမင်္ဂလာမဏ္ဍပ်၌ ကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း တက်ရောက်ဖွင့်လှစ်ပေးသည်။


အခမ်းအနားသို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန် ဇော်၊ ဧရာ၀တီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ ဧရာ၀တီတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်း/ခရိုင်/ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ကမ္ဘာ့ ဘဏ်မှ Representative of Country Management, Mr. Mark Austin နှင့် အဖွဲ့ဝင်များ၊ အသင်းအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး
အစီအစဉ်အရ ဖွင့်ပွဲအခမ်းအနား ပထမပိုင်းကို လမ်းမုခ်ဦးရှေ့၌ ကျင်းပရာ ''ရှမ်းစု- ချောင်းစောက်- လှည်းဆိပ်- မိုးကြိုးပစ်ကျေးလက်ကတ္တရာလမ်း''ကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်း ခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီး ဦးဟန် ဇော်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုး အောင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် မန်းဂျော်နီ၊ ကျေးလက် လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန် ကြား ရေးမှူးချုပ် ဦးခင်သက်၊ ကမ္ဘာ့ ဘဏ်မှ Representative of Country Management, Mr. Mark Austin ESifh Task Team Lead, Ms.Hinerike Brecht တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ အခမ်းအနား အစီအစဉ် ဒုတိယအပိုင်းကို ကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်း ခိုင်သန်းက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင်ရှိသည့် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင် နေထိုင်ကြသဖြင့် ကျေးလက်ဒေသဖွံ့ဖြိုး ရေးအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးသည့် အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ပါ ကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံအတွင်းရှိ ကျေးရွာ အားလုံး၏ ၅၀ ရာခိုင်နှုန်းသည် ရာသီမရွေး ဆက်သွယ်သွားလာနိုင်ပြီး ကျေးရွာအားလုံး၏ ၃၆ ရာခိုင်နှုန်းသည် နွေရာသီ၌သာ ဆက်သွယ်သွားလာနိုင် ကြသဖြင့် လမ်းမပေါက်သေးသည့် ကျေးရွာများမှာ နိုင်ငံအတွင်းရှိ ကျေးရွာ အားလုံး၏ ၁၄ ရာခိုင်နှုန်းရှိပါကြောင်း။
ကျေးလက်ဒေသများဖွံ့ဖြိုးရေး
ကျေးလက်လမ်းများ အဆင့်မြှင့်တင် ခြင်းနှင့် ရေရှည်ထိန်းသိမ်းခြင်းများ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်ဘတ်ဂျက် တစ်ခုတည်းသာမကဘဲ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများ၏ အထောက် အပံ့၊ ချေးငွေအကူအညီယူပြီး ဆောင်ရွက် ရမည်ဖြစ်သကဲ့သို့ လွှတ်တော်ကဏ္ဍက လည်း ကျေးလက်ဒေသများဖွံ့ဖြိုးရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေ ရေးအတွက် ရန်ပုံငွေရရှိရေးကို အထောက်အကူပြုပေးသွားမည် ဖြစ်ပါ ကြောင်း ။
ယခုစီမံကိန်းသည် ရေကြီး၊ ရေလျှံ နှင့် မြေပြိုမှုများကြောင့် အရေးပေါ် ပြန်လည်ထူထောင်ရေးစီမံကိန်းကို ကမ္ဘာ့ ဘဏ်ချေးငွေအကူအညီဖြင့် ဆောက်လုပ် ရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနမှ အမေရိကန်ဒေါ်လာသန်း ၇၀ ဖြင့် မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ ရန်ကုန် နှင့် ဧရာ၀တီတိုင်းဒေသကြီးများအတွင်းရှိ သဘာ၀ဘေးကြောင့်ပျက်စီးခဲ့သည့် ကျေးလက်လမ်းများကို အဆင့်မြှင့်တင် ခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်မည်ဖြစ် သည့်အတွက် စံချိန်စံညွှန်းနှင့် အရည် အသွေးပြည့်မီသော သဘာ၀ဘေးဒဏ် ခံနိုင်ရည်ရှိသော လမ်း၊ တံတားများအဖြစ် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိ
ယခုကျေးလက်လမ်းသည် က္ဘာ့ ဘဏ်အကူအညီဖြင့် ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းများ၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည့်အတွက် ကျေးလက်နေ ပြည်သူများ ရာသီမရွေးအဆင်ပြေချောမွေ့စွာသွားလာနိုင်ပြီး ဧရာ၀တီတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ဒေသခံပြည်သူ များမှလည်း ယခုကျေးလက်လမ်းကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းသွား ကြရန် ပြောကြားသည်။
