Tuesday, April 9, 2019

စစ်တကောင်းလေဆိပ်တွင် မှောင်ခိုသွင်းလာသည့် ရွှေချောင်း ၂၀ဝ သိမ်းဆည်းရမိ
Image may contain: food
ဒါကာ ဧပြီ ၈
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဒုတိယအကြီးဆုံး လေဆိပ်ဖြစ်သည့် ပင်လယ်ဆိပ်ကမ်းမြို့ စစ်တကောင်းလေဆိပ်တွင် အကောက်ခွန် အရာရှိများက ဧပြီ ၈ ရက် နံနက်ပိုင်းတွင် အလေးချိန် ၂၃ ကီလိုဂရမ်ရှိသည့် ရွှေချောင်း ၂၀ဝ ကို သိမ်းဆည်းရမိခဲ့ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်လေကြောင်းလိုင်းဖြစ်သည့် ဘီမန်းလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ၏ အိမ်သာခန်းအတွင်း၌ စွန့်ပစ်ထားသော ရွှေချောင်း ၂၀ဝ ရှာဖွေတွေ့ရှိရကြောင်း အကောက်ခွန်ထောက်လှမ်းရေး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းလေယာဉ်မှာ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)နိုင်ငံ ဒူဘိုင်းမြို့မှ စစ်တကောင်းမြို့သို့ ပျံသန်းလာခြင်းဖြစ်ပြီး ဧပြီ ၈ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ခန့်တွင် ဆိုက်ရောက်လာခြင်းဖြစ်သည်။
ရှာဖွေတွေ့ရှိရသည့် ရွှေချောင်းများ၏ တန်ဖိုးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံးငွေ တာကာ သန်း ၁၀ဝ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၃ သန်း)ခန့်ရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယင်းရွှေချောင်းများ သိမ်းဆည်းရမိမှုနှင့်ပတ်သက်၍ လူတစ်ဦး တစ်ယောက်မျှ ဖမ်းဆီးရမိခြင်းမရှိဟု သတင်း တွင် ဖော်ပြသည်။ ဆင်ဟွာ

No comments:

Post a Comment