Tuesday, April 2, 2019

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဒေါက်တာသန်းမြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း ဒေသအကျိုးပြုလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

Image may contain: 6 people

နေပြည်တော် ဧပြီ ၁

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဗဟိုအဖွဲ့အတွင်းရေးမှူး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်တို့သည်  မတ် ၂၉ ရက် မွန်းလွဲပိုင်း တွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကမ်းနားလမ်းရှိ မြိတ်အများပိုင်ကော်ပိုရေးရှင်း ရုံးခန်းမသို့ ရောက်ရှိကြရာ ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးလှသန်းက မြိတ်ခရိုင် ကျွန်းစုမြို့နယ် မင်းကြီးကျွန်း၊ ကျားကြီးအော် ပုစွန်မွေးမြူရေးစီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

ကြည့်ရှုစစ်ဆေး

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် အမြန်ရေယာဉ်များဖြင့် ဘုတ်ပြင်းမြို့နယ် ၀အလယ်ကျွန်း သို့ရောက်ရှိပြီး ကျွန်းပေါ်တွင်တည်ဆောက်ဖွင့်လှစ်ထား သည့် Wa Ale Eco Resort  တွင် သဘာ၀ပတ်ဝန်းကျင် မပျက်စီးအောင် ထိန်းသိမ်းရေး၊ အမှိုက်များအား စနစ် တကျ စွန့်ပစ်ရေး၊ ပင်လယ်ရေအားသန့်စင်ပြီး ရေချိုအဖြစ် ပြန်လည်အသုံးပြုရေးနှင့် ပြည်တွင်း၊ ပြည်ပဧည့်သည်များ လာရောက်တည်းခိုအပန်းဖြေနိုင်ရန် ပြင်ဆင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် မတ် ၃၀ ရက် နံနက်   ၁၀  နာရီက    အမြန်ရေယာဉ်များဖြင့် ကော့သောင်းခရိုင် ကော့သောင်းမြို့  အောင်ဘာကျေးရွာ အုပ်စုရှိ    ဘိုနက်ကျော်ကျွန်းတွင်      ပြည်တွင်း၊     ပြည်ပ ခရီးသွားလုပ်ငန်းတိုးတက်ရေးအတွက်   K  Future Co.,Ltd. က  အသစ်တည်ဆောက်နေသည့် ဟိုတယ် ၂၆ လုံး  တည်ဆောက်မှုအခြေအနေကို   ဝင်ရောက် ကြည့်ရှုသည်။

ရှင်းလင်းတင်ပြ

ယင်းနောက် ကော့သောင်းမြို့ ကျွန်းဖီလာဟိုတယ် သို့ ရောက်ရှိပြီး အထွေထွေမန်နေဂျာ Mr. Steffan
က ဟိုတယ်လုပ်ငန်းများနှင့်ပတ်သက်၍ Yoma Group
 ၏ ဟိုတယ်လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများလုပ်ဆောင် နေမှုတို့ကို ရှင်းလင်းတင်ပြရာ ရှင်းလင်းတင်ပြချက်များ အပေါ် ပြည်ထောင်စုဝန်ကြီးများက သဘာ၀ပတ်ဝန်း ကျင် ထိခိုက်မှုမရှိစေရေး၊    အမှိုက်စွန့်ပစ်သည့်စနစ်၊ ရေဆိုးသန့်စင်မှု၊   နေရောင်ခြည်စွမ်းအင်ဖြင့်  လျှပ်စစ် သုံးစွဲဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍  သိရှိလိုသည် များကို မေးမြန်း၍ လိုအပ်သည်များမှာကြားသည်။

ထို့နောက် အဝတ်အခြောက်လျှော်စက်၊ ပင်လယ်ရေ မှ ရေချိုပြန်လည်ထုတ်ယူနေမှုတို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် ညနေပိုင်း တွင်    ကော့သောင်းခရိုင်   ဇာဒက်ကြီးကျွန်းအနီးရှိ ညောင်ဦးဖီးကျွန်းပေါ်ရှိ Victoria Cliff Resort သို့ ရောက်ရှိပြီး လုပ်ငန်းရှင် ဒေါ်ခင်သက်သက်လွင်က ဟိုတယ် အတွင်း    လိုက်လံရှင်းလင်းပြသခဲ့ကြောင်း    သတင်းရရှိ သည်။

သတင်းစဉ်


No comments:

Post a Comment