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က လက်ရှိနိုင်ငံအတွင်း၌ ကျေးရွာပေါင်း ၆၃၈၈၉ ရွာရှိပြီး ကျေးလက်လမ်းမိုင် အရှည်စုစုပေါင်း ၅၅၅၀၇ မိုင်နှင့် ကျေးလက်တံတား ၂၄၁၈၃ စင်းကို တာဝန်ယူတည်ဆောက်ထိန်းသိမ်းလျက် ရှိပြီး ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ်ကျပ် ၃၂၅ ဘီလီယံဖြင့် စုစုပေါင်းကျေးလက်လမ်း အရှည် ၂၈၃၈ မိုင်ကိုကွန်ကရစ် ၃၀၆ မိုင်၊ ကတ္တရာလမ်း ၃၂၈ မိုင်၊ ကျောက်ချော လမ်း ၄၂၅ မိုင်၊ ဂဝံ/ဂျင်းလမ်း ၁၀၈၅မိုင်၊ မြေသားလမ်း ၆၉၄ မိုင်နှင့် စုစုပေါင်း ကျေးလက်တံတား ၁၄၉၈ စင်းကို ကွန်ကရစ်တံတား ၄၇၀ စင်း၊Box Culvert ၉၀၈ စင်း၊ ရေကျော် / အခြား အစင်း ၈၀နှင့် ဘေလီ/ကြိုးတံတား ၃၇ စင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတစ်ဝန်းကျေးလက်လမ်း၊ တံတား တည်ဆောက်ပြုပြင်ရေးလုပ်ငန်းပမာဏ များပြားသည့်အတွက် ဝန်ကြီးဌာနနှင့် အခြားသက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ဖွံ့ဖြိုးရေးမိတ်ဖက် အဖွဲ့အစည်းများနှင့် နီးနီးကပ်ကပ် လက်တွဲပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း။
သဘောတူလက်မှတ်ရေးထိုး
ယခု ရေကြီး၊ရေလျှံနှင့်မြေပြိုမှုများကြောင့် အရေးပေါ်ပြန်လည်ထူထောင် ရေးစီမံကိန်းသည်၂၀၁၅ ခုနှစ်က မိုးသည်း ထန်စွာရွာသွန်းပြီး ရေကြီး၊ ရေလျှံနှင့် မြေပြိုမှုများ ခံစားခဲ့ရသည့် ကျေးလက်လမ်းများပြန်လည်ပြုပြင်ဆောင်ရွက်ရန် အတွက် က္ဘာ့ဘဏ်မှ အမေရိကန် ဒေါ်လာသန်း ၇၀ အတိုးမဲ့ချေးငွေ အကူအညီဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာ၀တီ တိုင်းဒေသကြီးများအတွင်းရှိ မြို့နယ် ပေါင်း ၄၃ မြို့နယ်ရှိကျေးလက်လမ်းအရှည် ၁၈၉ မိုင် ၄ ဖာလုံနှင့် တံတား ၂၉ စင်း ပြန်လည်ပြုပြင်ရန်အတွက် သဘောတူ လက်မှတ်ရေးထိုးခဲ့ပါကြောင်း။
ကျုံပျော်မြို့နယ် ရှမ်းစု- ချောင်းစောက်- လှည်းဆိပ်- မိုးကြိုးပစ် ကျေးရွာချင်းဆက် ကတ္တရာလမ်း ၁၄ ကီလိုမီတာကို အသုံးပြုခြင်းအားဖြင့် ပြည်သူများအတွက် အချိန်နာရီဝက်ခန့် သက်သာသွားပြီး သယ်ယူပို့ဆောင်စရိတ် သက်သာသွားမည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ နိုင်ငံတကာ စံချိန်စံòန်းနှင့် အညီ အဆင့်မြှင့်တင်တည်ဆောက်လျက် ရှိသော ကျေးလက်လမ်း၊ တံတားများ ရေရှည်တည်တံ့ ခိုင်မြဲစေရန်အတွက် ဒေသခံတိုင်းရင်းသားပြည်သူများမှ စနစ် တကျ သုံးစွဲပြုပြင်ထိန်းသိမ်းပေးစေလို ပါကြောင်း ပြောကြားသည်။
လမ်းပန်းဆက်သွယ်ရေးတိုးတက်ရေး
ထို့နောက် ဧရာ၀တီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လမ်းပန်း ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ကမ္ဘာ့ ဘဏ်ဘက်မှ Representative of Country Management, Mr. Mark Austinက နှုတ်ခွန်းဆက်စကားပြောကြားပြီး ကမ္ဘာ့ ဘဏ်ဘက်မှ Task Team Lead, Ms. Hinerike Brecht က စီမံကိန်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဒေသခံပြည်သူတစ်ဦးက ''ရှမ်းစု- ချောင်းစောက်- လှည်းဆိပ်-မိုးကြိုးပစ် ကျေးလက်ကတ္တရာလမ်း'' ဖွင့်လှစ်ပေးသည့်အတွက် ကျေးဇူးတင်ပါ ကြောင်းနှင့် ကတ္တရာလမ်းကြီးရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်သွားမည်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌသည် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီး ချုပ်၊ ဧည့်သည်တော်များ၊ ဒေသခံပြည်သူ များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး ရှမ်းစု- ချောင်း စောက်- လှည်းဆိပ်- မိုးကြိုးပစ်ကျေးလက် ကတ္တရာလမ်းပေါ်မှ ဖြတ်သန်းကြည့်ရှု သည်။
အဘက်ဘက်တိုးတက်လာမည်
ယနေ့ဖွင့်လှစ်သည့် ''ရှမ်းစု- ချောင်းစောက်- လှည်းဆိပ်- မိုးကြိုးပစ် ကျေးလက်ကတ္တရာလမ်း''သည် ဧရာ၀တီ တိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်ရှိ ပတ်ဝန်းကျင်ကျေးရွာ ၁၇ ရွာ၊ အိမ်ခြေ ၂၄၈၇ အိမ်၊ လူဦးရေ ၁၀၆၂၇ ဦးတို့ကို တိုက်ရိုက်အကျိုးပြုမည်ဖြစ်ပြီး လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်လာသည်နှင့် အညီ ဒေသနေပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတို့ အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်