Tuesday, April 9, 2019

ရုရှားရေတပ်မှ စစ်ရေယာဉ်သုံးစင်း ဖိလစ်ပိုင်သို့ အလည်အပတ်ရောက်ရှိ
Image may contain: outdoor and water
မနီလာ ဧပြီ ၈
ရုရှားရေတပ်မှ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး သင်္ဘောနှစ်စင်းဖြစ်သည့် အက်ဒမိုင်ရယ် ထရွိုင် ဗက်နှင့် အက်ဒမိုင်ရယ် ဗီနိုဂါဒေါတို့သည် ပင်လယ်ပြင်ဆီဖြည့်ရေယာဉ်ကြီး အီယာကွတ်နှင့် အတူ ငါးရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဖိလစ်ပိုင်သို့ ဧပြီ ၈ ရက်တွင် ရောက်ရှိလာကြသည်။
ယခုနှစ်အတွင်း ရုရှားရေတပ်မှ စစ်ရေယာဉ်များ ဖိလစ်ပိုင်သို့ ဒုတိယအကြိမ်အဖြစ် ချစ်ကြည် ရေးခရီးလာရောက်ခြင်းဖြစ်ပြီး ဖိလစ်ပိုင်နှင့်ရုရှားနှစ်နိုင်ငံအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု အားကောင်းစေရေး သဘောတူညီချက်အရ ရုရှားစစ်ရေယာဉ်များ ဖိလစ်ပိုင်သို့ လာရောက်ခြင်းဖြစ်သည်။
ယခုနှစ် ဇန်နဝါရီလအတွင်းက ရုရှား-ပစိဖိတ်ရေတပ်ဖွဲ့မှ အလံတင်သင်္ဘောဖြစ်သည့် ပဲ့ထိန်းဒုံးပျံတင် ခရူဇာသင်္ဘော ဗားရက်ချ်၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ရေယာဉ် အက်ဒမိုင်ရယ် ပန်တီလက်ဗ်နှင့် ပင်လယ်ပြင်အတွင်း လောင်စာဆီဖြည့်ရေယာဉ် ဘာရစ် ဘူတိုမာတို့သည် ဖိလစ်ပိုင်ဆိပ်ကမ်းသို့ ခြောက်ရက်ကြာတရားမဝင် လာရောက်ခဲ့ဖူးသည်။
ဆင်ဟွာ

No comments:

Post a Comment