Friday, April 26, 2019

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် People to People Connectivity Thematic Forum ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြား

Image may contain: 2 people, text

ပေကျင်း ဧပြီ ၂၅



ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဖိုရမ်သို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီ ၁၅ မိနစ်တွင် တရုတ်အမျိုးသားကွန်ဗင်းရှင်း စင်တာ၌ ကျင်းပသည့် People to People Connectivity Thematic Forum ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားသည်။
ဖိုရမ်ဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က အပြန်အလှန်ယုံကြည်နားလည်မှုအပေါ် အခြေခံထားသည့် ချစ်ကြည်ရင်းနှီး မှုသည် ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးကြီးပါကြောင်း၊ အပြန်အလှန်ယုံကြည် နားလည်မှုမရှိပါက မိမိတို့ ပူးပေါင်းဆောင်ရွက်မှုများသည် ထိရောက်မှုရှိမည်မဟုတ် ကြောင်း၊ နိုင်ငံတကာဖိုရမ်များနှင့် ညီလာခံများသည် က္ဘာကြီးအား ပိုမိုကောင်းမွန် သည့် နေရာအဖြစ် ဖန်တီးရာတွင် ဘုံရပ်တည်ချက်များရရှိရေးအတွက် အခွင့်အလမ်း များဖြစ်ပါကြောင်း၊ ပြဿနာများကို ချဉ်းကပ်ရာတွင် နည်းလမ်းများစွာရှိပြီး ချစ်ကြည် ရင်းနှီးမှုဖြင့် ပြဿနာများကို အပြုသဘောဆောင်စွာ ဖြေရှင်းနိုင်ကြောင်း၊ လူသား များ၏ ချစ်ကြည်ရင်းနှီးမှုနှင့် ပျော်ရွှင်မှုတို့ကို ဆောင်ကြဉ်းပေးသည့် အဓိကစံနှုန်း များကို မဆုံးရှုံးစေဘဲ မိမိတို့တိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများ ရှိပါကြောင်း။


တစ်ယောက်နှင့် တစ်ယောက် ယုံကြည်နားလည်မှုမရှိပါက လူတိုင်း သဟဇာတဖြစ်စွာနေထိုင်မည့် က္ဘာ့ရွာ အား တည်ဆောက်နိုင်ရန် ခဲယဉ်းပါ ကြောင်း၊ မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ တွင် ကူညီပေးကြသည့်၊ မိမိတို့နှင့်အတူ ရပ်တည်ခဲ့ကြသည့် မိတ်ဆွေများကို အခွင့်အခါသင့်ခိုက် ကျေးဇူးတင်စကား ပြောကြားလိုပါကြောင်း၊ မိမိတို့အနေဖြင့် ကြုံတွေ့ရမည့် စိန်ခေါ်မှုများ ရှိလင့်ကစား ယုံကြည်နားလည်ပေးသူများနှင့် အပြန် အလှန်လေးစားမှုကို ယုံကြည်ကြသူများ ၏ အကူအညီဖြင့် သာယာ၀ပြောရေး အတွက် ရှေ့ဆက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ စိန်ခေါ်မှုများကို ကျော်လွှားရာတွင် မိမိတို့ပြည်သူများ၏ သန္နိဋ္ဌာန်ခိုင်မာမှုနှင့် အလုပ်ကြိုးစားမှု များအပေါ်တွင်လည်း မူတည်နေပါ ကြောင်း၊ စိန်ခေါ်မှုများ မည်သို့ပင်ရှိစေ ကာမူ ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးမှုလမ်းကြောင်း အား မိမိတို့အနေဖြင့် ဆက်လက် လျှောက်လှမ်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။


တွေ့ဆုံဆွေးနွေး
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကျောက်ယုထိုင် နိုင်ငံတော် ဧည့်ဂေဟာတွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီခချန်းနှင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံ ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးအား နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားအတွက် အရှိန်မြှင့်တင် ဆောင်ရွက်ရေး၊ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်ရေး မူဘောင် အောက်မှ မြန်မာနိုင်ငံ၏ လမ်းပန်း ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ဆိုင်ရာ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားရေး၊ မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၁၀၀၀၀၀ အား တရုတ်နိုင်ငံ သို့ တင်သွင်းခွင့်ခွဲတမ်းအား ဆက်လက် ပေးအပ်ရေးနှင့် မြန်မာနိုင်ငံမှ လယ်ယာ ထွက်ကုန်ပစ္စည်းများနှင့် မွေးမြူရေးထွက် ကုန်များအနာဂတ်တွင် ပိုမိုဝယ်ယူနိုင်ရေး အတွက် ညှိနှိုင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသတွင် ငြိမ်းချမ်းရေး နှင့် တည်ငြိမ်အေးချမ်းမှုရရှိရေး၊ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ တိုးမြှင့်နိုင်ရေး အတွက် နယ်စပ်ဒေသများတွင် တရားမဝင်ကုန်သွယ်မှုများ ပပျောက်ရေး၊ လူကုန်ကူးမှု ကာကွယ်တားဆီးရေး အတွက် နှစ်ဖက်တာဝန်ရှိသူများအကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့်မြောက်မည့် ၂၀၂၀ ပြည့်နှစ် တွင် နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။


တက်ရောက်

တွေ့ဆုံပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်နှင့် ဦးကျော်တင်၊ ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် ဦးဆက်အောင်၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သဘောတူစာချုပ်များချုပ်ဆို
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကျောက်ယုထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ ကျင်းပသည့် မြန်မာ - တရုတ် နှစ်နိုင်ငံ သဘောတူ နားလည်မှုစာချွန်လွှာနှင့် သဘောတူစာချုပ်များချုပ်ဆိုပွဲ အခမ်း အနားသို့ တက်ရောက်သည်။
အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်နှင့် ဦးကျော်တင်၊ ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် ဦးဆက်အောင်၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။



အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီခချန်း တို့၏ ရှေ့မှောက်၌ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲမှုကော်မရှင် ဒုတိယ ဥက္ကဋ္ဌ H.E. Mr. Zhang Yong တို့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲမှု ကော်မရှင်တို့အကြား တရုတ်- မြန်မာ စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (၂၀၁၉- ၂၀၃၀) ဆိုင်ရာ နားလည်မှုစာချွန်လွှာကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Yu Jianhua တို့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တို့အကြား စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရန်အတွက် (၅)နှစ် ဖွံ့ဖြိုးမှုအစီအစဉ် ရေးဆွဲရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို လည်းကောင်း လက်မှတ်ရေးထိုး လဲလှယ်ကြပြီး
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသံအမတ်ကြီး မစ္စတာ ဟုန်လျန်တို့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ အစိုးရတို့အကြား စီးပွားရေးနှင့် နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ သဘောတူ စာချုပ်ကို အပြန်အလှန်လဲလှယ်ကြသည်။


သွားရောက်လေ့လာ
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် အဖွဲ့ဝင်များသည် Forbidden City သို့ သွားရောက်လေ့လာကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သံအမတ်ကြီး ဦးသစ်လင်းအုန်း၊ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်၊ မြန်မာ - တရုတ် နှစ်နိုင်ငံ သံရုံးများမှ တာဝန်ရှိသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် Forbidden City ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ် ရေးထိုးသည်။
ညနေပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် Central Committee of CPC , International Departmentသို့ ရောက်ရှိပြီး တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဝန်ကြီး H.E. Mr. Song Tao က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်သည်။

သတင်းစဉ်


No comments:

Post a Comment