Tuesday, April 2, 2019

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်းဆောင်ရွက်

No photo description available.

နေပြည်တော်  ဧပြီ  ၁
မောင်တောမြို့နယ် နယ်မြေ(၇) မကျီးချောင်း ချောင်း၀ ကင်းစခန်းမှူး ဒုတိယရဲမှူး နိုင်အောင်သူ ဦးစီးသည့် တပ်ဖွဲ့ဝင်များသည်  မတ် ၃၀ ရက် နံနက်ပိုင်းတွင် ရေယာဉ် တပ်ဖွဲ့စု(မောင်တော)မှ ငါးမန်းအမြန်သွားတိုက်ခိုက်ရေး ရေယာဉ်အမှတ် (၀၀၅)ပါ  နှစ်စင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၂)   နယ်ခြားစောင့်တပ်   Shahparirdip ကင်းစခန်းမှ Subedar Md. Mukter Ali ဦးဆောင် သည့် အဖွဲ့က စက်တပ်ရေယာဉ် နှစ်စင်း စုစုပေါင်း လေးစင်း တို့ဖြင့် နတ်မြစ်ကြောင်းအတိုင်း အောင်ဗလချောင်း၀ထိပ် ရေမိုင်(၅)အနီးသို့ ရောက်ရှိကာ နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ ရေမိုင်ကင်းလှည့်ခြင်း ဆောင်ရွက်ကြသည်။
ယင်းနောက် ရေယာဉ်အမှတ်(၀၀၅)ပေါ်၌ နှစ်ဖက် ကင်းလှည့်သည့်အဖွဲ့များ  တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။      
                               
        ရဲပြန်ကြား

No comments:

Post a Comment