Thursday, April 4, 2019

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဒေါက်တာသန်းမြင့် ထားဝယ်အထူးစီးပွားရေးဇုန် ဆောင်ရွက်မှုအခြေအနေများ ကြည့်ရှုစစ်ဆေး
Image may contain: 5 people, people sitting, table and indoor
နေပြည်တော် ဧပြီ ၃
နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တို့သည် ဧပြီ ၁ ရက် နံနက်ပိုင်းက တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့၌ ဆောင်ရွက် လျက်ရှိသည့် ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်ရေး အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ရှေးဦးစွာ တည်ဆောက်ရေးရုံးခန်းမ၌ ထားဝယ် အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာ မြင့်ဆန်းက Two Lane Road Overview ကနဦး တည်ဆောက်ရေးလုပ်ငန်း ကိုးခုကို ခွဲဝေနေရာချထားပေးမှုနှင့် ထားဝယ်အထူး စီးပွားရေးဇုန် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်တို့က လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်က တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် မြန်မာ-ထိုင်း ဆက်ဆံရေးရုံးများသို့ သွားရောက် ကြည့်ရှုကြရာ မြန်မာ- ထိုင်းဆက်ဆံရေး မန်နေဂျာ Dr. Somchet Tinnapong က လိုက်လံရှင်းလင်းပြသပြီး နှစ်လမ်းသွား ကားလမ်း၏အစဖြစ်သော (ဝ) ကီလိုမီတာ မှတ်တိုင်သို့လည်းကောင်း၊ တည်ဆောက်ရေး ဇုန်အတွင်းသို့ လည်းကောင်း၊Small Port ဆိပ်ကမ်းငယ် တည်ဆောက်ထားရှိမှုတို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် ယင်းနေ့ မွန်းလွဲပိုင်းတွင် ထားဝယ်မြို့ ထားဝယ် ဟိုတယ် အစည်းအဝေးခန်းမ၌ ကုန်သည် လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ က မိမိတို့အဖွဲ့သည် တနင်္သာရီတိုင်းဒေသကြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ် သည်များ ကူညီဆောင်ရွက်ပေးရန် လာရောက် ခြင်းဖြစ်ကြောင်း၊ ပြည်တွင်း၌ စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်ရန် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများကို ဖိတ်ခေါ်ထားပြီးဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် စနစ်တကျ ပြည်ပ ကုမ္ပဏီများနှင့် ပူးတွဲလုပ်ဆောင်ရန် လိုအပ် ပါကြောင်း ပြောကြားသည်။
နိုင်ငံခြားငွေပိုမိုရရှိလာမည်
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးစေရန်အတွက် ပြည်တွင်းမှ လုပ်သား များအား အလုပ်အကိုင်ရရှိစေရေး အသုံးပြု ပါက စီးပွားရေးတိုးတက်လာမည်ဖြစ် ကြောင်း၊ သက်ဆိုင်ရာဘဏ်များမှလည်း SME လုပ်ငန်းရှင်များအား ချေးငွေများ ထုတ်ချေးပေးမည်ဖြစ်ကြောင်း၊ ပြည်တွင်း ထုတ်ကုန်များအား တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် တင်ပို့ရောင်းချပါက နိုင်ငံခြားငွေပိုမိုရရှိ လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက လိုအပ်သည်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးများက ပြန်လည် ဆွေးနွေးပြီး နိဂုံးချုပ်စကားပြောကြားသည်။
သတင်းစဉ်

No comments:

Post a Comment