Tuesday, April 2, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး UN Women ၏ ဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ



နေပြည်တော် ဧပြီ ၁

လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် UN Women ၏ ဌာနေကိုယ်စားလှယ် Mr. Nicolas Burniat နှင့်အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ်  ကျား၊   မတန်းတူညီမျှရေးနှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံလုံး ဆိုင်ရာအမျိုးသမီးကော်မတီကို     ပြင်ဆင်ဖွဲ့စည်း၍ ဆောင်ရွက်နေမှုများ၊ ကော်မတီကိုပြင်ဆင်ဖွဲ့စည်းခဲ့ရာ တွင် ဌာနဆိုင်ရာများသာမက အစိုးရမဟုတ်သောအဖွဲ့ အစည်းများ၊  လူမှုရေးအဖွဲ့အစည်းများကိုပါ  ထည့်သွင်း ဖွဲ့စည်းခဲ့မှုများ၊ လုပ်ငန်းများဆောင်ရွက်ရာတွင် မြန်မာ နိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး  ဟန်ချက်ညီသော  ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း(MSDP)၊ ကုလသမဂ္ဂ၏ စဉ်ဆက် မပြတ်      ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များစသည်တို့နှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများ၊   အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ   မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် ကျန်ရှိသည့် လေးနှစ်တာကာလအတွင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊UNCEDAW ကော်မတီသို့ အစီရင် ခံစာတင်သွင်းမှုဆိုင်ရာကိစ္စရပ်များ၊       Beijing Declaration and Platform for Action-BFPA နှင့်ပတ်သက်၍ နိုင်ငံအဆင့်သုံးသပ်ချက်များ ပြုလုပ်မည့် ကိစ္စရပ်များနှင့်
UN Womenမှ နည်းပညာပိုင်းဆိုင်ရာ အကူအညီများ   ပေးအပ်နိုင်မှုအခြေအနေနှင့်   ပူးပေါင်း ဆောင်ရွက်နိုင်မည့်  နယ်ပယ်များနှင့်စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။                           

သတင်းစဉ်

No comments:

Post a Comment