Thursday, April 4, 2019

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ဥရောပသမဂ္ဂရွေးကောက်ပွဲ
နောက်ဆက်တွဲလေ့လာရေးအဖွဲ့ခေါင်းဆောင်အား လက်ခံတွေ့ဆုံ
Image may contain: one or more people, people sitting, people on stage, table and indoor
နေပြည်တော် ဧပြီ ၃
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် ဥရောပသမဂ္ဂ ရွေးကောက်ပွဲ နောက်ဆက်တွဲလေ့လာရေးအဖွဲ့ (EU Election Follow-up Mission, EU-EFM) ခေါင်းဆောင် Mr. Alexander Graf Lambsdorff နှင့်အဖွဲ့အား ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌရုံး ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ရွေးကောက် ပွဲများကျင်းပရာတွင် စံ (၅) ချက်ဖြင့် ဦးတည်ချက်ထား ဆောင်ရွက်လျက်ရှိမှု၊ EU-EFM ၏ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အကြံပြုချက်များနှင့် စပ်လျဉ်း၍ ကော်မရှင်ကဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့် ရွေးကောက်ပွဲများတွင် ပြည်တွင်း၊ ပြည်ပ စောင့်ကြည့်လေ့လာရေးအဖွဲ့များ ခွင့်ပြုပေးလျက်ရှိမှုတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး Mr. Alexander Graf Lambsdorff က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်နေမှု၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ အမျိုးသမီးများရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် ပါဝင်မှုမြှင့်တင်ရေး၊ မဲဆန္ဒနယ်ပြင်ပ ကြိုတင်ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်တို့နှင့်စပ်လျဉ်း၍ သိရှိလိုသည့် မေးမြန်းမှုများအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဖြေကြားသည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် EU-EFM တို့ အကြား ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းပြီး ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ သတင်းစဉ်

No comments:

Post a Comment