Thursday, April 4, 2019

ရွှေမင်းဝံ အဆင့်မြင့်နှစ်ထပ်ဈေးသစ်ကြီးတည်ဆောက်မှု ၇၅ ရာခိုင်နှုန်း ပြီးစီး 
Image may contain: outdoor
စစ်ကိုင်း ဧပြီ ၃
စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက်အတွင်း အသစ် တည်ဆောက်နေသော ရွှေမင်းဝံအဆင့်မြင့် နှစ်ထပ်ဈေးသစ်ကြီးမှာ လက်ရှိတွင် ၇၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း စစ်ကိုင်းမြို့ စည်ပင်သာယာရေးကော်မတီမှ သိရ သည်။
အဆိုပါ ရွှေမင်းဝံ အဆင့်မြင့်နှစ်ထပ် ဈေးသစ်ကြီးကို ၂၀၁၈ ခုနှစ် ဇွန် ၉ ရက်က ပန္နက်တင် အခမ်းအနားပြုလုပ်ခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများကို စတင်ခဲ့ကာ လက်ရှိတွင် ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး ယခုနှစ် မေ ၁ ရက်တွင် ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားကြောင်း စစ်ကိုင်းမြို့ စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောသည်။
ယခု အသစ်ဆောက်လုပ်သည့် ရွှေမင်းဝံ အဆင့်မြင့်နှစ်ထပ်ဈေးသစ်ကြီးမှာ "ယူ" ပုံသ္ဌာန်ဖြစ်ပြီး အခန်းပေါင်း ၂၂၂ ခန်း ပါဝင်သည်။ ဆိုင်ခန်းဈေးနှုန်းများအနေဖြင့် ကျပ်သိန်း ၂၀ဝ၊ ၁၅၀၊ ၇၅ သိန်းနှင့် အမိုးပါ အကာမဲ့ ဆိုင်ခန်းတစ်ခန်းလျှင် ငွေကျပ် ၁၅ သိန်းတို့ဖြင့် ရောင်းချပေးခဲ့ကြောင်း၊ ရောင်းချ ရာတွင်လည်း လက်ရှိရောင်းချနေသည့် ဈေးသည်များကို ဦးစားပေး အရစ်ကျစနစ်ဖြင့် ရောင်းချပေးခဲ့ကြောင်း စစ်ကိုင်းမြို့ စည်ပင် သာယာရေးကော်မတီမှ သိရသည်။
ကိုမင်း(အင်းတော်)

No comments:

Post a Comment