Thursday, April 4, 2019

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း EFM ၏ ခေါင်းဆောင်အား လက်ခံတွေ့ဆုံ
Image may contain: 3 people, people sitting, table and indoor
နေပြည်တော် ဧပြီ ၃
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် ဥရောပသမဂ္ဂရွေးကောက်ပွဲ နောက်ဆက်တွဲ လေ့လာရေးအဖွဲ့ EFM ၏ ခေါင်းဆောင်Mr. Alexander Graf Lambsdorff နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး
ထိုသို့တွေ့ဆုံစဉ် ဥရောပသမဂ္ဂရွေးကောက်ပွဲ နောက်ဆက်တွဲလေ့လာရေး အဖွဲ့ EFM ၏ ၂၀၁၆ ခုနှစ်က တင်သွင်းခဲ့သော မြန်မာနိုင်ငံ ရွေးကောက်ပွဲ အစီရင်ခံစာနှင့် စပ်လျဉ်းသည့်ကိစ္စ၊ ရွေးကောက်ပွဲဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တက်ရောက်ခဲ့
တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment